Print

ဗောက် (Dandruff)

  27-Feb-2017
Preview Image

ဦးရေပြားပေါ်က အဖြူဖတ်များ ကွာကျခြင်း၊ အန္တရာယ် မရှိ။ သို့သော်အတော်ကသိကအောက်နိုင်သည်။ အထူးသဖြင့် အရာင်ရင့်ရင့်အဝတ်အစားများ ဝတ်ဖြစ်သည့်အခါခေါင်းမှာလည်းဗောက်တဖွားဖွား၊ပခုံးပေါ်တွင်လည်း အဖြူအဖတ် အများအပြားနှင့်မတင့်တယ်။မျက်ခွံ၊နှာခေါင်း၊နဖူး အလားတူ တဆေး (ယိစ်) နှင့်တူသောမှိုပိုးတစ်မျိုး ဦးရေပြားပေါ်ရှိနေခြင်းကြောင့် ဗောက်ဖြစ်နိုင်သည်။ 

 

သို့မဟုတ် စီဗိုးရစ်ဒါမာတုက်တစ်စ်ဟုခေါ်သောဦးရေပြား အဆီပြန် ယားယံမှု့ကြောင့်လည်းဗောက်ဖြစ်နိုင်သည်။ဦးရေပြားအဆီပြန် ယားယံနာဖြစ်လှှင်လည်း ဗောက်ကဲ့သို့ပင် အရေပြားနီရဲယားယံကာ မျက်ခွံများအထိ ဗရာက်လာတတ်သေးသည်။အမျိုးသားများတွင် ပိုဗောက်ထတတ်ည်။ စိတ်ဖိစီးမှု၊ နာမကျန်းဖြစ်ခြင်းနှင့်ဆံပင်လိမ်း အလှဆီအချိူ့ကြောင့်လည်း ဗောက်ထတတ်သည်။ ကလေး၊ မွေးကင်းစ စသည့်တို့တွင် အလားတူပင် အကြေးခွံအဖတ်များ ဦးရေပြားပေါ်၌ တွေ့ရတတ်ခြင်းကိုမှု ပုခက်စား ယားနာ (Cradle cap) ဟုခေါ်တတ်ပါသည်။

 

မိမိဘာသာဆောင်ရွက်နိုင်သောကိစ္စများ
အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါက ဗောက်ပေါက်ပျောက်နိုင်သည်။ ဗောက်ဟူသည် ယခုပျောက် ၊ ခဏအကြာပြန်ဖြစ်တတ်သဖြင့် ယင်းနည်းများအတိုင်း မကြာမကြာ ဆောင်ရွက်ပေးသင့်ပါသည်။

 

• ဗောက်ပျောက် ခေါင်းလျှှော်ရည်ဖြင့် ခေါင်းလျှော်ပါ။ သို့သော် ရေနွေးနွေးဖြင့်သာ ခေါင်းလျှော်ရပါည်။ ရေနွေး ပူပူဖြင့် ခေါင်းမလျှော်သင့်ပါ။ ခေါင်းလျှော်ရည်ဖြင့်ဦးရေပြားကို ဖိသိပ်ပွတ်လျှှော်ပါ။ ခွေင်းလျှော်ရည်ကို ဦးရေပြားပေါ်တွင် သုံးမိနသ်မှငါးမိနစ်အထိ ယင်းပုံစံအတိုင်း ထားထားပါ။ ခါတိုင်းခေါင်းလျှော်သကဲ့သို့ချက်ချင်းရေဆေးမပစ်သင့်ပါ။ ပြီးမှ ရေဖြင့်ဆေးလျှော်ပစ်ပါ။


• အမှန်တကယ် ဗောက်ပျောက် သက်သာစေကာ သင့်အတွက် အဆင်ပြေ ထိရောက်သောဗောက်ပျောက်ခေါင်းလျှော်ရည်ကိုသာရွေးသုံးပါ။ ထိုသို့ သုံးကြည့်ရင်းက ဦးရေပြား နီရဲယားယံလာပါမူ ထိုခေါင်းလျှော်ရည်အသုံးပြုခြင်းကိုချက်ချင်းရပ်ကာ ဗောက်ပျောက်စေတတ်ရာ အခြားပစ္စည်း တစ်မျိုးမျိုးပါသည့် ဗောက်ပျောက် ခေါင်းလျှော်ရည်ကို ပြောင်းသုံးပါ။


• ခေါင်းလျှော်ပြီးလျှှင် အပူငွေ့မှုတ် ဆံပင်၊ ဦးရေပြားခြေက် ကိရိယာဖြင်က မမှုတ်ရ။ ဗောက်ပိုထစေနိုင်သည်။


• ဆံပင်ဖြန်းဆေးကဲ့သို့ အရက်ပြန်ပါသော အလှကုန် အသုံးမပြုရ။ ဦးရေပြားကို ခြေက်သွေ့စေသည်။ ထို့အတူ မု့စ်၊ဂျဲလ်နှင့်ဆံပင်ဆိုးဆေးများကိုလည်းမသုံးရ။ ဦးရေပြားကို လှုံ့ဆော်စေပြီး ဗောက်ပိုထစေတတ်သည်။


• မျက်ခွံ့ပေါ်တွင် ဗောက်ဖတ်များ ကျပြီး ယားယံပါက သီးခြားဆေးရှိသည်။ ယင်းဆေးကိုအသုံးပြုပါ။ (မျက်စိဆိုင်ရာဝေဒနာများ အခန်းတွင်ဖော်ပြပါမည်။

 

အိမ်သုံးဆေးများ
ဗောက်ပျောက် ခေါင်းလျှော်ရည်များ ရက်သတ္တတစ်ပတ် အတွင်း ဗောက်ဖြစ်၊
ဗောက်ထသက်သာစေနိုင်သည်။

 

အသုံးများသော အမည်များ။
Sebitar (ကျေက်မီးသွေး၊ ကတ္တရာနှင့်စလီစလစ်အက်စ် ပါသည်)
Neutrogena T/ Gel(ကျောက်မီးသွေး ပါသည်)
Nizoral dandruff Shampoo(Ketoconazole) polytar(ကျောက်မီးသွေး၊ကတ္တရာနှင့်ပိုင်ရိုသိရုန်းသွပ်ဓာတ်ပါသည်)
Fongitar(၎င်း အတိုင်း)
Selsun(ဆယ်လီနီယမ်ဆာလဖိုဒ်)
Egozite cradle cap lotion(ကလေးဆေး၊ စလီစလစ် အက်စစ်၊ကြက်ဆူစီနှင့်သံလွင်ဆီပါသည်)

 

ဆယ်လီနီယမ် ဆာလဖိုဒ်နှင့်ပိုင်ရိုသီရုန်းသွပ်ဓာတ်ပါဝင်သော ခေါင်းလျှော်ရည်များသည် ဦးရေပြားပေါ်ပေါက်တတ်သောမှိုပိုးများ ပေါက်ပွားမှုကိုဟန်တားနိုင်စွမ်းရှိပါသည်။အများအားဖြင့် ဦးရေပြားပေါ်ပေါက်တတ်လေ့ရှိသော မှိုပိုးကို သီးသန့် ချေမှုန်းနိုင်စွမ်းရှိပါသည်။ ကိတိုကိုနာဇောလ်(Ketoconazole) အခြားဆေးဖြင့် မပျောက်သော မှိုရောဂါများကို ပျောက်စေနိုင်ပါသည်။

 

ကျောက်မီးသွေး ကတ္တရာ သို့မဟုတ် ယင်းနှင့် စလီစလစ် အက်စစ် တွဲထားပါက ဦးရေပြားမှ ဗောက်ဖတ် ကွာကျမှုကို သက်သာစေနိုင်ပါသည်။ကြက်ဆူဆီ၊သံလွင်ဆီစသည်က ဆီများနှင့် စလီစလစ် အက်စစ်တါဲထားပါက ကလေးပုခက်စား ဗောက်ထယားနာများကို ပျောက်ကင်းစေနိုင်ပါသည်။

 

သတိပြုရန်
မျက်စိ ရောင်ရမ်း ကွဲပွင့်နေသော အရေပြားထဲ မဝင်စေရ။ ကလေး ဗောက်ပျောက်ခေါင်းလျှော်််ရည်ကို ဗောက်ထနေသော နေရာမှအပ နီရဲနေသော သို့မဟုတ် ဗောက်ဖတ် ကပ်မနေသော ဦးရေပြားနေရာများကို မထိတွေ့စေရ။ ကျောက်မီးသွေး ကတ္တရာပါသောခေါင်းလျှော်ရည်များကြောင့် ဆံပင်နီကြောင်ကြောင် သို့မဟုတ် မီူခိုးရောင်ဖြစ်တတ်သည်ကအပြင် ခေါင်းလျှော်ပြီး ၂၄ နာရီအတွင်းဆိုပါက ဦးရေပြားနေလောင်နိုင်ခြေရှသည်။ထို့ကြောင့် ခေါင်းလျှော်ပြီးစတွင် အအုပ်အဆောင်း မပါဘဲ နေပူထဲ မထွက်ရ။

 

အသုံးပြုပုံ
ခေါင်းလျှော်ရည်ဆါတ်၊ ပွတ်နယ်ပြီးသည့်အတိုင်း ခဏထားပါ။ ယင်းသို့
ခေတ္တစောင့်ပြီးမှ ဆံပင်ဦးရေပြားကို ဆေးကြောသန့်စင်ပါ။

 

ဘေးထွက်ဆိုးကျိုးများ
တစ်ခါတစ်ရံ ဦးရေပြား မရိုးမရွဖြစ်ကာ ပူရှိန်းယားယံတတ်သည်။

 

ဆရာဝန်နှင့်ဆက်ပြရန်
• အထက်ပါနည်းများသုံးပါလျှက် ဗောက်မပျောက်လျှင်။
• ဗောက်ပျောက်ခေါင်းလျှော် ဓာတ်မတည့်သည့်လက္ခဏာများ တာရှည်ပေါ်ပေါက်နေလျှင်။
• ဥိးရေပြား နီရဲ။ အနာဖြစ်လာကာ အနာဖေးများ ချပ်ခဲများပမာကပ်နေလျှင်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဒေါက်တာသန်းထွဋ္ဋ် ( အိမ်သားသမားတော် )



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18