Print

အပူဖု (မိတ်ဖု) ပေါက်ခြင်း

  27-Feb-2017
Preview Image

 

မျက်နှာ၊ လည်ပင်း၊ ပုခုံး၊ တံတောင်ဆစ်ကွေး၊ တံကောက်ကွေး၊ ပေါင်ခြံစ တဲ့ ချွေးများများထွက်တဲ့ နေရာတွေမှာ အနီရောင်ဖုလေးတွေ အပြင်လိုက်ပေါက်ခြင်းကို မိတ်ဖု (အပူဖု) ပေါက်ခြင်းလို့ ခေါ်ပါတယ်။ 

 

ကလေးငယ်များရဲ့ ချွေးဂလင်းများကြီးထွားဖွံ့ဖြိုးမှုဟာ အရေပြားကို အပူချိန် ထိန်းသိမ်းပေးရာမှာ ဟန်ချက်ညီညီ မရှိသေးတာမို့ အပူဖုလေးများ ထွက်လာခြင်းဖြစ်ပြီး ကလေးငယ်တိုင်းလိုလို ခံစားရတတ်ပါတယ်။ အပူဖုပေါက်ခြင်းဟာ နေရောင် နဲ့ တွေ့ထိခြင်းကြောင့် ခံစားရတာမဟုတ်ပါဘူး။ ဒါပေမဲ့ပူတဲ့အချိန်မှာ ပေါက်လေ့ရှိပြီး ချွေးများများထွက်လာလေ့ရှိပါတယ်။

 

၁။ အရေးကြီးပါသလား။

အရေးကြီးလေ့မရှိပါဘူး။

 

တွေ့ရသောရောဂါလက္ခဏာများ
• မျက်နှာ၊ လည်ပင်း၊ ပခုံး၊ ပေါင်ခြံ၊ တံတောင်ဆစ်ကွေး၊ တံကောက်ကွေး စတဲ့နေရာတွေ မှာ အနီရောင် ဖုငယ်လေးတွေ အပြင်လိုက်ဖြစ်ပေါ်ခြင်း။
• ကလေးပူအိုက်နေပုံရပြီး၊ အရေပြားအဖတ်များကွာခြင်း

 

သင်ပထမဆုံးဘာလုပ်ပေးသင့်သလဲ
၁။ သင့်ကလေးရဲ့ ဝတ်ထားတာတွေကို အရင်ကြည့်ပါ။ အဝတ်တွေအထပ်ထပ် မဝတ်ထားပါနှင့်။ 
၂။ ရေဘုံဘိုင်မှကျလာတဲ့ ရေအေးနဲ့ ရေချိုးပေးပါ။ ပြီးရင် ကိုယ်မှာစိုနေတဲ့ ရေစက် များကိုသာ အသာတို့ပြီး သုတ်ပေးပါ။ ကျန်တဲ့ရေစို အသားအရေကိုတော့ ရေငွေ့ပျံတဲ့ နည်းနဲ့သာခြောက်ပါစေ၊ အသားအရေ အေးသွားပါလိမ့်မယ်။

 

ဆရာဝန်နဲ့ပြသဖို့လိုပါသလား
ဆရာဝန်နဲ ့ပြသဖို့မလိုပါဘူး။ ကလေးအသားအရေ အေးသွားအောင် လုပ်ပေးပြီးနောက် (၁၂) နာရီကြာတဲ့အထိ အပူဖုများ မပျောက်သေးရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ သင့်ပါတယ်။

 

ဆရာဝန်ကဘာလုပ်ပေးမှာလဲ
ကလေးမှာဖြစ်နေတဲ့ အပူဖု (မိတ်ဖု) များကို အခြားအရေပြားမှာဖြစ်တတ် တဲ့ ရောဂါများနှင့် ခွဲခြားကြည့်ပေးပါလိမ့်မယ်။ မိတ်ဖုဆိုတာ သေချာရင်တော့ ချွေး စုပ်စေတဲ့ချည်ထည်လေးများသာ ကလေးကို ဝတ်ပေးဖို့ သင့်ကိုအကြံပေးပါလိမ့်မယ်။

 

သင်ဘာလုပ်ပေးနိုင်မလဲ
• ကလေးကို ပူလောင်ပြီး လှောင်နေတဲ့ အခန်းထဲမှာ မထားပါနဲ့၊ လေဝင်လေထွက် ရှိအောင် ပြူတင်းတံခါးတွေဖွင့်ထားပေးပါ။
• ပူအိုက်တဲ့အချိန်မှာ အဝတ်ကို အထပ်ထပ်ထူထူထဲထဲ ဝတ်မပေးပါနဲ့၊ အောက်မှာ ချည်ထည် အဝတ်တစ်ထပ်ခံပြီး ဝတ်ရပါမယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမာမာဆွေ
ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော် စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18