Print

ထိပ်ပြောင်ခြင်း

  27-Feb-2017
Preview Image

ဆံပင်ကျွတ်ခြင်းကြောင့်ဖြစ်ရသည်။ ထိပ်ပြောင်ခြင်းအများစုသည် အမျိုးသားများတွင် အထူးသဖြင့် ဖြစ်လေ့ရှိပြီး မျိုးရိုးလည်းလိုက်တတ်သည်။ ယခုအချိန်အထိ ကုသနိုင်သော နည်းလမ်းမရှိသေးပေ။ သို့ရာတွင် ယခုအခါ ဆံပင်အသစ်များ ထပ်မံပေါက်စေနိုင်သော ဆေးအသစ် Regaine ကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းကို တစ်နေ့လျှင် (၂) ကြိမ် ဦးရေပြားတွင် ပွတ်လိမ်းပေးပါက သုံးစွဲသူ ၃၀% ခန့်တွင် ဆံပင်များထပ်ပေါက်လာသည်ကို တွေ့ရှိရသည်။ သို့သော် ၎င်းဆေးမှာ အလွန်စျေးနှုန်းမြင့်ပြီး သုံးစွဲမှုရပ်လိုက်ပါက ဆံပင်များကို တစ်ဖန်ပြန်ကျွတ်စေနိုင်သည်။ အထူးသဖြင့် လူငယ်များတွင် ပိုမိုအစွမ်းထက်ပြီး ထိပ်ပြောင်ခြင်းကာလ (၁၀) နှစ်အောက်ဖြစ်ပါမှ အသုံးဝင်နိုင်မည်။ ဆံပင်နှင့် ကိုယ်ခနွာရှိ အမွေးအမျှင်များအားလုံး ကျွတ်သောရောဂါ (Alopecia Totalis) သည် ကျား၊ မ မရွေးဖြစ်နိုင်သော်လည်း အလွန်ရှားပါးသော ရောဂါဖြစ်သည်။

 

ယခုအခါ အနောက်နိုင်ငံများတွင် ဆံပင်အစားထိုးစိုက်၍ကုသခြင်း၊ လည်ကုတ်အောက်နားရှိ ဆံပင်ပေါက်သော အရေပြားအစိတ်အပိုင်းကို ဦးခေါင်းတွင် အနည်းငယ်ချင်း အစားထိုးခြင်း စသည်တို့ဖြင့် ထိပ်ပြောင်ခြင်းကို ကုသနိုင်သော်လည်း အချိန်ယူရခြင်း၊ ငွေကုန်များခြင်း စသည့် ဆိုးကျိုးများလည်းရှိပါသည်။ ကျား၊ မ မည်သူမဆို ဖြစ်နိုင်သော အခြားရောဂါတစ်ခုမှာ Alopecia Areate ဆိုသည့် ဆံပင်အကွက်လိုက် ကျွတ်သောရောဂါပင်ဖြစ်သည်။ ၎င်းမှာ ပြင်းထန်စွာ နေမကောင်းဖြစ်ခြင်း၊ စိတ်ပူပင်စရာများခြင်းတို့ကြောင့် ဖြစ်ရပြီး လအတန်ကြာပါက နဂိုမူလအတိုင်းဆံပင်ပြန်ပေါက်လာနိုင်ပါသည်။ ဆံပင်ပြန်ပေါက်ခြင်း မြန်ဆန်အောင် ကော်တီဆုန်းပါသော လိမ်းဆေးများလိမ်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကုသမှုများပေးခြင်းတို့ကို ပြုလုပ်ပေးရပါမည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဒေါက်တာမေမိုးနွယ်
မိသားစုကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18