Print

သင့်အရေပြားအကြောင်းဘယ်လိုအကဲဖြတ်မလဲ

  25-Feb-2017
Preview Image

သင့်အရေပြားအကြောင်းဘယ်လိုအကဲဖြတ်မလဲ
သင့်အရေပြားကျန်းမာမှုရှိ၊ မရှိ သိရှိနိုင်ဖို့ မနက်အိပ်ရာထ၊ မျက်နှာသစ်ပြီးတဲ့အခါ မှန်ကြည့်ပါ။ အရေပြားပေါ်အကွက်တွေ၊ အဖုအပိမ့်တွေ မရှိစေရုံသာမကဘဲ ကျန်းမာ
ကြောင်း အတည်ပြုနိုင်တဲ့ အချက်တွေရှိနေပါသေးတယ်။ 

၁။ အသားအရောင်

ညီညာသောအသားအရောင်ရှိသူက အသားဖြူသူ၊ အသားညိုသူတွေထက် ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။ ဒါတင်မကသေးဘဲ အသားအရောင် ညီညာတာက သင့်အရေပြား ကျန်းမာတယ် ဆိုတာကိုလည်း သက်သေပြပါတယ်။ 

အသားအရောင်ကို ပျက်စီးစေသည်များ -

• အနီအစက်များ၊ အမည်းစက်များ၊
• အသားအရောင်ဖျော့သော အကွက်များ၊
• မျက်ကွင်းညိုုခြင်း။

၂။ အသားအရေ

ချောမွေ့ညီညာတဲ့ အသားအရေက သင့်အရေပြားကျန်းမာ တယ်ဆိုတာကို ပြဆို ပါတယ်။ ချောမွေ့တယ်ဆိုရာမှာ မှန်သားပြင်ကဲ့သို့ ချောမွေ့ညီညာနေတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ သင့်အရေပြားပေါ်မှာ မွေးညှင်းပေါက်လေး ရှိနေတဲ့နေရာတွေဟာ အနည်းငယ်ချိုင့်ဝင်နေပြီး သူ့ဘေးတစ်ဝိုက်က အနည်းငယ်ဖောင်းသယောင် ဖြစ်နေ ပါတယ်။ မှန်မှာ အနီးကပ်ကြည့်မယ်ဆို မြင်တွေ့နိုင်ပါတယ်။

အသားအရေကိုပျက်စီးစေသည်များ-

• ပါးရေတွန့်ခြင်း၊ အမာရွတ်များရှိခြင်း
• ဝက်ခြံများရှိခြင်း
• အဖုအပိမ့်များရှိခြင်း

၃။ အာရုံခံစားမှု

ကျန်းမာတဲ့ သင့်အရေပြားမှာ ထူးခြားတဲ့ အာရုံခံစားမှုတွေကို သတိမထားမိနိုင် တာကြောင့် မသိရှိနိုင်ပါဘူး။ အရေပြားက ကျန်းမာနေတာကြောင့် အနာဘယကင်းရှင်းပြီး တခြားခံစားမှုတွေ မရှိရတာပါ။ သင့်အရေပြားသာ ကျန်းမာမှုမရှိပါက သင့်ကို 
စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ခံစားမှုတွေကို ဖြစ်ပေါ်စေပါတယ်။

အာရုံခံစားမှုဖြစ်ပေါ်စေသည်များ -

• အရေပြားယားယံခြင်း
• ပူလောင်သော ခံစားမှုခံစားရခြင်း
• တဆစ်ဆစ် စူးပြီးနာခြင်း

၄။ ရေဓာတ်

အရေပြားခြောက်သွေ့ပြီး ကွာကျမှုတွေရှိနေပါက ရေဓာတ်မပြည့်ဝမှုတွေ ရှိနေ တာကြောင့် သင့်အရေပြားက ရေဓာတ်မပြည့်ဝလို့ဆိုတာ သိနိုင်ပါတယ်။ ဆဲလ်တွေ တစ်ခုချင်းကွာကျနေတာကို မမြင်နိုင်ပေမယ့် ရေဓာတ်လိုအပ်တာကြောင့် ဆဲလ်တွေ အစုလိုက်ကွာကျမယ်ဆိုရင်တော့ သင့်မျက်စိနှင့် မြင်တွေ့နိုင်ပါတယ်။

ရေဓာတ်လိုအပ်မှုကြောင့် ဖြစ်စေသည်များ -

• အရေပြားခြောက်သွေ့ကွဲအက်ခြင်း
• အရေပြားအလွှာလိုက်ကွာကျခြင်း

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)
Good Health Journal

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18