Print

ဦးရေပြားကို နှိပ်နယ်ပေးခြင်းရဲ့ အကျိုးကျေးဇူး

  27-Feb-2017
Preview Image

အဆီတွေနဲ့ ဦးရေပြားကို နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကို အားကောင်းစေပြီး ဆံပင်သားတွေကို ရှင်သန်စေနိုင်ပါတယ်။ ဒါ့အပြင် စိတ်ကိုလည်း သက်တောင့်သက်သာဖြစ်လာစေပါသေးတယ်။ ဒီလို ဦးရေပြားကို နှိပ်နယ်ပေးခြင်းရဲ့ အကျိုးတွေကတော့…

 

၁။ ဦးရေပြားကို ဆီနဲ့နှိပ်နယ်ပေးမယ်ဆိုရင် ဆံပင်ကိုပါ အစိုဓာတ်ပေးသလို ဖြစ်တဲ့အတွက် ဆံပင်သားတွေကို နူးညံ့လာစေနိုင်ပါတယ်။

 

၂။ ဦးရေပြားဟာလည်း အဆီနဲ့ ထိတွေ့ရတဲ့အတွက် အလွှာလိုက်ကွာတာနဲ့ ထိတွေ့ရတဲ့အတွက် အလွှာကွာတာနဲ့ ဦးရေပြားခြောက်တာတွေကို လုံးဝမဖြစ်စေပါဘူး။

 

၃။ စိတ်ဖိစီးမှုတွေကြောင့် လည်ပင်းနဲ့ ဦးခေါင်းပိုင်းရှိ အကြောများ တင်းမာနေထိုင်မှုကိုပြေလျော့စေပြီး သွေးလည်ပတ်မှုကို အားကောင်းပါသည်။

 

၄။ ဒါ့အပြင် နေရောင်ခြည်ဒဏ်နဲ့ ရာသီဥတုဒဏ်ကြောင့် ဆံပင်သားပျက်ဆီးတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

 

၅။ နောက်တစ်ချက်ကတော့ ဦးရေပြားကို နှိပ်နယ်မပြုပေးတဲ့ သူတစ်ယောက်ဟာ ညအိပ်ရာဝင်ချိန်မှာလည်း ကောင်းမွန်စွာ အိပ်စက်နိုင်မှာ ဖြစ်ပါတယ်။ 

 

၆။ ဦးရေပြားဟာလည်း ဆီနဲ့ထိတွေ့မှုရတဲ့အတွက် ဆံပင်ရဲ့အရင်းပိုင်းဟာလည်း သန်မာလာစေပါလိမ့်မယ်။ 

 

ဒီလိုမျိုး အကျိုးရလဒ်တွေကို ခံစားချင်ရင်တော့ အုန်းဆီစစ်စစ် သို့မဟုတ် ဗာဒံဆီစစ်စစ် သို့မဟုတ် နှမ်းဆီစစ်စစ် နှစ်သက်ရာတစ်မျိုးမျိုးကို ရေနွေးထဲမှာ ရောထည့်ပြီး ဦးရေပြားမှာ နှိပ်နယ်ပေးနိုင်ပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: Snow

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18