Print

မိတ်ထွက်ခြင်း

  25-Feb-2017
Preview Image

မိတ်ထွက်ခြင်း
ချွေးဂလင်းများ ပိတ်ဆို ့ခြင်းကြောင့် အရေပြားတွင် ရုတ်တရက်ရောင်ရမ်း ယားယံသော အဖု ကလေးများဖြစ်လာခြင်းဖြစ်သည်။ ပူအိုက်စိုထိုင်းသောရာသီ တွင်ဖြစ်တတ်ပါသည်။

 

ဖြစ်ရသောအကြောင်းရင်းနှင့်ဖြစ်စဉ်
အရေးပြားရှိ (keratin plugs)များကချွေးထွက်များကို ပိတ်ဆို ့ခြင်းကြောင့်ဖြစ်
သည်။ ချွေးထွက်လာသောအခါ ချွေးထွက်ပြွန်သည်ပေါက်ကွဲပြီး ထွက်လာသော ချွေး ကအရေပြားတွင် မီးလောင်ဖုကဲ့သို ့ အရည်ကြည်ဖု ကလေးဖြစ်စေသည်။ Staphylococci bacteria ပိုးက ထပ်မံကူးစက်မှုဖြစ်ပွားစေပါသည်။

အကယ်၍ပိတ်ဆို ့မှုသည် အပေါ်ယံတွင်သာဖြစ်ပွားပြီး သေးငယ်သော မီးလောင်ဖု ကဲ့သို ့အနာများဖြစ်သွားပါက MiliariaCrystallina ဟုခေါ်သည်။ အတွင်းကျသောနေရာ
တွင် ရောင်ရမ်းမှုဖြစ်ပွားပါက Miliaria Rubra ဟုခေါ်ပါသည်။

 

ရောဂါလက္ခဏာများ
ကိုယ်ပေါ်နှင့်ဒူးခေါင်းခွက်၊ တံတောင့်ခွက်တို ့တွင် အနီရောင်အရည်ကြည်ဖု ကလေးများသည် အင်ပြင်သဖွယ်ပေါ်ထွက်လာခြင်း။

- အလွန်ယားယံခြင်း။
- အပူချိန်ပေါ်မှုတည်၍ကွဲပြားခြးနားမှုရှိခြင်း။
- အသားရေ များကြမ်းတမ်းခြင်း။
- အရေပြားပူစပ်ပူလောင်ဖြစ်ခြင်း။

 

ကုသမှု
၁။ ချွေးထွက်ခြင်းကိုလျော့နည်းအောင် အားစိုက်လှုပ်ရှားခြင်းနှင့် အဝတ်ထူထူဝတ်ခြင်း
ကိုရှောင်ကြဉ်ပါ။

၂။ လေအေးစက်ရှိသောအခန်းတွင်နေပါ။ (သို ့)ခြောက်သွေ ့၍အေးသောလေနှင့် ထိတွေ ့စေပါ။

၃။ Corticosteroid lotions ( တခါတရံဝ.၂၅/့ံ မင်သော်) လိမ်းပေးပါက သက်သာ
စေပါသည်။

၄။ Vitamin- C ကို သောက်ပေးနိုင်ပါသည်။

၅။ ခန္ဓာကိုယ်မှ အပူအလွန်မင်း ထုတ်လုပ်ခြင်းကိုကာကွယ်ရန် protein(အသားဓာတ်)
အပူအစပ် ၊ဟင်းခပ်အမွှေးအကြိုင်များ စားသုံးခြင်းနှင့် ဓာတု အဝတ်အထည်များ
( Synth-etic clothing)ဝတ်ဆင်ခြင်းမှရှောင်ပါ။

၆။ ညွှန်ကြားချက်မရှိသော လိမ်းဆေး လူးဆေးများသုံးစွဲခြင်းမှရှောင်ပါ။

၇။ ရေအေးပတ်အုပ်ပေးနိုင်ပါသည်။ သနပ်ခါးအေးအေးလေး လူးပေးနိုင်ပါသည်။

၈။ ကျန်းမာရေးဌာန မှထုတ်ပြန်သော အပူ ဒဏ်ကာကွယ်ရေးနှိုးဆော်ချက်ကိုလိုက်
နာပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit;ကျန်းမာရေးအတွက် ဆေးတစ်ခွက်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18