Print

အရေပြားအတွက်ဆောင်ရန်အချက်များ

  27-Feb-2017
Preview Image

၁။ ဆေးလိပ်သောက်ခြင်းကို ရပ်ပစ်ပါ။ ဆေးလိပ်သောက်ခြင်းက အရေပြားကို ချေမွ ထားသော စက္ကူတစ်ရွက်လို တွန့်ကြောင်းများ ထင်လာစေနိုင်ပါတယ်။ အကြောင်းအရင်း ကတော့ နေရောင်ခြည်ကြောင့် အသားအရေ ပျက်စီးလျှင် ဒုတိယမြောက် အရေပြားကို ဖျက်ဆီးစေတာက ဆေးလိပ်သောက်ခြင်း ဖြစ်လို့ပါပဲ။ ဆေးလိပ်တွင်ပါသော Nicotine ဓာတ်သည် သွေးကြောများကို ကျဉ်းလာစေပြီး အရေပြားသို့ Oxygen ဓာတ်စီးဆင်းမှု ကို လျော့နည်းစေနိုင်လို့ပါပဲ။ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။

 

၂။ AHA (သို့) BHA (retional = Vitamin A ) ပါဝင်သော လိမ်းဆေးကို နေ့စဉ် အသုံးပြုပါ။ Retin-A, Tazorac လိမ်းဆေးများကို နေ့စဉ် လိမ်းပေးခြင်းက သင့်မျက်မှာမှ အရေး အကြောင်းများကို ဖျက်ပေးနိုင်စွမ်း ရှိပါတယ်။ AHA လိမ်းဆေးကလည်း အရေပြားရှိ dead skin များကို ဖယ်ရှားပေးနိုင်ရုံသာမက သင့်ကို နဂိုကထက် နုပျိုစေနိုင် မှာပါ။ ၎င်းဆေး က ချွေးပေါက်များကိုတော့ ပြန်ပြီးသေးငယ်လာစေမှာ မဟုတ်ပါဘူး။ Night Cream တွေ ကိုလည်း လိမ်းပေးဖို့ လိုအပ်ပါတယ်။ Retinoid ဆေးများ အသုံးပြုနေစဉ် အတွင်း နေရောင်ခြည်နှင့် ထိတွေ့မှုမျိုးကို တတ်နိုင်သမျှ ရှောင်ရှားပေးပါ။ သို့မဟုတ်ပါက အရေပြားကို ယခင်ကထက် နေလောင်ဒဏ်ပို၍ ခံစားရမှာ ဖြစ်ပါတယ်။

 

၃။ အရေပြားပေါင်းတင်ခြင်းကို တစ်ပတ်လျှင် တစ်ကြိမ်ပြုလုပ်ပါ။ သင့်အရေပြား အမျိုးအစားနှင့် သင့်လျော်သော နည်းစနစ်တစ်ခုကို ရွေးချယ်ပါ။ သင့်အရေပြားသည် အဆီပြန် (သို့) ပေါင်းစပ်အရေပြား အမျိုးအစားဖြစ်ပါက Glycolic (သို့) Salicycli ကိုရွေးချယ်ပါ။ အကယ်၍ Sensitive အရေပြားဖြစ်ပါမူ Microderma Brasives နည်းကို ရွေးချယ်ဖို့ လိုအပ်ပါလိမ့်မယ်။

 

၄။ Eye Cream ကို နေ့စဉ် လိမ်းပေးပါ။ မျက်လုံးများဟာ အသက်အရွယ် ကြီးရင့်ခြင်းကို ပထမဆုံး ဖော်ပြနိုင်တဲ့နေရာများ ဖြစ်လို့ပါပဲ။ မျက်ခုံးတစ်ဝိုက်ရှိ အရေပြားများဟာ သာမန်ထက်ပို၍ ပါးလွှာတဲ့အတွက် SPF 30 ပါဝင်တဲ့ Eye Cream ကို လိမ်းပေးခြင်း အားဖြင့် နေလောင်ဒဏ်မှ ကာကွယ်ပေးပါ။

 

၅။ Antioxidant များ ပါဝင်သော ဆေးများဖြစ်သည့် Heliocare Vitamins ဆေးများကို စားသုံးပေးပါ။ ထိုဆေးများကလည်း အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ရာ၌ ကြီးမားသော အထောက်အကူတစ်ခုအဖြစ် ပါဝင်နေပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဝတီ
Health for all magazine, No.108,January 2016, Pg. 56

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18