Print

အသားအရေ ခြောက်သွေ့နိုင်ခြေ များသည့်အချက်များ

  27-Feb-2017
Preview Image

လူတိုင်း အသားအရေ ခြောက်သွေ့နိုင်ပေမယ့်လည်း သင်က အသက်ကြီးသူဖြစ်ရင်၊ ခြောက်သွေ့အေးမြပြီး စိုထိုင်းဆ နည်းတဲ့ရာသီဥတုမှာ နေထိုင်ရင်၊ မကြာခဏ ရေချိုး၊ ခေါင်းလျှော်ရင် အသားအရေ ခြောက်သွေ့နိုင်ခြေ ပိုများပါတယ်။

 

နောက်ဆက်တွဲ ပြဿနာများ
အသားအရေ ခြောက်သွေ့တဲ့အခါ ပြုပြင်ထိန်းသိမ်းမှု မလုပ်ရင် နောက်ဆက်တွဲ ပြဿနာတွေအနေနဲ့ အောက်ပါဝေဒနာတို့ကို ဖြစ်စေနိုင်ပါသည်။

 

နှင်းခူ -

သင့်မှာ နှင်းခူ ဖြစ်နိုင်ခြေရှိရင် အရေပြား အလွန်အမင်း ခြောက်သွေ့မှုက နှင်းခူဖြစ်အောင် ပိုမ်ိုလှုံ့ဆော်နိုင်ပါတယ်။ အရေပြား နီမြန်းတာ၊ ကွဲအက်တာနဲ့ ရောင်ရမ်းတာတို့ကိုလည်း ဖြစ်နိုင်ပါတယ်။

 

ဆံချည်မျှင်အိတ် ရောင်ရမ်းခြင်း -

ဦးရေပြား ခြောက်သွေ့မှုကြောင့် ဆံချည်မျှင်အိတ်ရောင်ရမ်းစေနိုင်ပါတယ်။

 

တစ်သျှူးရောင်ရမ်းခြင်း -

အရေပြားအောက်ခြေရှိ တစ်သျှူးတွေထဲ ဘက်တီးရီးယားပိုးဝင်မှု ဖြစ်ကာ ဘက်တီးရီးယားတွေက ပြန်ရည်ကြောစနစ်နဲ့ သွေးကြောတွေထဲ ဝင်ရောက်မှု ဖြစ်တဲ့ အခြေအနေပါ။ အရေပြား ခြောက်သွေ့သူတွေမှာ ပိုအဖြစ်များပါတယ်။

 

အသားအရေ ခြောက်သွေ့တဲ့အခါ အသားအရေနဲ့ ပုံမှန် အကာအကွယ်ပေးတဲ့ဖြစ်စဉ် ထိခိုက်သွားပြီး အရေပြား အက်ကွဲတာနဲ့ ပြတ်ရှရာတို့ ဖြစ်ပြီး သွေးထွက်ကာ ဘက်တီးရီးယားပိုး ဝင်နို်င်ခြေ များပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ် )
AROGYAM – No.256, November 2013

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18