Print

ထိခိုက်ရှလွယ်လွန်းတဲ့ အသားအရေအမေးအဖြေ

  27-Feb-2017
Preview Image

၁။ အရေပြားတုံ့ပြန်မှုတွေ 
ယားနာအင်ပျဉ် စတာတွေလို အခံအရေပြားရောဂါတစ်ခုခု၊ အလာဂျီ စတာတွေက ကိုယ်ခနွာရောဂါ ခုခံမှုစနစ်ကို နှိုးဆွပေးပြီး မတည့်တာတွေဖြစ်တာပါ။ ခြောက်သွေ့ အက်တဲ့ အရေပြားဟာလည်း အရေပြား အာရုံဆဲလ်တွေကို မကာကွယ်နိုင်ဘဲ တုံ့ပြန်မှုတွေဖြစ်တာပါ။ နေရောင်ခြည်၊ လေတိုက်တာ၊ ပူလွန်းအေးလွန်းစတဲ့ ပတ်ဝန်းကျင်အခြေအနေတွေ အလွန်အကျွံ ထိတွေ့ခံစားရတာတွေလည်း ဒီလိုတုံ့ပြန်မှုတွေကို ပိုမိုဖြစ်စေတတ်တယ်။

 

၂။ ထိခိုက်ရှလွယ်တဲ့ အသားအရေအတွက် စမ်းသပ်စစ်ဆေးမှုများ
အင်ပျဉ်၊ တစ်ကိုယ်လုံးယားယံတာ၊ ယားနာနဲ့အလာဂျီစတာတွေ တစ်ခုခုအတွက် ဓာတ်မတည့်မှုစစ်ဆေးတဲ့ Patchtest ဆိုတာတော့ရှိတယ်။ ဒါပေမယ့် ထိခိုက်ရှလွယ်တဲ့ အသားအရေအတွက် မတည့်တာတွေက များလွန်းလို့ စမ်းသပ်စစ်ဆေးဖို့ ဆိုတာတော့ခက်တယ်။ 

 

၃။ အမျိုးသားတွေကော ထိခိုက်ရှလွယ်တဲ့ အသားအရေမျိုး ဖြစ်နိုင်လား။
အမျိုးသမီးရော၊ အမျိုးသားတွေရော အကုန်လုံးအတူတူဖြစ်နိုင်ပါတယ်။ 

 

၄။ ဆရာဝန်က ဘယ်လိုရောဂါသတ်မှတ်ပြီးကုသပါလဲ
အများစုဟာ မတည့်တာဖြစ်တာက အနည်းအကျဉ်းလောက်ပဲမို့ ဆရာဝန်နဲ့ ပြသတာရှားတယ်။ သုံးစွဲတာကို ပြောင်းသုံးလိုက်ကြတာများတယ်။ သိပ်ဆိုးတဲ့အခါ ပြန်ဖြစ်တဲ့အခါမှ ပြသကြတာများပါတယ်။ ဆရာဝန်က အရင်ဆုံးအရေပြားရောဂါရှိမရှိ ကြည့်ရှုစစ်ဆေးတယ်။ (ယားနာ၊ အင်ပျဉ်၊ အလာဂျီ) patch test အလာဂျီ စစ်ဆေးခြင်းလုပ်နိုင်တယ်။ သုံးစွဲနေတဲ့ အလှကုန်နှင့် Skin Care ပစ္စည်းတွေ သုံးစွဲနေပုံတွေကိုမေးတာ၊ ကြည့်တာ၊ မတည့်တာဖြစ်နိုင်တာကို ဖယ်ရှားခိုင်းတတ်တယ်။ ပြင်းတာကို လျော့တာနဲ့ပြောင်းသုံးခိုင်းတာ၊ သုံးစွဲပုံပြောင်းတာမျိုးတွေပါ။ လိုအပ်ရင်သောက်ဆေး စတာတွေနဲ့ပါ ကုသတတ်တယ်။

 

၅။ ထိခိုက်ရှလွယ်တဲ့ အသားအရေနဲ့ တွဲဖက်ဖြစ်တတ်တဲ့ရောဂါရှိသလား။
ကိုယ့်မှာအရေပြားရောဂါ တစ်ခုခု၊ ဝက်ခြံ၊ ထိတွေ့ယားနာ၊ အင်ပျဉ်၊ စတာမျိုးတွေရှိရင် ထိခိုက်ရှလွယ်တဲ့ အရေပြားရှိတယ်လို့ မှတ်ထားနိုင်ပါတယ်။ စိတ်ဖိစီးမှုဟာ ဝက်ခြံ၊ ယားနာ စတာမျိုးကို ဖြစ်စေတာတော့ မဟုတ်ပေမယ့် ပိုဆိုးစေတတ်တယ်။

 

၆။ အစားအသောက်ဂရုစိုက်ရင် ထိခိုက်ရှလွယ်ပြဿနာ ဖြစ်တတ် တာမျိုးပျောက်သွားနိုင် မလား။ 
အစားအသောက်ဆင်ခြင်တယ်၊ ဂရုစိုက်ရွေးချယ်စားသုံးတယ်ဆိုတာဟာ ကိုယ်ကျန်းမာရေးအတွက်ရော အရေပြားအတွက်ပါကောင်းပါတယ်။ ဒါပေမဲ့ ဘီတာမင် ဘီ အုပ်စုချို့တဲ့ရင် အသားခြောက်တာ၊ အဖတ်ကွာတာ၊ ထိခိုက်ရှလွယ်တာ၊ ပိုဆိုးတတ်တာသိထားပါ။ ဘီ အုပ်စုဟာ အသားခြောက်တာ လျော့သလို စိတ်ဖိစီးမှုကိုလည်း လျော့စေတာမို့ လုံလောက်စွာ ပါဝင်အောင်စားပါ။ ဆန်၊ ဂျုံ၊ နေကြောစေ့၊ အစေ့အဆံတွေ၊ ငါး၊ ဥ၊ အသည်း၊အဆီနဲ့နို့တွေမှာ ကြွယ်ဝစွာပါဝင် ပါတယ်။ 

 

၇။ ငယ်ငယ်ကတည်းက ထိခိုက်လွယ်တဲ့ အရေပြားရှိတဲ့ကလေးဟာ ကြီးလာရင်ပျောက် သွားမလား။
ယားနာရှိလို့ ထိခိုက်ရှလွယ်တဲ့အသားအရေရှိတဲ့ ကလေးငယ်ဟာ အသက် (၁၅) နှစ်ရောက်ရင် ကောင်းသွားဖို့ (၉၀) ရာခိုင်နှုန်းနဲ့ အပျိုလူပျိုပေါက်အရွယ်မှာ (၅၀) ရာခိုင်နှုန်းလောက် ရှိတယ်။ ဝက်ခြံလိုမျိုးကျတော့ အသက် (၃၀) လောက်မှာ အကုန်နီးပါးပျောက်သွားကြတယ်။

 

၈။ ထိခိုက်ရှလွယ်တဲ့ အသားအရေပုံစံဟာ မျိုးရိုလိုက်နိုင်သလား။
ထိခိုက်ရှလွယ်တဲ့ အသားအရေတင်မကဘူး။ တစ်ချို့သော အရေပြား ရောဂါတွေဟာ မျိုးရိုးလိုက်တတ်ပါတယ်။ အရေပြားရောဂါတချို့ဆိုတာက ဝက်ခြံ၊ ယားနာ၊ ဆိုရီရေးစစ် (psoriasis) စတာမျိုးတွေပါ။ အိမ်က ဝတ္ထုပစ္စည်း တစ်ခုခုမတည့်တာ၊ အလှကုန်နှင့် အသားအရေထိန်းသိမ်းမှု ပစ္စည်း မတည့်တာမျိုးကတော့ မျိုးရိုးမလိုက်ဘူး။ သုံးစွဲပုံနဲ့ ပါဝင်တဲ့ပစ္စည်းတွေနဲ့ ဆိုင်တယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဒေါက်တာစိုးဝင်ဦး
အရေပြားအထူးကုဆရာဝန်ကြီး

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18