Print

ဝမ်းဗိုက်တွင် အဆီများစုနေတတ်သည့် အကြောင်းရင်း

  27-Feb-2017
Preview Image

သင့်ဝမ်းဗိုက်နေရာမှာ အဆီတွေစုနေရတဲ့ အကြောင်းရင်းတွေ များစွာရှိပါတယ်။ ဘယ်အကြောင်းအရာတွေက ကိုယ်နဲ့ တိုင်ဆိုင်မလဲဆိုတာကို သုံးသပ်ကြည့်ရအောင်နော်။

 

မျိုးရိုးရှိခြင်း
အဆီဆဲလ် ဖွံ့ဖြိုးမှုက သင့်မိသားစုမျိုးရိုးရာဇဝင်ပေါ်မှာလည်း အများကြီး မှီတည်နေတတ်ပါတယ်။ သင့်မိဘတွေမှာ ဒါမှမဟုတ် သင့်အဘိုး၊ အဘွားတွေမှာ ဗိုက်ပူပြီး ဝမ်းဗိုက်မှာ အဆီများတတ်တဲ့သူတွေ ရှိတယ်ဆိုရင်တော့ သင့်မှာလည်း ဖြစ်နိုင်နေပါတယ်။ ဆိုလိုတာက သင့်မိသားစုရဲ့ ခန္ဓာကိုယ်ပုံစံ အနေအထားကို ပြောင်းလဲဖို့ဆိုရာမှာ မလွယ်ကူတတ်ပါဘူး။ သင့်မိသားစုရာဇဝင်ထဲမှာ ခန္ဓာကိုယ်အချိုးအစားက ပန်းသီးပုံစံမျိုးဆိုရင်၊ သဲနာရီလို ခန္ဓာကိုယ်မျိုးကို မျှော်မှန်းနေဖို့ မလွယ်ကူပါဘူး။ အဆီက နှစ်မျိုးရှိပါတယ်။ သင့်ခန္ဓာကိုယ်တွင်း ကလီစာတွေထဲမှာရှိနေပြီး ဝမ်းဗိုက်အဆီဖြစ်နေတာမျိုးနဲ့ ဝမ်းဗိုက်နံရံက အရေပြားမှာရှိနေတဲ့ အဆီဆိုပြီး ခွဲခြားသိနိုင်ပါတယ်။ 

 

ဇီဝရုပ်ဖြစ်ပျက်မှု အားနည်းခြင်း
အသက်အရွယ် ကြီးရင့်လာချိန်မှာ ခန္ဓာရဲ့ ဇီဝရုပ်ဖြစ်စဉ်ကလည်း တဖြည်းဖြည်းနှေးလာတတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ဝမ်းဗိုက်မှာ အဆီတွေ စုလာတတ်ပါတယ်။ နောက်ထပ် ဇီဝဖြစ်စဉ်ကို အားနည်းနေစေတဲ့ အကြောင်းအရင်းတစ်ခုကတော့ သကြားများတဲ့အစားအစာနှင့် အသင့်ပြုလုပ်ထားတဲ့ အစားအစာတွေကို အစားများတာ၊ ဆော်ဒါ ပါဝင်တဲ့အချိုရည်တွေကို အသောက်များတာကြောင့် သင့်ခန္ဓာကိုယ်က ပိုမိုလောင်ကျွမ်းရပါတယ်။ ဒီအချိန်မှာ အဆီတွေ စုလာတတ်ပါတယ်။ တခြားပြဿနာတွေအနေနဲ့ နှလုံးရောဂါ၊ သိုင်းရွိုက်နဲ့ သွေးချို၊ ဆီးချိုတွေပါ ဖြစ်လာနိုင်ပါတယ်။ 

 

စိတ်ဖိစီးမှုနှင့် ဖိအားများ
စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားမှုတွေက သင့်သွေးထဲက ကော်တီဇုန်းအဆင့်ကို မြင့်မားလာစေပါတယ်။ သွေးထဲမှာ ကော်တီဇုန်းအဆင့်ကို မြင့်မားလာစေပါတယ်။ သွေးထဲမှာ ကော်တီဇုန်းတွေ မြင့်မားတာက သင့်ခန္ဓာကိုယ်ထဲမှာ အဆီတွေ စုပုံလာစေမယ့် အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။

 

ကြွက်သားလျော့ကျခြင်း
ဝမ်းဗိုက်နေရာက ကြွက်သားတွေ လျော့တွဲတာမျိုးကလည်း ဝမ်းဗိုက်ကြွက်သားတွေကို အထောက်အကူဖြစ်စေမယ့် လေ့ကျင့်ခန်း ရယူဖို့လိုပါတယ်။

 

ခန္ဓာကိုယ် နေပုံ၊ ထိုင်ပုံ မမှန်ခြင်း
ဟိုးအရင်ကတည်းက သင်နေထိုင်ခဲ့တဲ့ ပြုမူနေထိုင်ပုံကလည်း သင့်ဝမ်းဗိုက်နေရာကို ချပ်ရပ်နေစေတဲ့ပုံစံလား၊ ပိုပြီး ဗိုက်ပူစေတဲ့ပုံစံလားဆိုတာကို အဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်။ သင်က အမြဲတမ်း ခါးဆန့်ဗိုက်ရှပ်ပြီး စမတ်ကျကျနေထိုင်တတ်သူဆိုရင် အဆီတွေရှိနေရင်တောင် သင့်ဝမ်းဗိုက်နေရာမှာ စုမနေတော့ပါဘူး။

 

အထိုင်များသောဘဝ
လှုပ်ရှားမှုနည်းပြီး ထိုင်နေရတဲ့ ဘဝနေထိုင်မှုပုံစံကလည်း သင့်ဝမ်းဗိုက်နေရာမှာ အဆီပိုတွေ စုလာစေနိုင်ပါတယ်။ ဒါက တီဗီရှေ့မှာ အချိန်ကြာကြာထိုင်သူတွေ၊ ကွန်ပျူတာရှေ့မှာ အချိန်ကုန်တတ်သူတွေ၊ အမြဲထိုင်ပြီး စာရေးနေသူတွေမှာ အဖြစ်များပါတယ်။ ဒီလိုအထိုင်များတဲ့ သူတွေအနေနဲ့ ပုံမှန်လေ့ကျင့်ခန်း တစ်ခုခုကိုတော့ အချိန်ပေးပြီး လုပ်ဆောင်ဖို့လိုပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သဲသဲ
Arogyam magazine, Septmber 2015, Pg. 190



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18