Print

Scabies (ဝဲရောဂါ)

  25-Feb-2017
Preview Image

Scabies (ဝဲရောဂါ)
ဝဲရောဂါ ဆိုသည်မှာ Sarcoptes scabiei ကြောင့် ဖြစ်သော ကူးစက်တတ်သော အရေပြား ရောဂါတစ်မျိုး ဖြစ်သည်။ Sarcoptes scabiei အကောင်လေးများသည် ပါးစပ်နှင် ့ရှေ ့ခြေထောက်ကို အသုံးပြုကာ အရေပြား၏ အပြင်ဆုံးအလွှာ ထဲသို ့ဝင်လာပြီး ဥများ ပေါက်ခဲ ့ကာ ၃-၄ရက် ကြာသောအခါ အရေပြားထဲသို ့ဝင်လာပြီး အကောင် များ ဖြစ်လာကြသည်။

 

လက္ခဏာများ
- ယားယံခြင်း - ညဘက်မှာ ပိုပြီး ယားယံတတ်သည်။ မယားယံခင် ၄ပတ်မှ ၆ ပတ်အထိ ကြာတတပြီး အရင်တစ်ကြိမ် ဖြစ်ဖူးပါက ၁ရက် ၂ရက် အတွင်း ယားတတ်သည်။
- အနီစက်များ ပေါ်လာခြင်း - ခန္ဓာကိုယ် အနှံ ့တွင် ပေါ်တတ်ပြီး 1cm ခန် ့ရှိတတ်သည်။

ဝဲ အဖြစ်များသော နေရာများမှာ -
လက်ကြား၊ ခြေကြား၊ လက်ဖဝါး၊ လက်ကောက်ဝတ်၊ တံတောင်၊ အမျိုးသမီးများတွင်
နို့ သီးခေါင်း တစ်ဝိုက်နှင် ့အမျိုးသားများတွင် လိင်အင်္ဂါဝန်းကျင် နေရာများ ဖြစ်သည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
ဝဲဖြစ်ပွားရသော အကြောင်းရင်းမှာ Sarcoptes scabiei ဟုခေါ်သော ကပ်ပါးကောင် တစ်မျိုးကြောင့် ဖြစ်သည်။ အောက်ပါ အခြင်းအရာများဖြင့် လူတစ်ဦးမှ တစ်ဦး သို ့ ဝဲရောဂါ ကူးစက်စေနိုင်သည်။
- ရောဂါပိုးရှိသူ၏ လက်ကို ကြာရှည်စွာ ကိုင်မိခြင်း
- ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံမိခြင်း
- ရောဂါပိုးရှိသူနှင့် အဝတ်အထည်၊ မျက်နှာသုတ်ပုဝါနှင့် အိပ်ရာခင်းများ အတူသုံးမိခြင်း တို ့ဖြစ်သည်။

 

နောက်ဆက်တွဲ ပြဿနာများ
၁။ ဝဲမှတစ်ဆင့် ပိုးဝင်ရောက်နိုင်ခြင်း - ကုတ်ခြင်းကြောင့် အရေပြားပေါက်ပြဲကာ ထိုမှတစ်ဆင့် ဘက်တီးရီးယားပိုး ဝင်ရောက်နိုင်ပြီး Impetigo ဟုခေါ်သော ရောဂါဖြစ် နိုင်သည်။ ထိုသို ့ဖြစ်ပါက Antibiotics ပဋိဇီဝဆေးများ သောက်ရန် လိုအပ်သည်။

၂။ Crusted scabies - ဝဲရောဂါထက် ပိုမိုပြင်းထန်ကာ အကောင်ပေါင်း သန်းချီ ရှိနေတတ်သည်။ ခုခံအားနည်းသော လူများ (ကလေးငယ်များ၊ Down’s syndrome, Parkinson’s disease ရှိသူများ၊ ကိုယ်ဝန်ဆောင်သည်၊ အသက်ကြီးသူများ၊ HIV/AIDS ရှိသူများ၊ စတီးရွိုက်နှင့် ကင်ဆာဆေး ကုသမှု ခံယူနေသူများ)တွင် အဖြစ်များတတ်သည်။ 

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အကယ်၍ သင့်ထံတွင် ဝဲရောဂါ ရှိသည်ဟု သံသယရှိသည်နှင့် ဆရာဝန်ထံ သွားရောက်ပြသသင့်သည်။ ဝဲရောဂါသည် ပြင်းထန်သောရောဂါ မဟုတ်သော် လည်း ဆေးကုသမှုခံယူရန် လိုအပ်သည်။

 

စစ်ဆေးမှုများ
အရေပြားကို ကြည့်၍ အကောင်ဝင်သော burrow marks နေရာလေး များ တွေ ့လျှင်သော်လည်းကောင်း၊ Ink test ဖြင့် စမ်း၍ သော်လည်းကောင်း၊ ဝဲရှိသော နေရာမှ အရေပြားကို အနည်းငယ် ခြစ်ယူ၍ အဏုကြည့် မှန်ဘီလူးအောက်တွင် အကောင်ရှိမရှိ ကြည့်၍လည်းကောင်း ဝဲရောဂါ ဟုတ်မဟုုတ် သိနို်င်သည်။

 

ကုသခြင်း
ဝဲရောဂါကို Permethrin cream နှင့် Malathion lotion များလိမ်း၍ ပျောက် ကင်းစေနိုင်သည်။ အကယ်၍ အိမ်ထောင်ဖက် တစ်ဦးတွင် ဝဲရောဂါ ရှိပါက တခြား အိမ်ထောင်ဖက်တွင်လည်း ရောဂါလက္ခဏာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကုုသမှု ခံယူရန် လိုအပ်သည်။ Crusted scabies ကိုမူ Insecticide cream နှင့် Ivermectin ဟုခေါ်သော ဆေးသောက်၍ ကုသနိုင်သည်။

ဆေးသောက်ပြီး ၁လကြာမှ ယားယံခြင်း အရှင်းပျောက်တတ်သော်လည်း လိင်အင်္ဂါ တစ်ဝိုက်တွင် ဖြစ်ပါက ထိုထက်ပို ကြာတတ်သည်။ မပျောက်ပါက ဆရာဝန်က တခြားဆေး တစ်မျိုးမျိုး ပြောင်းခြင်း၊ lotion ပြောင်းပေးခြင်းတို ့ပြုလုပ်ပေးတတ်သည်။ဆေး စသောက်သည့်နေ ့မှစ၍ အိပ်ရာခင်း၊မျက်နှာသုတ်ပုဝါ နှင့် ညဝတ်အကျင်္ ီများကို လျှော်ဖွပ် သင့်သည်။

 

ကာကွယ်ခြင်း
ဝဲရောဂါ ပြန်ဖြစ်ခြင်းနှင့် တခြားလူများအား ကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် အဝတ်အထည်များနှင့် အိပ်ရာခင်းများကို ရေပူနှင့် ဆပ်ပြာကိုသုံး၍ လျှော်ဖွပ်ခြင်းနှင့် အပူချိန်မြင့်မြင့်နှင့် အခြောက်ခံခြင်း/မလျှော်ဖြစ်သော အဝတ်များကို ပလပ်စတစ်အိတ်ထဲ တွင် ထည့်၍ ၂ပတ်ခန် ့အလုံထည့်ခြင်းဖြင့်လည်း အကောင်များ သေစေနိုင်သည်။ ဝဲရောဂါ ဖြစ်နေသောသူသည် အခြားသူများနှင့် ထိတွေ ့ခြင်း၊ လိင်ဆက်ဆံခြင်း တို့ ကို ရှောင်ကြဉ်ရန် အရေးကြီးပါသည်။

 

Paing
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: NHS Choices, UK

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18