Print

လျှာကင်ဆာ

  27-Feb-2017
Preview Image

လျှာဘေးတွင် ဖြစ်ပွားမှု ၄၇ ရာခိုင်နှုန်း ရှိပါသည်။ လျှာနောက်ဘက်တွင် ၂၀ ရာခိုင်နှုန်း၊ လျှာထိပ်တွင် ၁၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ကျန်နေရာများတွင် လျှာကင်ဆာ ဖြစ်တတ်ပါတယ်။ ဖြစ်ဖြစ်ချင်းတွင် မည်သည့် လက္ခဏာမှ မပြပါ။ ကျွဲနို့ကဲ့သို့ ထွက်နေခြင်း၊ အနာဖြစ်ခြင်း၊ အက်ကွဲရာဖြစ်ခြင်း၊ ကြမ်းပြင်ကဲ့သို့ မာခြင်း၊ စတဲ့ ပုံစံအမျိုးမျိုးနဲ့ ပြတတ်ပါသည်။ လက္ခဏာ ပြချိန်ရောက်ဖို့ ငါးလ ကြာတတ်ပါတယ်။ 

 

လက္ခဏာတွေကတော့

(က) နာကျင်ခြင်း၊ နာကျင်ရာတွင် လျှာတွင်နာသလိုလို၊ နားတွင်နာသလိုလို ဖြစ်တတ်ပါသည်။

(ခ) တံတွေးထွက်များခြင်း၊ ပိုဆိုးတဲ့ အဆင့်ရောက်လျှင် သွေးစများ ပါတတ်ခြင်း။

(ဂ) လျှာထုတ်ပြခိုင်းလျှင် ရှည်ရှည်ထုတ်မပြနိုင်ခြင်းနှင့် ကင်ဆာဖြစ်တဲ့ဘက် စောင်းထွက်ခြင်း။

(ဃ) မျိူချ၍ မရခြင်း။

(င) စကားကောင်းကောင်း မပြောနိုင်ခြင်း၊။

(စ) အနံ့ဆိုးထွက်ခြင်း။

(ဆ) လည်ပင်းကျိတ် ထွက်နေခြင်း၊။

(ဇ) အသံပြောင်းခြင်း၊ ရောဂါအမြင့်ဆုံးအဆင့် ရောက်လာလျှင် အဆုတ်ရောဂါ၊ ကင်ဆာကြောင့် လုံးဝ အစာ မစားခြင်း၊ သွေးထွက်လွန်ခြင်းနှင့် အသက်ရှူ ပိတ်ဆို့ခြင်းကြောင့် သေဆုံးရပါသည်။ 

 

လျှာကင်ဆာကတော့-

(၁) ခွဲစိတ်ကုသခြင်း
အရွယ်အစားကြီးပါက ဓာတ်ရောင်ခြည် ပေးပါသည်။ နှစ်လအတွင်း မထူးခြားပါက ခွဲစိတ်ကုသရပါသည်။ ကင်ဆာသည် မေးရိုးထဲ (2 cm) ထိရောက်နေ လျှင် မေးရိုးတစ်ခြမ်း ဖြတ်ပစ်ရပါသည်။

 

(၂) ဓာတ်ကင်ခြင်း 
လျှာအရှေ့ဘက် ၂/၃ လောက်တွင်ဖြစ်လျှင် အရွယ်အစား (1 c m) ထက်ကြီးလျှင် ဓာတ်ကင်ပါသည်။ မေးရိုးထိ ရောက်နေပြီဆိုလျှင် ဓာတ်မကင်ဘဲ ခွဲရုံပဲ လုပ်ပါသည်။ ဓာတ်ကင်လျှင် မေးရိုးပျက်စီးပြီး လွန်စွာပိုး ဝင်ရောက်ရန် လွယ်ကူပါသည်။

 

(၃) ကင်ဆာဆေး ပေးခြင်း

လျှာကိုပို့သော သွေးလွှတ်ကြောထဲ ကင်ဆာဆေး ၅ ရက်လောက် ထိုးပြီး ကုသခြင်းမျိုး ရှိပါသည်။ ရောဂါအခြေအနေ နောက်ထပ်ငါးနှစ် ဆက်၍ အသက်ရှင်ရန် ၂၅ ရာခိုင်နှုန်းသာ ရှိပါသည်။ 

 

ဒါ့ကြောင့် လျှာကင်ဆာ ဖြစ်ရတဲ့အကြောင်းတွေထဲမှာ ဆေးရွက်ကြီးပါတဲ့ ကွမ်းယာကို ပါးစောင်တွင် ပုံပြီး အိပ်ခြင်း၊ ဆေးရွက်ကြီး ပုံခြင်း၊ သွားမကောင်း၍ လျှာကို ခဏခဏ ထိုးမိပြီး အနာဖြစ်ခြင်း၊ ပူသော၊ စပ်သော အစားအစာများကို စားသောက်ခြင်း၊ ဆေးတံသောက်ခြင်း စတဲ့ အမူအကျင့်ကို ရှောင်ရှား ပြုပြင်သင့်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit: Witch Doctor 
အေးကမ္ဘာဒေါက်တာချစ်
ကျန်းမာရေး လိုတိုရှင်း စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18