Print

တောင်သူဦးကြီးများနှင့် အရေပြားကင်ဆာ

  25-Feb-2017
Preview Image

တောင်သူဦးကြီးများနှင့် အရေပြားကင်ဆာ
အရေပြားကင်ဆာရဲ ့တရားခံက နေရောင်ခြည်ပါ။ တောင်သူလယ်သမားတွေဟာ နေပူလည်းမရှောင်ဘဲ အလုပ်လုပ်ရတာမို့ တောင်သူလယ်သမားတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် Polycyclic Hydrocarbon’s, Inorganic Metals နဲ့ အာဆင်နစ်တွေကို ထိတွေ့ဖန်များတာကြောင့် ဖြစ်တတ်ပါသေးတယ်။ ထိခိုက်ဒဏ်ရာနဲ့ အရေပြားကင်ဆာဟာ ရောဂါလက္ခဏာကို နှစ်ပေါင်း ၂၀-၃၀ ကျော်ထိအောင် မပြဘဲနေတတ်ပြီး ရောဂါကျွမ်းတဲ့အဆင့်ရောက်မှ ကျေးလက်နေတောင်သူတွေခမျာ ဆေးကုသမှု ခံယူရကောင်းမှန်း သိကြရပါတယ်။

 

ဘယ်လိုကာကွယ်မလဲ
ရောဂါရယ်လို့ ကြီးထွားလာရင် ကုသရတာ လွယ်သည့်တိုင်အောင် အလုပ်အကိုင်၊ လူမှုရေး၊ စီးပွားရေးနဲ့ ငွေကြေးထိခိုက်မှုတွေ ရှိလာတတ်တာမို့ ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးရယ်လို့ ဆိုကြတာပါ။ ဒါကြောင့် နေ၊ ရေ၊ လေနဲ့ ဓာတုပစ္စည်းတွေကို ထိတွေ့ဖန်များတဲ့
တောင်သူလယ်သမားတွေ အနေနဲ့ …
• ထိတွေ့မှုကို လျှော့ချပါ။ ဓာတုပါဝင်မှု အပျော့စားသာ ပါဝင်တဲ့ ဓာတ်မြေသြဇာကိုသာ အစားထိုးသုံးစွဲပါ။

• လယ်ယာမြေထဲ ဆင်းတဲ့အခါလည်း လည်ရှည်ရာဘာဖိနပ်နဲ့ ရာဘာလက်အိတ်ရှည်တွေ ဝတ်ဆင်ပါ။ ဆိုင်ကယ်စီးဦးထုပ်လို ရှေ ့မှန်ကာပါတဲ့ အကာအကွယ် ဦးထုပ်မျိုး ဆောင်းပေးပါ။

• တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားပါ။ လယ်ယာကိစ္စ (ပိုးသတ်ဆေးဖျန်းတာ၊ ဓာတ်မြေသြဇာ ဖျန်းတာမျိုး) တွေလုပ်ပြီးတိုင်း ခြေ၊ လက်တွေကို ရေ၊ ဆပ်ပြာသုံးပြီး စင်ကြယ်အောင် ဆေးကြောပါ။

• နေရောင်ထိတွေ့မှုကို လျှော့ချပါ။ နေပြင်းချိန်မှာ အလုပ်ခွင်ဆင်းတာမျိုး ရှောင်ပါ။ မနေသာလို့ နေပူထဲဆင်းပြီး အလုပ်လုပ်ရမယ် ဆိုရင်တောင် အကျင်္ ီလက်ရှည်၊ ဦးထုပ်၊ နေကာမျက်မှန်တို့ကို ဝတ်ဆင်ပြီးမှ လုပ်ပါ။ အချိန်အကြာကြီး 
လုပ်တာမျိုးကို ရှောင်ပါ။

• အင်းဆက်ပိုးမွှား အကိုက်ခံရလို့ အဆိပ်ပင်၊ အယားပင်တွေနဲ့ ထိတွေ့မိလို့ ၊ ထိခိုက်မိလို့၊ ဒဏ်ရာအနာတရနဲ့ အရေပြားနာတွေ ဖြစ်လာရင် မပေါ့ဆပါနဲ့။ တတ်သိနားလည်တဲ့ ဆရာဝန်၊ ဆရာမ (ဆရာ မရှိတောင် ကျေးရွာမှ ကျန်းမာရေးဝန်ထမ်းများ) နှင့် တိုင်ပင်ပြီး လိုအပ်တဲ့ကုသမှု ခံယူသင့်ပါတယ်။ ဒီအချက်လေးတွေကို လိုက်နာပြီး အလုပ်ခွင်မှာ လုံခြုံစိတ်ချမှုရှိရှိနဲ့ တောင်သူတွေ အလုပ်လုပ်နိုင်ပါစေကြောင်း ဆန္ဒပြုရေးသားလျက်..။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit: 
သွန်းသော်တာ (B.N.Sc)
Ziwaka magazine, November 2014, Pg.54-56

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18