Print

မိုးရာသီနှင့် ဝဲ၊ ယားနာ

  25-Feb-2017
Preview Image

မိုးရာသီနှင့် ဝဲ၊ ယားနာ
ဝဲ၊ ယားနာ ဆိုတာ ခန္ဓာကိုယ် အရေပြားပေါ်မှာ နေရာ ဋ္ဌာန မရွေးပေါက်တတ် ပြီး ယားယံခြင်း လက္ခဏာ သိသိ သာသာ ခံစားရတဲ့ အပြင် ကုတ်ဖဲ့ နေရတတ်ပါတယ်။ ဒီအနာဟာ တစ်ဦးက တစ်ဦးကို အလွယ်တကူ ကူးစက် တတ်ပြီး လုံးဝ ပျောက်ကင်းမှု မရှိဘဲ တဝဲ လည်လည် ဖြစ်ပွား နေတတ်တဲ့ အရေပြား နာမျိုး ဖြစ်ပါတယ်။

ယေဘုယျ အားဖြင့် ဝဲ၊ ယားနာဟာ ရာသီဥတု ဖောက်ပြန် ပြောင်းလဲခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု နည်းပါး ခြင်း၊ရောဂါပိုးများ ကူးစက် ခံရခြင်း ဆိုတဲ့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်း တရားများကြောင့်ဓာတ်ကြီး ၅ ပါး ဖောက်ပြန် ပျက်စီးကာ ခန္ဓာကိုယ် အရေပြားများ ယားယံခြင်း၊ အနာများမှအရည်ထွက်ခြင်း၊ အခြား နေရာများသို့ ပျံ့နှံ့ခြင်းဖြင့် ဝဲ၊ယားနာ ဖြစ်ပွားလာ ပါတယ်။ ဝဲ၊ ယားနာဆိုရာမှာ အကျဉ်း အားဖြင့် ၂ မျိုး ခွဲခြား ထားပါတယ်။ အဲဒါကတော့ ဝဲစိုနဲ့ ဝဲခြောက်ပါ။

အရေပြားပေါ်မှာ ပြည်တည်နေပြီး အရည်စိုနေစဉ် ကာလကို အစို (ဝဲစို) လို့ သတ်မှတ်ပြီး အရည်ခြောက်ပြီး အရေပြား အရောင် မည်းနေစဉ် ကာလကို အခြောက်(ဝဲခြောက်) လို့အကြမ်းဖျင်း သတ်မှတ်ပါတယ်။

ဝဲ၊ ယားနာ (အစိုနာ)ရဲ့ ရောဂါ လက္ခဏာများမှာ ယားယံခြင်း၊အရေပြား အကြား တွင် ဖြစ်ခြင်း၊ ပြည်တည်သော အနာဖေးများ တွေ့ရခြင်း၊ အနာဖေးကိုခွာလိုက် ရင် အပေါက် အခေါင်း သဏ္ဌာန် တွေ့ရခြင်း၊ ကူးစက် တတ်ခြင်းတို့ ဖြစ်ပါတယ်။

ဝဲ၊ယားနာ (အခြောက်နာ) ကတော့ ယားယံခြင်း၊ အရေပြား အကြားတွင် ဖြစ်ခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ အရေပြား အရောင် မည်းခြင်း၊ ကူးစက် တတ်ခြင်း တို့ဖြစ်ပါတယ်။ ဝဲ၊ ယားနာကုသရာမှာ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အမြဲ ဂရုစိုက်ဖို့ အရေးကြီး ပါတယ်။

ဆီး၊ ဝမ်း၊ သွေး၊လေ မှန်ကန်အောင် ဂရုစိုက် ရပါမယ်။ ဓာတ်စာ အနေနဲ့ အေး-ခါး အရသာရှိတဲ့ အစားအစာများကျွေးရပါမယ်။ အေး-ချိုဆိမ့်အစားအစာများကို ရှောင်ရပါမယ်။ မသန့်ရှင်းတဲ့ မြေ၊ ရေ၊ လေ၊နေရာ ထိုင်ခင်း အထိအတွေ့ကို ရှောင်ကြဉ် ရပါ မယ်။ မကောင်းတဲ့ အနံ့အသက်၊ အညှော် တို့ကိုအထူး ရှောင်ရပါ မယ်။

ဝဲ၊ ယားနာဟာ ဆေး ဘယ်လိုပဲ သောက်နေပေမယ့် တစ်ကိုယ်ရေ သန့်ရှင်းမှု ဂရုမစိုက်ရင်၊ မကောင်းတဲ့ အနံ့အသက်တို့၊ အညှော်တို့ ရှောင်ကြဉ်ခြင်း မရှိရင် မသက်သာဘဲ ပိုမိုဆိုးဝါးတတ်တာ တွေ့ရတတ်တာမို့ မပေါ့ဆ သင့်ပါဘူး။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit ;
ဆေးလောက



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18