Print

သွေးစုနာ

  27-Feb-2017
Preview Image

ဆေးပညာဝေါဟာရတွေအရတော့ ကူးစက်နာဖြစ်စဉ်ကို ဖော်ပြရာမှာ အလွန်ရှင်းပါတယ်။ အမွှေးအမှင်တွေကနေ ပိုးဝင်သွားပြီး ရောင်ရမ်းရင် (Folliculitis) တဲ့။ အပြင်ပန်းကြည့်ရင် နီရဲကြွနေတဲ့ အဖုသေးသေးလေးတွေပေါ့။ ရှင်းရှင်းပြောရရင် အပူနာ၊ အပူဖုလို့ခေါ်တဲ့ နီနီရဲရဲအဖုငယ်ပါ။ ဒီအဆင့်ကနေ တစ်ဆင့်တက်ရရင် (Furuncle) လို့ခေါ်တဲ့ ပိုပြီးနက်၊ ပိုပြီးကြီးတဲ့ အပူဖုတွေ ဖြစ်သွားပါပြီ။ မွေးညှင်းအိတ်နဲ့ ပတ်လည်မှာ ရောင်ရမ်းတာမို့ (Perifolliculitis) လို့ ခေါ်နိုင်ပါတယ်။

 

ရဲလည်းရဲ၊ နာလည်းနာ၊ ကိုင်ကြည့်ရင် ပူလည်းပူမို့ အင်္ဂလိပ်အရပ်အခေါ်ကတော့ အဲဒီအနာကို ဘွိုင်း (Boil) တဲ့။ ပူလောင်တဲ့ သဘောပေါ့။ အရေပြားရဲ့ အလယ်လွှာအပြင် အရေပြားရဲ့ အောက်လွှာတွေအထိပါ ရောင်ရမ်းသွားတဲ့နေရာမို့ လက်နဲ့ စမ်းကြည့်ရင် အကျိတ်အခဲတွေ တွေ့ရပါတယ်။ အပေါ်ယံမျက်နှာပြင်မှာတော့ စူထွက်နေတဲ့ အပေါက်တစ်ခုတည်းသာ ရှိပါတယ်။

 

ဘယ်နေရာပေါက်သလဲ
အမွေးအမှင်ရှိတဲ့နေရာတိုင်း သွေးစုနာပေါက်နိုင်ပေမယ့် အမွေးအမှင်ထူတဲ့နေရာမှာ ပိုပြီးဖြစ်နိုင်ပါတယ်။ ဥပမာ ဂျီုင်းမှာ၊ ခြေသလုံးမှာ အနာပေါက်တာမျိုး ကြုံဖူး၊ တွေ့ဖူးကြမှာပါ။ အဲဒီလို အမွေးအမှင် ထင်ထင်ရှားရှား ရှိနေတဲ့နေရာမှာ အခုပြောတဲ့ အနာမျိုးပေါက်ခဲ့ရင်တော့
သွေးစုနာလို့ ခေါ်တာထက် မွေးကျွတ်နာလို့ ခေါ်ကြပါတယ်။ ဒါပေမဲ့ တင်ပါးတို့၊ ပေါင်တို့မှာ ပေါက်ခဲ့ရင်တော့ သွေးစုနာလို့ခေါ်တာများပါတယ်။ နေရာပေါ် မူတည်ပြီး အခေါ်အဝေါ်တွေ ပြောင်းသွားတာမျိုးပါ။ အင်္ဂလိပ်လိုကတော့ ဘယ်နေရာမှာပဲပေါက်ပေါက် ဘွိုင်း (Boil) ပါပဲ။ တကယ်တော့ သွေးစုနာဆိုတာ နေရာတကာမှာတော့ ပေါက်နိုင်တာပါ။ မျက်နှာ၊ လည်ပင်း၊ ကျော၊ လက်မောင်း စတဲ့နေရာတွေအပြင် ယုတ်စွအဆုံး နားထဲမှာတောင် ပေါက်နိုင်တာပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာဦးကျော်ကျော် 
(အရေပြားအထူးကု ဆရာဝန်ကြီး)
Arogyam magazine, December 2013, Pg. 74



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18