Print

ကြာဆူး

  25-Feb-2017
Preview Image

ကြာဆူး
ကြာဆူးပေါက်တာ မဆန်းပါဘူး။ ကလေး၊ လူကြီးပေါက်နိုင်တာမို့ပါ။ ဒါပေမဲ့ ကလေးတွေနဲ့ လူငယ်လူရွယ်တွေမှာ ပိုပြီး တွေ့ရတတ်ပါတယ်။ အရေပြားရဲ့ အပေါ်ဆုံးအလွှာမှာ ကလာပ်စည်းတွေပဲ ရှိတာပါ။ ဒီကလာပ်စည်း အသေတွေဟာ သဘာဝအတိုင်းကြာတော့ အရေပြားပေါ်ကနေ ကွာကျသွားရပါတယ်။ ဒါပေမဲ့ ကွာမကျဘဲ မွေးညင်းပေါက်မှာ စုပြုံ တွယ်ကပ်နေရင်တော့ ကြာဆူးလို့ ခေါ်ကြတဲ့ ခပ်ကြမ်းကြမ်း အဖုသေးသေးလေးတွေ ဖြစ်သွားရတော့တာပါပဲ။ 

 

ဘယ်နေရာမှာ ပေါက်သလဲ
အများသိကြတဲ့အတိုင်း လက်မောင်းရင်း အပြင်ဘက်မှာတော့ အတွေ့ အများဆုံးပါ။ ဒုတိယ အတွေ့များတာကတော့ ပေါင် အရှေ့ဘက်ခြမ်းမှာပါ။ တချို့ကျတော့ မျက်နှာ၊ လက်ဖျံ၊ ခြေသလုံးတင်မက တင်ပါးတို့၊ ကျောအပေါ်ပိုင်းတို့မှာတောင် ပေါက်ပါတယ်။ ရှားရှားပါးပါး မျက်ခုံး၊ မျက်နှာနှင့် ခေါင်းမှာတောင် ပေါက်တဲ့ ကြာဆူးမျိုးလည်း ရှိပါတယ်။ အဲဒီနေရာမှာ အတွေ့နည်းလေတော့ ဆရာဝန်ရော၊ ကာယကံရှင်ပါ ကြာဆူးလို့ မထင်မိဘဲ တခြားရောဂါတွေနဲ့ တခြားရောဂါတွေနဲ့ မှားသွားတတ်ပါတယ်။ ဥပမာ မျက်နှာမှာ ကြာဆူးပေါက်ရင် ဝက်ခြံနဲ့ လွဲနိုင်တာပေါ့။ ခေါင်းထဲမှာဆိုရင် မိတ်ဖုလေးတွေလားပေါ့။ မှားချင်စရာပါ။

 

ကြာဆူး ဘယ်တော့ပျောက်မှာလဲ
ကြာဆူးဆိုတဲ့အတိုင်းပဲ ကြာကြာထွက်နေတဲ့ ဆူးလေးတွေပါ။ ငယ်ငယ် ကပေါက်တဲ့ ကြာဆူးဟာ အသက် ၂၅-၃၀ နှစ်လောက်မှ သူ့အလိုလို ပျောက်သွား တတ်ပါတယ်။ ဘယ်လိုအရွယ်မှာပဲ ပေါက်ပေါက် နှစ်တွေ ကြာလာရင် တဖြည်းဖြည်း မှိန်သွားတော့တာပါ။ တချို့ကျတော့ ပေါက်လိုက်၊ ပျောက်လိုက်၊ ပြန်ပေါက်လိုက်နဲ့ လည်နေတာမျိုးပါ။ ပူတဲ့နွေကာလမှာ ကြာဆူးတွေက သက်သာပြီး အေးတဲ့၊ အသားခြောက်တဲ့ ဆောင်းရောက်ရင် သတိထားပေါ့။ အသားခြောက်လေ၊ ကြာဆူးတွေ ထွက်လေမို့ပါ။ ယားလည်း မယား၊ နာလည်း ာမနာ၊ ကူးလည်း မကူးပေမယ့် လူမြင်သူမြင် လက်မောင်းမှာ ပေါက်နေတော့ တချို့ကလည်း ရှိကြပါတယ်။ အကျီင်္အတိုအပြတ် မဝတ်ရဲကြတော့ပါဘူး။ ကြာဆူးပေါက်တာကို ဆရာဝန်ဆီ မပြဘဲ ကိုယ့်ဘာသာကိုယ် ငါးကြီးဆီ ဝယ်သောက်တာမျိုးလည်း လုပ်တတ်ကြပါတယ်။ မသက်သာတော့မှ ဆေးခန်း သွားကြတာပါ။

 

သက်သာစေသော နည်းလမ်းကောင်း
အသားခြောက်စေတဲ့ ကိစ္စတွေ ရှောင်ရမှာပါ။ အထူးသဖြင့် ဆပ်ပြာအပြင်း စားတွေနဲ့ ရေမချိုးပါနဲ့။ ဆပ်ပြာ မဟုတ်တဲ့ ဆပ်ပြာ (Non soapy soap) ကို သုံးပါ။ ဒါမှမဟုတ် ဆပ်ပြာ အပျော့စားပဲ သုံးပါ။ ရေချိုးတုန်းမှာ ကြေးတွန်းကျောက်ခဲနဲ့ အသာ အယာ ပွတ်တိုက်ပေးပါ။ ရေချိုးပြီးစမှာ ယူရီးယားခရင်မ် (Urea Cream) လိမ်းပေးပါ။ ဆယ်လီစစ်လစ် အက်စစ် (Salicylic Acid) ဒါမှမဟုတ် အယ်လ်ဖာဟိုက်ဒရောက်ဆီ အက်ဆစ် (Alphahydroxy Acids) ပါတဲ့ မွိုက်ချာရိုက်ဇာ (Moisture)တွလည်း သုံးနိုင်ပါတယ်။ အိပ်ရာဝင်မှာတော့ ဗီတာမင်အေပါတဲ့ လိမ်းဆေးခရင်မ်တွေ လိမ်းပေးရင်လည်း သိသိသာသာ သက်သာစေပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာဦးကျော်ကျော်
(အရေပြားအထူးကုဆရာဝန်)
Arogyam magazine, October 2015, No.279,Pg. 86-87

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18