Print

နွယ်ချို၏ အရေပြားနှင့်ဆံပင်အတွက် အသုံးဝင်ပုံများ

  27-Feb-2017
Preview Image

အသားအရေတောက်ပစေတယ်
အသားအရောင်ဖြူဝင်းတောက်ပစေဖို့ နွယ်ချိုကို အသုံးပြုနိုင်ပါတယ်။ ဂျုံမှုန့်၊ ကြက်ဥတို့နဲ့ မျက်နှာပေါင်းတင်ဖို့ ပြင်ဆင်ရာမှာ နွယ်ချိုမှုန့်အနည်းငယ်ထည့်ပြီး
ပေါင်းတင်ပေးပါ။ ပြီးနောက် ရေနဲ့သန့်စင်ပြီး အရေပြားအစိုဓာတ်ရရှိစေရန် သံလွင်ဆီ အနည်းငယ်လိမ်းပေးပါ။

 

အမည်းစက်တွေ ပျောက်ကင်းစေတယ်
နွယ်ချိုပါဝင်တဲ့ အလှပြင်ပစ္စည်းတွေကို ပုံမှန်သုံးစွဲပါက အမည်းစက်တွေ
ပျောက်ကင်းစေပါတယ်။ နွယ်ချိုလက်ဖက်ရည်ကို ပုံမှန်သောက်ပေးနိုင်သလို
နွယ်ချိုလက်ဖက်ရည် အအေးခံပြီး အရေပြားပေါ် တိုက်ရိုက်လိမ်းပေးနိုင် ပါတယ်။ ခြောက်အောင်ထားပြီးမှ ရေနဲ့သန့်ပေးပါ။

 

အနာကျက်မြန်စေတယ်
နွယ်ချိုလက်ဖက်ရည်ကို အအေးခံပြီး အရေပြားပြဿနာရှိတဲ့အပေါ် လိမ်းပေးပါက အနာကျက်မြန်စေ ပါတယ်။ နှင်းခူ၊ ဆိုရီယေးစစ်၊ အရေပြား
ခြောက်သွေ့တာ၊ အနီစက်ထွက်လာတာတွေအတွက် လိမ်းပေးနိုင် ပါတယ်။ နွယ်ချိုမှာ ပိုးသတ်အာနိသင်၊ ရောင်ရမ်းမှုလျော့နည်းစေတဲ့ အာနိသင်နဲ့ ယာယံမှုသက်သာစေတဲ့ အာနိသင်တွေရှိပါတယ်။ ရေဓာတ်ဖြည့်ပေးတာကြောင့် အသားအရေခြောက်သွေ့မှုမှ ကာကွယ်ပေးပါတယ် 

 

နေလောင်တာကြောင့် အရေပြားပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးတယ်
နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် အရေပြား ထိခိုက်ပျက်စီးမှု မဖြစ်အောင် နွယ်ချိုပါဝင်တဲ့ အလှပြင်ပစ္စည်းတွေကို ရွေးချယ်ဝယ် ယူပါ။ နေလောင်တာကြောင့် အရေပြားပျက်စီးနေပါက နွယ်ချိုလက်ဖက်ရည်ထဲ ကိ်ု သခွားသီးကြိတ်ချေထည့်ပြီး လိမ်းပေးပါ။

 

နွယ်ချိူထဲမှာ ကိုလင်း၊ ပရိုတင်း၊ ဗီတာမင်ဘီအုပ်စု၊ ဖလေဗိုနွိုက်၊ ဖိုက်တိုအီစထရိုဂျင် ၊ ပိုတက်စီယမ်၊ ဖော့စဖရပ်၊ အေမင်းနဲ့ မရှိမဖြစ်အဆီတွေ ပါဝင်တာကြောင့် ဦးရေပြားကျန်းမာစေပြီး ဆံသားတွေ ပျက်စီးမှုမှ ကာကွယ်ပေးပါ တယ်။ နွယ်ချိုဆေးပြားတွေကို ပုံမှန်သောက်သုံးပါက ဆံပင်ကျွတ်တာကို ကာကွယ်ပေး ပါတယ်။ ဦးရေပြားဗောက်ထတာအတွက် ခေါင်းလျှော်ပြီးတဲ့အခါ နွယ်ချိုလက်ဖက်ရည် ကို အအေးခံပြီး ဦးရေပြားပေါ် လောင်းချပါ။ ခဏလောက်ထားပြီးမှ ရေနှင့်သန့်စင်ပေးပါ။ 

 

အီဂျစ်နိုင်ငံမှာ ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက နွယ်ချိုကို ဦးရေပြား ခြောက်သွေ့တာ၊ ယားယံတာတွေအတွက် အသုံးပြုခဲ့ကြပါတယ်။ ဦးရေပြားပေါ် က မွေးညင်းအိတ်တွေကို ပွင့်စေပြီး ဦးရေပြားကို ကျန်းမာစေပါတယ်။ ဦးရေပြားပေါ်ကို အအေးခံထားတဲ့ နွယ်ချို လက်ဖက်ရည်လောင်းပြီး လက်ချောင်း ထိပ်တွေနဲ့ ညင်သာစွာ နှိပ်နယ်ပေးပါ။ နွယ်ချိုက ဦးရေပြားခြောက်သွေ့တာကို ကာကွယ်ပေးပြီး ဆံပင်သန်စွမ်း ကျန်းမာစေပါတယ်။ ဆံသားထူပြီးသန်စွမ်းစေဖို့ နွယ်ချိုလက်ဖက်ရည်သောက်သုံးတာဖြစ်စေ၊ ဦးရေပြားပေါ် တိုက်ရိုက်လိမ်းတာဖြစ်စေ၊ ပြုလုပ်ပေးနိုင်ပါတယ်။

 

ဆံပင်အရှည်မြန်လိုပါက နွယ်ချိုပါဝင်တဲ့ အလှပြင်ပစ္စည်းတွေကို ရွေးချယ် ဝယ်ယူပြီး သုံးစွဲပါ။ နွယ်ချိုထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက ဆံပင်အရှည်မြန်စေဖို့ လှုံ့ဆော်ပေးတဲ့ အာနိသင်ရှိပါတယ်။ နွယ်ချိုလက်ဖက်ရည်ကို ပုံမှန်သောက်သုံးတာ ကလည်း ဆံပင်အရှည်မြန်စေဖို့ အားပေးပါတယ်။ သိပ္ပံနည်းကျလေ့လာထားတာတွေ မရှိပေမယ့် အများစုကတော့ နွယ်ချိုက ထိပ်ပြောင်တာ မဖြစ်အောင် ကာကွယ်ပေးတယ်လို့ ယုံကြည်ကြပါတယ်။ နွယ်ချိူလက်ဖက်ရည်ထဲကို ဒန်းမှုန့်နဲ့ ဆီးဖြူသီးမှုန့် အနည်းငယ် ထည့်ပြီး ဦးရေပြာူပေါ် လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေနှင့်သန့်စင်ပြီး လျှော်နေ ကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.286, May 2016, Pg. 110-111

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18