Print

Oral Thrush (လျှာတွင် မှက်ခရုပေါက်ခြင်း)

  25-Feb-2017
Preview Image

Oral Thrush (လျှာတွင် မှက်ခရုပေါက်ခြင်း)
လျှာပေါ်တွင် မှက်ခရုပေါက်ခြင်းသည် ပါးစပ်ထဲတွင် သဘာဝအတိုင်း ရှိနေသော Candida albicans ဟုခေါ်သော မှု်ိအကောင်များ ကြီးထွားလွန်းလာကာ ပါးစပ်ထဲတွင် စုလာသောကြောင့် ဖြစ်သည်။

 

လက္ခဏာများ
အစပထမပိုင်းတွင် မှက်ခရု ရောဂါလက္ခဏာများကို သတိမထားမိသော် လည်း ဖြစ်စေသော အကြောင်းပေါ် မူတည်၍ လက္ခဏာများ တဖြည်းဖြည်းပေါ်လာတတ် သလို၊ ရုတ်တရက်ပေါ်လာသည်များလည်း ရှိသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
ပုံမှန်ဆိုလျှင် လူ ့ခန္ဓာကိုယ်၌ ခုခံအားစနစ်မှ နေ၍ ပိုးမွှားများကို ကာကွယ်ပေး ထားသော်လည်း ခုခံအား ကျဆင်းသော လူများတွင်မူ ကာကွယ်နိုင်စွမ်း နည်းပါးနေ၍ Candida များပွားလာကာ မှက်ခရုပေါက်လာခြင်း ဖြစ်သည်။ ထို ့ကြောင့် ခုခံအား ကျဆင်းသော ရောဂါများ ဖြစ်သော HIV/AIDS, ကင်ဆာရောဂါ၊ ဆီးချိုရောဂါနှင့် မိန်းမကိုယ် အတွင်း ပိုးဝင်ရောက်ခြင်းရောဂါများနှင့် ကိုယ်ခံအားကျစေသော ဆေးဝါးများ သောက်သုံးနေ သူများတွင် အဖြစ်များတတ်ပါသည်။

 

နောက်ဆက်တွဲ ပြဿ နာများ
ခုခံအား ကျဆင်းသူများတွင် မှက်ခရုပေါက်ပါက ခန္ဓာကိုယ်၏ တခြားနေရာ များ ဖြစ်သော အစာလမ်းကြောင်း၊ အဆုတ်၊ အသည်းနှင့် နှလုံးအဆို ့ရှင်များ သို ့ပျံ ့နှံသွားတတ်ပြီး ပါးစပ်နှင့် အစာရေမျိုပြွန်များတွင် ပြင်းထန်စွာ ဖြစ်ပါက အစာစားရာတွင် နာကျင်ခြင်းကြောင့် အခက်အခဲ ရှိတတ်ပါသည်။ ထို ့ပြင် အူလမ်းကြောင်းထဲသို ့ပျံ ့သွားပါက ပြည့်စုံလုံလောက်သော အာဟာရ မရရှိ်နိုင်ပေ။

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
မှက်ခရုပေါက်ခြင်းသည် မကုုသဘဲ ထားပါက ဆိုးရွားလာစေနိုင်သည့် အပြင် ခုခံအား ကျဆင်းခြင်းကြောင့် ဖြစ်နိုင်သည့်အတွက် ရောဂါများ ရှိမရှိ စစ်ဆေးရန် ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။

 

စစ်ဆေးမှုများ
မှက်ခရုပေါက်ခြင်းကို မျက်စိဖြင့် ကြည့်ရုံဖြင့် သိနိုင်သော်လည်း တစ်ခါတစ်ရံ အနည်းငယ် ခြစ်ယူကာ မှန်ပြောင်းအောက်တွင် စစ်ဆေးကြည့်ရန် လိုအပ်ပါသည်။ 

ထို ့ပြင် ဖြစ်ပွားရသော အကြောင်းရင်းကို ရှာဖွေရန် 
- သွေးစစ်ခြင်း၊ 
- အစာရေမျိုပြွန်ထဲထိ ပျံ ့နှံ ့နေပါက လည်ချောင်းထဲမှ အနည်းငယ်ယူကာ အကောင်မွေးခြင်း (Throat culture)၊ 
- အစာရေမျိုပြွန်ထဲသို ့မှန်ပြောင်းထည့်ကြည့်ခြင်း (Endoscopic exam) များဖြင့် ရောဂါရှာဖွေနိုင်ပါသည်။

 

ကုသခြင်း
မှက်ခရုအား ကုသရာတွင် အသက်အရွယ် အပိုင်းအခြား၊ ပင်ကိုယ် ကျန်းမာရေးနှင့် ရောဂါပေါ် မူတည်၍ ကုသနည်းမှာလည်း အမျိုးမျိုး ကွဲပြားပေသည်။ အကယ်၍ ကျန်းမာသော လူကြီးနှင့် ကလေးများတွင် ဖြစ်ပါက မှိုသတ်ဆေးများ ကို ဆေးပြားနှင့် ဆေးရည်ပုံစံများ နှင့်ပါ သောက်နိုင်သည်။ ကလေး နို ့တိုက်နေသော မိခင်များနှင့် နို ့စို ့ကလေးငယ်များတွင် ဖြစ်ပါက ကလေးအတွက် အပျော့စား မှိုသတ်ဆေးပေးပြီး Antifungal cream (မှိုသတ်ဆေး ကရင်မ်) ကို မိခင်၏ ရင်သားတွင် လိမ်းပေးရမည် ဖြစ်သည်။ ထို ့အပြင် နို ့သီးခေါင်းများ၊ နို့ဘူးမှ နို ့သီးခေါင်းနှင့် ချိုလိမ်များကို သန် ့ရှင်းအောင် ထားပေးရမည်။ သို ့သော် HIV ရောဂါရှိသူများတွင်မူ အပျော့စားမှိုသတ်ဆေးများနှင့် မသက်သာဘဲ အထူး မှိုသတ်ဆေးများ ပေးသင့်သည်။ သို ့ရာတွင် ဘေးထွက်ဆိုးကျိုး ဆိုးရွားသောကြောင့် ဆရာဝန် ညွှန်ကြားသည့် အတိုင်းသာ သောက်သင့်ပါသည်။

 

ကာကွယ်ခြင်း
မှက်ခရု ပေါက်ခြင်းမှ ကာကွယ်ရန် အလို ့ငှာ ရင်ကြပ်သက်သာဆေးများ ရှူ ပြီးတိုင်း ပါးစပ်ကို စင်ကြယ်အောင် ဆေးခြင်း၊ သွားကို တစ်ရက် အနည်းဆုံး ၂ ကြိမ် တိုက်ပေးခြင်း၊ သွားတုများ တပ်ဆင်ပါက အချိန်မှန်သန် ့ရှင်းပေးခြင်း၊ သွားဆရာဝန်ထံသို့ မှန်မှန် သွားပြခြင်း၊ သကြားနှင့် မှိုပါဝင်နိုင်သော အစာများ စားခြင်းကို လျှော့ချပေးခြင်းနှင့် မိန်းမကိုယ် မှိုရောဂါ ဖြစ်နေပါက စောစီးစွာ ကုသမှု ခံယူခြင်း အစရှိသည်တို ့ကို လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Paing
Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18