Print

လူကိုကူးစေတတ်သော အရေပြားမှိုရောဂါ

  27-Feb-2017
Preview Image

Ringworm သည် အရေပြား မှိုရောဂါတစ်မျိုး ဖြစ်ပြီး ခွေးများ၊ ကြောင်များ၊ နွားများနှင့်မြင်းများမှာ ဖြစ်တတ်သည်။ ရောဂါပိုးများ၏ အမည်မှာ Trichophyton နှင့်Microsporumဟုခေါ်သော မှိုပိုးများ ဖြစ်ပါသည်။ ထိုရောဂါပိုးများသည် ပတ်ဝန်းကျင်နေရာ အနှံ့အပြား မှာ တွေ့ရှိနိုင်သော ရောဂါပိုးများဖြစ်သဖြင့် မည်သည့်နေရာမှ ကူးစက်သည်ဟု တပ်အပ် သေချာ မပြောနိုင်ပေ။ ဤအရေပြား ယားနာသည် တိရစ္ဆာန်မှ လူကို ကူးစက်နိုင်စေသည့်Zoonotic Disease တစ်ခုဖြစ်သည်။ ယားနာ၏ ပုံသဏ္ဍာန်မှာ အကွက်ဝိုင်းများအဖြစ်တွေ့မြင်ရသည်။

 

ခွေးတွေမှာ Ringworm ဖြစ်စေနိုင်တဲ့ ရောဂါပိုးက လေးမျိုးလောက်ရှိတော့ ဘယ်ပိုးကြောင့် ဖြစ်လဲဆိုတာ ခွဲခြားသိဖို့ ခက်တယ်။ ခွေးတွေမှာဖြစ်တဲ့ ရောဂါပိုးလေးမျိုးလုံးဟာ လူတွေမှာလည်း ဖြစ်တတ်တယ်´ ရောဂါပိုး သယ်ဆောင်သော အခြားတိရစ္ဆာန်များသည် မှိုပိုးပေါင်း များစွာကို သယ်ဆောင်ထားကြသော်လည်း အချို့သောမှိုပိုးများက တိရိစ္ဆာန်မျိုးရိုး တစ်ခုတည်းကိုသာ ရောဂါဖြစ်ပွားစေသည်။ လူကိုကူးစေတတ်တဲ့ Ringworm ရောဂါပိုးနာမည်က Microsporum caris လို့ခေါ်တယ်။ ဒီပိုးကို ခွေးနဲ့ကြောင်တွေကတစ်ဆင့် ကူးစက်နိုင်သည်။ တိရစ္ဆာန်ရဲ့ အရေပြား မှိုရောဂါမှာရှိတဲ့ မှိုပိုးတွေဟာ တိရိစ္ဆာန်ရဲ့ ခနွာကိုယ်ကနေ အောက်ကိုပြုတ်ကျလာတယ်။ ပြီးတော့ လူကို ကူးစက်သွားနိုင်ပါတယ်။

 

လူကိုကူးစက်ပုံက-

၁။ အရေပြား ယားနာ ဖြစ်နေသော တိရစ္ဆာန်၏ ခန္ဓာကိုယ် အသုံးအဆောင်ပစ္စည်းများကို လူက တိုက်ရိုက်ထိတွေ့မိခြင်း။

၂။ တိရစ္ဆာန်ကိုထားသော လှောင်အိမ်၊ ခြံစည်းရိုးနှင့် တိရစ္ဆာန်၏ အသုံးအဆောင်ပစ္စည်း များကို ကိုင်မိခြင်းတို့ကြောင့် ဖြစ်သည်။ 

ထိုရောဂါပိုးများသည် မသန့်ရှင်းသော ပတ်ဝန်းကျင်တွင် ကာလာကြာရှည်စွာ အသက်ရှင်သန်နေနိုင်သည်။ ရောဂါပိုးဝင်သွားချိန်မှာ ရောဂါလက္ခဏာမပြေခင်အထိ ရောဂါ ပျိုးချိန်သည် ၁၀ မှ ၁၂ ရက် အထိ ကြာမြင့်တတ်သည်။ ထို့နောက်တွင် ရောဂါလက္ခဏာဖြစ်သည့် ယားနာအကွက်များ ပေါ်လာမည်။ ရောဂါပိုးက အလယ်ကနေ ဘေးဘက်ကိုပြန့်သည်။ ဒါ့ကြောင့် ဆေးလိမ်းတဲ့အခါ ရောဂါပိုးထပ်ပြီး မပြန့်ပွားနိုင်အောင်
ဘေးနှုတ်ခမ်းသားတွေပါ လိမ်းပေးရသည်။ အနာက ကျယ်လာလေ အမွေးတွေ ကျွတ်လာလေဖြစ်သည်။ 

 

အနာ၏ပုံစံမှာ အရောင်နီမည်။ အကြေးခွံကဲ့သို့ ဖြစ်ပေါ်မည်။ အရည်အနည်းငယ် စိမ့်ပြီး စိုစွတ်နေမည်။ အက်ကွဲကြောင်းများ ဖြစ်ပေါ်မည်။ အထူးသဖြင့် ထိုနေရာသို့ ဘက်တီးရီးယားပိုးများ ထပ်မံဝင်ရောက်လျှင် ပိုမိုဆိုးရွားလာတတ်သည်။ တစ်ခါဖြစ်ဖူးရင်သူ့ရဲ့လက်သည်းမှာ ရောဂါပိုးတွေရှိနေတတ်တယ်။ ဒါကို ယားလို့ လက်သည်းနှင့်ကုတ်တဲ့အခါ အရေပြားမှာ ထပ်ပြီးအနာတွေ ဖြစ်လာတယ်။ ဒီအနာတွေဟာ ခွေးတွေ
ကြောင်တွေကို အရမ်းချစ်လို့ လက်ပွန်းတတီး ပွေ့ပိုက်နေတတ်တဲ့ ကလေးငယ်တွေမှာ ယားနာကူးစက်ရင် အနာတွေက ချက်ချင်းပြန့်သွားတတ်ပါသည်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဒေါက်တာခင်စန်းမော်
Health for all magazine, August 2016, Pg. 129-130

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18