Print

ကိုယ်အရေပြား ရုတ်တရက် ယားယံခြင်းနှင့် အဖုအပိန့်ထွက်ခြင်း

  27-Feb-2017
Preview Image

ကိုယ်အရေပြား ရုတ်တရက် ယားယံခြင်းနှင့် အဖုအပိန့်ထွက်ခြင်း ဖြစ်ရသည့် အကြောင်းအရင်းများမှာ မတည့်သော ထိုးဆေးများ ထိုးမိခြင်း၊ လိမ်းဆေး၊ သောက်ဆေး၊ ဆံပင်ဆိုးဆေး၊ ပန်းဝတ်မှုန်၊ ဖုန် ဓာတုဗေဒအငွေ့ စသည်တို့ကြောင့် ဖြစ်သည်။

 

လက္ခဏာများ
တွေ့ရမည့် လက္ခဏာများမှာ ရုတ်ချည်းယားယံလာခြင်း၊ အဖုအပိန့်ပေါက်ခြင်း၊ မျက်လုံးများနီရဲ၍ မျက်ရည်ယိုထွက်ခြင်း၊ နှာယိုယိုခြင်း၊ နှာချေခြင်း အသက်ရှူကြပ်ခြင်း ၊ ချောင်းဆိုးခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းသွားခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်းတို့ဖြစ်သည်။

 

ပြုစုခြင်း
၁။ လူနာကို အားပေးစကားပြောပါ။ ယခင်ဖြစ်ခဲ့ဖူးခြင်း ရှိ၊ မရှိမေးမြန်းပါ။
၂။ လူနာကို ယခင်သောက်နေကျ ဆေးဝါးများသောက်ရန် အကူအညီပေးရမည်။
၃။ ဆရာဝန်ထံရောက်သည့်အခါ ရောဂါလက္ခဏာကို ပီပြင်စွာလေ့လာနိုင်ရန် မလိုအပ်သော ဆေးဝါးများလိမ်းခြင်း မပြုလုပ်ပါရန်။
၄။ ဆေးရုံသို့ပို့ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်မှ ကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18