Print

ဦးရေပြားနှင့်ဗောက်

  27-Feb-2017
Preview Image

ခြောက်သွေ့တဲ့ဦးရေပြား (သို့) ဆံပင်တွေမှာ ဗောက်ဖြစ်တတ်လေ့ ရှိပါတယ်။ ဒီလိုဖြစ်လာရင် ယခုဖော်ပြပေးမယ့် အချက်တွေကို လက်တွေ့ပြုလုပ်ကြည့်ပါ။ သက်သာပျောက်ကင်းလာတာကို တွေ့မြင်ရပါလိမ့်မယ်။ 

 

၁။ ခေါင်းလိမ်းဆီတစ်မျိုး သို့မဟုတ် အုန်းဆီကို အပူပေးပြီး ညစဉ် ဦးရေပြားကိုလိမ်းပေးပြီး နံနက်ရောက်မှ ရေနှင့်သန့်စင်ပေးပါ။ ပြီးတဲ့အခါ ဦးရေပြားကို ရှောက်ရည်၊ ဗီနီဂါရည်တို့နဲ့ ပွတ်ပေးပါ။

၂။ ဒါ့အပြင် နံနက်ရောက်လို့ ဦးရေပြားကို သန့်စင်ပြီးသွားရင် ရှောက်သီးတစ်လုံးကို အရည်ညှစ်ပြီး ဦးရေပြားနဲ့ ဆံပင်ကို ပွတ်လိမ်းပေးရပါမယ်။

၃။ ဦးရေပြားကို ဗာဒံဆီနဲ့ သံလွင်ဆီတွေကို ရောပြီးလိမ်းလို့ နှိပ်နှယ်ပေးမယ်ဆိုရင်လည်း ဗောက်တွေကို ကင်းစင်စေမှာပါ။ 

၄။ နောက်တစ်နည်းကတော့ ဒိန်ချဉ်ပါ။ ဒိန်ချဉ်ကို ရှောက်ရည်နဲ့ရောပြီး ညစဉ်ဦးရေပြားကို လိမ်းပေးမယ်ဆိုရင်လည်း သက်သာစေနိုင်ပါတယ်။

၅။ အာနိသင်ပြင်းလွန်းတဲ့ ခေါင်းလျှော်ရည်တွေက ဆံပင်သားကို ခြောက်သွေ့လာစေပါတယ်။ ဒါ့အပြင် နေလောင်ဒဏ်ခံလွန်းပါကလည်း ဆံပင်သားခြောက်သွေ့ ပျက်စီးစေတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

၆။ ရေကူးလေ့ရှိသူများကတော့ ဆံပင်ကို ခေါင်းစွပ်နဲ့ လုံအောင် စွပ်ပြီးမှ ရေကူးသင့်ပါတယ်။ ဒီလို မလုပ်ပါက ရေကန်ထဲမှာရှိတဲ့ ရေရဲ့ ကလိုရင်းဓာတ်ကြောင့် ဆံသားပျက်စီး စေနိုင်ပါတယ်။

၇။ အုန်းဆီကို အပူပေးပြီး ဦးရေပြားကို နှိပ်နှယ်ခြင်းက ဆံပင်သားကို ပျော့ပျောင်းစေပြီးဗောက်ဖြစ်ခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။

၈။ ဘီးကိုလည်း အဖျားထိပ်တွေမှာ ရော်ဘာပါဝင်တဲ့ ချပ်ကျဲကျဲ အမျိုးအစားကိုသာ ရွေးပြီး အသုံးပြုသင့်ပါတယ်။

၉။ Hair dryer ကို အမြဲအသုံးပြုလေ့ရှိရင်တော့ ဆံသားကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိအောင် ရှောင်ကြဉ်ရပါလိမ့်မယ်။

၁၀။ ပရိုတင်းဓာတ် စားသုံးမှု ပမာဏကိုလည်း တိုးမြှင့်သင့်ပါတယ်။ ဒါ့အပြင် ဂျုံ၊ ဒိန်ချဉ်၊ ပဲသီး၊ ပဲငါးပိ၊ ဥများနှင့် ပရိုတင်းဓာတ်ပါဝင်တဲ့ ငါးတွေကိုပါ မဖြစ်မနေ စားသုံးပေးရပါမယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဧကရီ
Health for all magazine, September 2015, Pg. 61

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18