Print

မိတ်ကပ် အလှကုန်ကြောင့် ဓာတ်မတည့် ဝေဒနာ ခံစားရခြင်း

  25-Feb-2017
Preview Image

မိတ်ကပ် အလှကုန်ကြောင့် ဓာတ်မတည့် ဝေဒနာ ခံစားရခြင်း
မိတ်ကပ် အလှကုန် တစ်ခုခုကြောင့် ဓာတ်မတည့် လက္ခဏာ ဖြစ်ပေါ်ခံစားရပြီဆိုရင် အသုံးပြုနေတဲ့ မိတ်ကပ် အလှကုန်ကို ဆက်လက်မသုံးဘဲ ရပ်ထားလိုက်ပါ။

- လိမ်းခြယ်ထားသော မိတ်ကပ်များကို ရေများများသုံးပြီး ချက်ချင်း ဆေးကြောပစ်ပါ။

- ထိုသို့ဆေးကြောရာတွင် အရေပြားကို ပွတ်တိုက်ခြင်း မပြုပါနှင့်။ မျက်နှာ သန့်စင်ပြီးသော အခါ တိုနာ သုံးစွဲခြင်း မပြုပါနှင့်။

- အရေပြား ရောင်ရမ်းခြင်းဖြစ်ပါက ရေခဲကပ်ခြင်း၊ ရေနွေးဖြင့် ဆေးကြောခြင်း မပြုပါနှင့်။

- မျက်နှာကို နူးည့ံသော ချည်သားပဝါဖြင့် သုတ်ပေးပါ။ ဂွမ်းဖတ်ကို မသုံးပါနှင့်။

- မျက်နှာ ရောင်ရမ်းယားယံခြင်း သက်သာစေရန်အတွက် စတီးရွိုက်ပါသော ခရင်(မ်) များ လိမ်းခြယ်ခြင်း မပြုပါနှင့်။ ဒီလိမ်းဆေးတွေက ရောဂါ လက္ခဏာကို ယာယီ သက်သာစေပြီး နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အရေပြားတစ်သျှူးတွေကို အားနည်းစေတတ်ပါတယ်။

- ဓာတ်မတည့် လက္ခဏာ တဖြည်းဖြည်း လျော့ပါးသွားပြီးနောက်မှာ သဘာဝ အခြေခံ အစိုဓာတ် ထိန်းဆေးနဲ့ မျက်နှာလိမ်းခရင်(မ်) အေးအေးလေးတွေကို လိမ်းပေးနိုင်ပါတယ်။

- ဓာတ်မတည့် လက္ခဏာ ခံစားရပြီး ရက်အနည်းငယ် ကြာတဲ့အထိ မိတ်ကပ်နှင့် အလှကုန်ပစ္စည်းများကို ထိတွေ့ လိမ်းခြယ်ခြင်းကို ရှောင်ပါ။ နေရောင်အောက်ထွက်တဲ့ အခါမျိုးမှာ နေရောင်ကာခရင်(မ်) လိမ်းမယ်ဆိုရင်တောင် Mineral Filters ပါတဲ့ နေရောင် ကာ ခရင်(မ်) မျိုးကိုသာ လိမ်းခြယ်ပါ။

- ဓာတ်မတည့် ယားယံခြင်း သက်သာလျော့ပါးအောင် Antihistamine ခေါ် ဓာတ်မတည့် ကု ဆေးဝါး တစ်မျိုးမျိုးကို မှီဝဲသောက်သုံးနိုင်ပါတယ်။ မိမိဘာသာ တစ်ဦးတည်း ကြိတ်မှိတ်ဖြေရှင်းခြင်းထက် သိကျွမ်းနားလည်တဲ့ အရေပြားအထူးကု ဆရာဝန်တွေနဲ့ အမြန် ပြသဆွေးနွေးပြီး ကုသမှု ခံယူပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သွန်းသော်တာ (B.N.Sc)
Ziwaka magazine, August 2015, Pg.76-77

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18