Print

အနာကြီးရောဂါအကြောင်း သိကောင်းစရာ

  27-Feb-2017
Preview Image

အနာကြီးရောဂါမှာ ဗက်တီးရီးယားပိုးတစ်မျိုးကြောင့် ဖြစ်ရသော ရောဂါဖြစ်ပြီး ဦးနှောက်နှင့် ကျောရိုးဆစ်၏ ပြင်ပ၌ရှိသော အာရုံကြောများ၊ အရေပြား၊ မျက်စိ၊ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း၊ ကပ္ပယ်အိတ်၊ သားငံရည်အကျိတ်များ၊ အဆစ်၊ အသည်း၊ 
သရက်ရွက်နှင့် ရိုးတွင်ခြင်ဆီစသော အင်္ဂါအစိတ်အပိုင်းများ ထိခိုက်ပျက်စီးနိုင်ကြပါသည်။

 

ပိုးမွှားဗက်တီးရီးယားကြောင့် ဖြစ်ရသော ရောဂါဖြစ်သည်နှင့်အညီ ရောဂါရှိနေသူမှ အခြားသူတစ်ဦးထံသို့ ပိုးရောက်ရှိကာ ရောဂါပိုးကူးစက်နိုင်ပါသည်။ ရောဂါပိုးမှာ တစ်ဦးထံမှ အခြားတစ်ဦးထံသို့ မည်ကဲ့သို့ ရောက်ရှိသွားရသည်ကို အသေအချာ မသိရသေးသော်
လည်း ပိုးရှိသော လေကို ရှူရှိုက်မိရာမှ ကိုယ်ခန္ဓာတွင်းသို့ ပိုးဝင်ရောက်ကြသည်ဟု ဆေးပညာရှင်များ ယူဆကြပါသည်။ အနာရှိသော အရေပြား၊ ဒဏ်ရာရထားသော အရေပြားတို့မှလည်း ပိုးဝင်ရောက်နိုင်သော်လည်း အလွန်မှဖြစ်ခဲလှသည်ဟု ဆိုကြပါသည်။

 

ရောဂါပိုးရှိနေသော လေကိုရှူမိသူတိုင်း ရောဂါကူးစက်ခြင်း မခံရနိုင်ပါ။ အဘယ်ကြောင့်ဆိုရသော် ၉၅% ရာခိုင်နှုန်းခန့်သော သူတို့မှာ သဘာဝအရ ရောဂါပိုးကို ခုခံကာကွယ်နိုင်သော ကိုယ်ခံအားစနစ်ရှိကြပြီး အနည်းငယ်သော လူများ ၀.၅ ရာခိုင်နှုန်းကသာ ရောဂါရရှိသွားနိုင်ပါသည်။

 

၁။ အနာကြီးရောဂါ၏ လက္ခဏာတချို့ပြောပြပါ။

ဖြူဖျော့ဖျော့ (သို့) အနီရောင်အကွက်တစ်ကွက် (သို့) အနည်းငယ်ကို မျက်နှာပေါ်
တွင်လည်းကောင်း ကိုယ်ထည်၌သော်လည်း တွေ့ရနိုင်ပါသည်။ အကွက်တို့၏ အနားသားတို့မှာ မထင်မရှားသော်လည်းကောင်း၊ တိတိကျကျသော်လည်းကောင်း ရရှိနိုင်သည့်အပြင် အနည်းငယ်ချွေးထွက်နည်းသည်မှ ထိတွေ့သိရှိမှု နည်းနေခြင်း (သို့) လုံးဝမရှိမှုတို့ ဖြစ်နိုင်ပါ
သည်။ ထိုအကွက်ထဲတွင် အမွှေးအမှင်များ မရှိမှုကိုလည်း သတိထားပိနိုင်ပါသည်။

 

အချို့တို့တွင် မျက်ခုံးမွှေးများ အစွန်းဘက်၌ နည်းလာခြင်း၊ နားရွက်အသီးကြီးလာခြင်းတို့ကိုလည်း တွေ့နိုင်ပါသည်။ ကာလတာရှည်စွာ နှာစေးနေခြင်း၊ သွေးထွက်ခြင်းနှင့် နှာပိတ်ခြင်းတို့လည်း ဖြစ်နိုင်ပါသည်။ တစ်ကိုယ်လုံး နေရာအနှံ့အပြားမှ အဖြူရောင် (သို့)
အနီရောင်အကွက်များ ထွက်လာနိုင်ပါသည်။ နာကျင်နေသော အနီအဖုများလည်းခြေသလုံး၊ လက်မောင်းတို့၌ တွေ့ရနိုင်ပါသည်။ ရောဂါအတွက် ထိရောက်သောကာကွယ်ဆေး မရှိသေးပါ။ သို့သော် ရောဂါဖြစ်စဉ်မှာ နှေးကွေးသဖြင့် ရောဂါဖြစ်စဉ် ကုသမှုခံယူပါက မည်သည့်အင်္ဂါပျက်စီးမှုမှ မဖြစ်နိုင်ဘဲ ရောဂါပျောက်ကင်းနိုင်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာသောင်းညွှန့်ရွှေ
Health for all magazine, July 2015, Pg.40

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18