Print

တင်းတိတ်တွေ ပျောက်ကင်းရအောင်

  27-Feb-2017
Preview Image

(၁) နို့ခဲကို အသုံးပြုနည်း

မျက်နှာပြင်နဲ့ အခြားတင်းတိတ်ရှိတဲ့ နေရာတွေကို နို့ခဲနဲ့အသာအယာ တို့လိမ်းပေးပါ။ခြောက်သွားတဲ့အချိန်ရောက်ရင်တော့ ရေခပ်နွေးနွေးနဲ့ သန့်စင်ဖယ်ရှားလိုက်ပါ။ဒီနည်းကို တင်းတိတ် မဖြစ်ခါစအချိန်မှာ ကုသမယ့်သူတွေ လိုက်နာပြုလုပ်ကြည့်သင့်ပါတယ်။

 

(၂) ကြက်သွန်ဥနီကို အသုံးပြုနည်း

ကြက်သွန်ဥနီအကြီးတစ်လုံးကို ထက်ခြမ်းခွဲပြီးရင် တင်းတိတ်နေရာတွေပေါ် တစ်နေ့ကိုနှစ်ကြိမ်ပွတ်တိုက်ပေးပါ။ ဒီလိုဆိုရင်တင်းတိတ်တွေကို အရောင်မှိန်လာစေရုံသာမကဘဲအသက်အရွယ်ရလာလို့ဖြစ်တဲ့ အစက်အပြောက်တွေကိုပါ လျော့ပါးလာစေနိုင်ပါလိမ့်မယ်။

 

(၃) စတော်ဘယ်ရီသီးကို အသုံးပြုနည်း 

စတော်ဘယ်ရီသီး သုံး၊ လေးလုံးကို ရေများများနဲ့ဆေးပြီးနောက် ရေအနည်းငယ်ရောပြီး ကြိတ်ချေလိုက်ပါ။ ရလာတဲ့အရည်ကို တင်းတိတ်တွေပေါ် လိမ်းပေးထားပြီး ခြောက်သွားတဲ့အခါရောက်မှ ရေနဲ့သန့်စင်ပေးပါ။ ဒီနည်းအတိုင်း သခွားသီးနဲ့ ဇီးသီးတို့နဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။ 

 

(၄) ရှောက်ရည်ကို အသုံးပြုနည်း

ရှောက်သီးဟာ အသားဖြူစေတဲ့ သဘာဝပစ္စည်းတစ်မျိုးပါပဲ။ အဲဒီအရည်ကို တင်းတိတ်နဲ့ အစက်အပြောက်တွေပေါ် ၁၅ မိနစ်လောက်ကြာအောင် လိမ်းထားပေးပါ။ ပြီးရင် ရေနဲ့ သန့်စင်ပစ်လိုက်ပါ။

 

(၅) အနီရောင်မုန်လာဥကို အသုံးပြုနည်း

အနီရောင်မုန်လာဥကို ကြိတ်ချေပြီး အရည်ပြုလုပ်ဖို့အတွက် အဝတ်ပါးစတစ်ခုထဲထည့်ပြီး ညှစ်ယူရပါမယ်။ အဲဒီအရည်ကို မျက်နှာနှင့်လည်ပင်းနေရာတစ်ဝိုက်ကိုလိမ်းပေးရမှာပါ။ အဲဒီအတိုင်း တစ်နာရီလောက်ထားပေးပြီးရင်တော့ ရေနဲ့သန့်စင်လို့ရပါပြီ။ ဒီလိုသဘာဝပစ္စည်းတွေဟာ ဘေးထွက်ဆိုးကျိုးလုံးဝမရှိဘဲ တင်းတိတ်တွေကို အမှန်တကယ်ပျောက်ကင်းစေနိုင်ပါတယ်။ 

 

အခြားနည်းများ
***************
• မုန်လာဥအရည်၊ ရှောက်ရည်နဲ့ လိမ္မော်ရည်တွေကို ဆတူရောပြီး ဒိန်ချဉ်အနည်းငယ်နဲ့
ရောကာ တင်းတိတ်တွေပေါ် လိမ်းပေးနိုင်ပါတယ်။


• စပျစ်သီးအစိမ်းခြောက်ကို ပန်းကန်လုံးထဲ လေးပုံတစ်ပုံ ကြိတ်ပြီး ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရောကာ အညိုရောင်အစက်တွေပေါ် မိနစ် ၃၀ လောက် လိမ်းထားပေးပြီးမှရေနွေးနွေးနဲ့ သန့်စင်ပေးပါ။ ပြီးရင် မျက်နှာသုတ်ပဝါနှင့် ရေခြောက်သွားအောင်သုတ်ပစ်ပါ။ အဲဒီနောက် ရှောက်ရည်ကို မျက်နှာပြင်ပေါ် ထပ်မံလိမ်းပေးပြီး ခြောက်သွားမှ ရေနဲ့ထပ်မံသန့်စင်ပေးရပါမယ်။

 

ဒီနည်းတွေနဲ့ တစ်ကြိမ်တည်း ပြုလုပ်ရင်ဖြင့်တော့ ပျောက်ကင်းမလာနိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။ ဒါ့အပြင် နောက်ထပ်ပြောလိုတာကတော့ နေပူပြင်းလွန်းတဲ့ ရာသီဥတုတွေမှာ တင်းတိတ်တွေ ပိုဆိုးလာစေနိုင်တဲ့အတွက် ဂရုတစိုက်နဲ့ ကုသမှုပိုလုပ်ပေးဖို့ လိုအပ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဧကမ္ဘာ
Health for all magazine, January 2014, Pg. 43

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18