Print

မက်ကလောင်ဖောက်ခြင်း

  27-Feb-2017
Preview Image

ကိုယ်အပူချိန် အလွန်အကျွံတက်ပြီး ဖျားလျှင် မက်ကလောင်ဟု ယူဆကြပါသည်။ အထူးသဖြင့် ကလေးငယ်များ အဖျားကြီးပြီး တက်လျှင် မက်ကလောင်ဖောက်ခြင်း အလေ့အထပြုကြသည်။ လက်ထိပ်၊ ခြေထိပ်များကို ကြိုးဖြင့် တင်းကျပ်စွာ စည်း၍ အပ် (သို့) အခြားချွန်ထက်သော အရာများဖြင့် ဖောက်သည်။ အလားတူ စအိုပတ်လည်ကိုလည်း ဖောက်ကြသည်။ ထိုသို့ဖောက်လျှင် ထွက်လာသော သွေးအရောင်မှာ ညိုညစ်နေသည်ဟုဆိုသည်။ မက်ကလောင်ဖောက်သည့် အလေ့အထကို ရှမ်း၊ ကချင်၊ ကရင်၊ ကယားစသည့် တိုင်းရင်းသားလူမျိုးများ အများဆုံးပြုလုပ်လေ့ရှိကြသည်။ မြေပြန့်ဒေသတွင် နေထိုင်သူများလည်း တချို့မက်ကလောင်ဖောက်ခြင်းကို ပြုလုပ်တတ်ကြသည်။ ခြေထိပ်၊ လက်ထိပ်နှင့် စအိုပတ်လည်ကို အပ်၊ ဆူး စသည်ဖြင့် ဖောက်၍ ညိုညစ်သောသွေးများ ဖောက်ထုတ်ခြင်းဖြင့် အဖျားကျစေနိုင်သည်။ ရောဂါပျောက်စေနိုင် သည်ဟု လက်ခံထားကြသည်။

 

ခန္ဓာကိုယ် အပူချိန် လွန်ကဲစွာတက်ပြီး အဖျားကြီးခြင်းများ အကြောင်းဇာစ်မြစ်များစွာကြောင့် ဖြစ်နိုင်သည်။ ရောဂါပိုးမွှားများ ဝင်ရောက်စွဲကပ်ခံရမှုကြောင့် အများဆုံးဖြစ်နိုင်သည်။ ရောဂါပိုးမွှားများ ပျံ့နှံ့လာသောအခါ ကိုယ်အပူချိန် အလွန်အကျွံ တက်လာနိုင်သည်။ ကလေးငယ်များသည် ကိုယ်အပူချိန်တက်ခြင်းကြောင့် `တက်´ တတ်ကြသည်။ ရောဂါဇာစ်မြစ် (ဥပမာ - ငှက်ဖျား၊ တိုက်ဖွိုက်၊ အူရောင်ငန်းဖျားရောဂါ) ဖော်ထုတ်၍ ကုသရန် အရေးပါသည်။ မက်ကလောင်ဖောက်၍ ရောဂါပျောက်မည် မဟုတ်သကဲ့သို့ ဖောက်သောပစ္စည်း အပ်၊ ဆူးတို့၏ မသန့်ရှင်းမှုကြောင့် မေးခိုင်ရောဂါကဲ့သို့ အန္တရာယ်ကြီးလှသည့် ရောဂါများပင် ထပ်ဆင့်ဝင်ရောက်လာနိုင်ပါသည်။

 

• မက်ကလောင်ဖောက်ခြင်း မပြုသင့်ပါ။


• ကိုယ်အပူချိန်ကြီး၍ တက်လျှင် ဆရာဝန်နှင့်ပြသ၍ ကုသမှု ခံယူပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့်ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18