Print

ဘယ်လိုအမျိုးအစား အရေပြားလိမ်းပစ္စည်းတွေကို ရွေးချယ်မလဲ

  25-Feb-2017
Preview Image

ဘယ်လိုအမျိုးအစား အရေပြားလိမ်းပစ္စည်းတွေကို ရွေးချယ်မလဲ
သင့်အရေပြားပုံစံက ဘယ်လိုလဲဆိုတာကို အတိအကျသိပြီဆိုရင် အရေပြားလိမ်းဖို့
အလှကုန်တွေထဲမှာ အရည်အမျိုးအစားကို ရွေးရမှာလား၊ ခရင်မ်အမျိုးအစားကို ရွေးရမှာ
လား၊ အမှုန့်အမျိုးအစားကို ရွေးရမှာလားဆိုတာကို ဆုံးဖြတ်နိုင်မှာပဲဖြစ်ပါတယ်။ အရေပြားအတွက် အသုံးပြုတဲ့ ပစ္စည်းတွေကို လက်ဆင့်ကမ်းသုံးစွဲတာမျိုး မလုပ်သင့်
ပါဘူး။ ကိုယ့်အစ်မတွေ လိမ်းခဲ့လို့၊ ကိုယ့်အမေက လိမ်းခဲ့လို့၊ ကိုယ့်သူငယ်ချင်းက လိမ်းနေကျ မို့လို့ဆိုပြီး ကိုယ်လည်းလိုက်သုံးတာမျိုးကို မပြုလုပ်ပါနဲ့။

အရေပြားပုံစံက တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူးဆိုတာကို ဖော်ပြထား ပြီးဖြစ်တာကြောင့် သင့်အရေပြားပုံစံက ဘယ်လိုဆိုတာကိုသာ အရင်ဆုံးလေ့လာပါ။ အရေပြားပုံစံကို လေ့လာပြီးပြီဆိုရင်တော့ အောက်ပါအကြံပြုချက်တွေက သင့်ကိုကူညီနိုင် ပါလိမ့်မယ်။

လိုးရှင်း။ ။ ပေါင်းစပ်အသားအရေ၊ ဝက်ခြံပေါက်လွယ်တဲ့အရေပြား၊ ခြောက်သွေ့အရေပြား၊
နှင်းခူပေါက်လွယ်တဲ့ အရေပြား၊ နေလောင်ဒဏ်၊ အရေးကြောင်းဖြစ်လွယ်သူနဲ့ ပုံမှန်အရေပြားပိုင်ရှင်တွေ သုံးပါတယ်။

ခရင်မ်။ ။ ခြောက်သွေ့တဲ့အရေပြား၊ အထိခိုက်မခံတဲ့အရေပြား၊ နေလောင်တဲ့အရေပြား၊ အရေးကြောင်း ဖြစ်လွယ်တဲ့အရေပြား၊ ပုံမှန်အရေပြားပိုင်ရှင်တွေ သုံးသင့်ပါတယ်။

ဂျယ်လ်။ ။ အဆီပြန်တဲ့အရေပြား၊ ပေါင်းစပ်အရေပြား၊ ဝက်ခြံပေါက်လွယ်တဲ့အရေပြား၊
အထိခိုက်မခံတဲ့အရေပြား၊ နှင်းခူပေါက်လွယ်တဲ့အရေပြား နေလောင်တဲ့အရေပြား၊ အရေးကြောင်း ဖြစ်လွယ်တဲ့အရေပြား၊ ပုံမှန်အရေပြားပိုင်ရှင် တွေသုံးသင့်ပါတယ်။

အရေပြားထိန်းပစ္စည်း (serum)။ ။ အဆီပြန်တဲ့အရေပြား၊ ပေါင်းစပ်အရေပြား၊ ဝက်ခြံပေါက်
လွယ်တဲ့အရေပြား၊ ခြောက်သွေ့တဲ့အရေပြား၊ အထိခိုက်မခံတဲ့ အရေပြား၊ နှင်းခူပေါက် လွယ်တဲ့အရေပြား၊နေလောင်တဲ့အရေပြား၊ အရေးကြောင်း ဖြစ်လွယ်တဲ့အရေပြား၊ ပုံမှန်အရေပြားပိုင်ရှင် တွေသုံးသင့်ပါတယ်။

အရည်။ ။ အဆီပြန်တဲ့အရေပြား၊ ပေါင်းစပ်အရေပြား၊ ဝက်ခြံပေါက်လွယ်တဲ့အရေပြား၊
ခြောက်သွေ့တဲ့အရေပြား၊ အထိခိုက်မခံတဲ့အရေပြား၊ နှင်းခူပေါက်လွယ်တဲ့အရေပြား၊ ပုံမှန်အရေပြားပိုင်ရှင်
တွေသုံးသင့်ပါတယ်။

အမှုန့်။ ။ အဆီပြန်တဲ့အရေပြား၊ ဝက်ခြံပေါက်လွယ်တဲ့အရေပြား၊ ပုံမှန်အရေပြားပိုင်ရှင်
တွေသုံးသင့်ပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, No.272, March 2015, Pg.48

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18