Print

မွေးရာပါအမှတ်တွေရဲ့ လက္ခဏာတွေ

  25-Feb-2017
Preview Image

မွေးရာပါအမှတ်တွေရဲ့ လက္ခဏာတွေ
ထူးထူးခြားခြားလက္ခဏာ မရှိပါ။ အရေပြားပေါ်တွင် အရောင်ရှိသော အမှတ်များ ရှိနေခြင်းသာ ဖြစ်ပါသည်။ အမြင်တွင် မွေးရာပါအမှတ် တစ်မျိုးနှင့် တစ်မျိုးများစွာ ကွာခြား တတ်ပါသည်။ မွေးရာပါ အမှတ်များသည် 

- ပြင်ညီ (သို့) ကြွနေတတ်ပါသည်။
- အနားသတ်မှာ ညီညီညာညာ (သို့) မညီမညာ ဖြစ်နိုင်ပါသည်။
- အရောင်အမျိုးမျိုး ရှိနိုင်ပါသည်။
- ချောမွတ် (သို့) ဖုထနေနိုင်ပါသည်။
- အရောင်မှာ အနုအရင့်ရောနေနိုင်သကဲ့သို့ တစ်ရောင်တည်းလည်း ဖြစ်နိုင်ပါသည်။
- အရေပြားပေါ်တွင်သာရှိနေခြင်း ဖြစ်နိုင်သကဲ့သို့ အရေပြားအောက်ရှိ အသားမျှင်များ အတွင်းအထိ ပါရှိနေခြင်းလည်း ဖြစ်နိုင်ပါသည်။
- လျင်မြန်စွာ ကြီးထွားနေတတ်ပါသည်။ အရွယ်အစား မပြောင်းဘဲရှိနေနိုင်ပါသည်။ ကျုံ့လာပြီး အချိန်ကြာလာလျှင် ပျောက်သွားနိုင်ပါသည်။
- မွေးရာပါအမှတ် (ဆယ်လ်မွန်အမှတ်များ)
- မွေးရာပါမှဲ့များ
- ကော်ဖီရောင်အစက်များ
- Mongolian spots များ (ချောမွေ့သော အပြာရောင် (သို့) ခိုပြာရောင် မွေးရာပါ အမှတ်များ)
- သွေးကြောထုံးများ (Hemangiomas)
- Port-wine stains များ (ပန်းရောင်မှ အနီရောင်ရှိသော မွေးရာပါအမှတ်များ)

 

မွေးရာပါအမှတ်ရှိသူတွေ လုပ်သင့်တာ
မွေးရာပါအမှတ်အများစုသည် ခန္ဓာကိုယ်ကို အန္တရာယ်မပေးတတ်သော်လည်း ရှက်ခြင်းနှင့် မိမိကိုယ်မိမိ သတိထားမိနေခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ မိဘများ အနေဖြင့် မွေးရာပါအမှတ်များသည် ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ကြောင်း နားလည် လက်ခံသင့် ပါသည်။ မွေးရာပါအမှတ်ရှိနေခြင်းကို လက်မခံနိုင်ပါက တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် ပြသသင့်ပါသည်။

အောက်ပါတို့သည် သင့်ကလေး၏ ကြွတက်နေသော မွေးရာပါအမှတ်ကို အကူအညီပေးနိုင်ပါသည်။

- ကုတ်ဖဲခြင်းမှရှောင်ကြဉ်ပါ။
- အကယ်၍ သွေးကြောထုံးများသည် နာလာ၊ သွေးထွက်လာ၊ အနာဖြစ်လာပါက ထိုနေရာအား သန့်သောအဝတ်ဖြင့် ၁၀ မိနစ်ခန့်ဖိထားပြီး ဆရာဝန်နှင့် ပြသသင့်ပါသည်။
- မွေးရာပါအမှတ်များကို အနည်းငယ် ထိခိုက်မိလျှင် ပဋိဇီဝလိမ်းဆေးများ လိမ်းသင့်ပါ သည်။ ထိခိုက်မှုကြီးပါက ဆရာဝန်နှင့် ပြသသင့်ပါသည်။ 
- သွေးကြောထုံးများသည် စတင်၍ကျုံ့လာပါက အရေပြားသည် ပျော့လာပြီး ထိခိုက်လွယ် တတ်ပါသည်။ ထိုအရေပြားကို မည်သို့ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း ဆရာဝန်နှင့်
ပြသတိုင်ပင်သင့်ပါသည်။

မွေးရာပါအမှတ်များကို ခွဲစိတ်ကုသမှု (သို့) လေဆာဖြင့်ကုသမှုပြုပြီးပါက
ကုတ်ဖဲခြင်း မှရှောင်ကြဉ်ရန် ကလေး၏ လက်သည်းများကို တိုတိုညှပ်ပေးထားသင့် ပါသည်။ ခွဲစိတ်ကုသမှုပြီးပါက ရက်သတ္တပတ် အနည်းငယ် နေရောင်ထိတွေ့ခြင်း မှ ရှောင်ကြဉ်ရန် အရေးကြီးပါသည်။ ကုသမှုခံယူထားသော နေရာလုံးဝ အနာကျက် သည်အထိ နေရောင်ထဲသို့ထွက်လျှင် နေရောင်ကာဆီများ အသုံးပြုသင့်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အရေပြားရောဂါများအကြောင်းတစေ့တစောင်း စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18