Print

အနာဖြစ်တဲ့အခါ အမာရွတ်ထင်တာနည်းအောင် ကာကွယ်နည်း

  25-Feb-2017
Preview Image

အနာဖြစ်တဲ့အခါ အမာရွတ်ထင်တာနည်းအောင် ကာကွယ်နည်း
အနာဖြစ်ရင် သဘာဝက သူ့ဘာသာ အနာကျက်အောင် ပြုလုပ်လိမ့်မယ်။
ပိုးမဝင်အောင် ပြုလုပ်လိမ့်မယ်။ ပိုးမဝင်အောင်ဂရုစိုက်ဖို့က အရေးကြီးပါတယ်။
သွေးထွက်မယ့် ဒဏ်ရာမရအောင် နေနိုင်ရင် အကောင်းဆုံးပါပဲ။ အားကစား လုပ်တဲ့ အခါ၊ ဟင်းချက်တဲ့အခါ ပိုသတိထားရပါမယ်။ ထိခိုက်ရှနာဖြစ်စေမယ့် ဓားလိုမျိုးကို ကိုင်တွယ်တဲ့အခါ သတိထားရပါမယ်။ တိရိစ္ဆာန်တွေရဲ့ အန္တရာယ်ကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။

၁။ အနာဖြစ်ရင် လက်မဝက်ထက်ကြီးရင် အမာရွတ်ဖြစ်နိုင်တယ်။ သတိထားရပါတော့မယ်။ 

၂။ အနာဖြစ်တဲ့အခါ ဆေးထည့်တာကို စနစ်တကျ ပြုလုပ်ရပါမယ်။

၃။ အနာထဲ ပိုးမဝင်စေဖို့ သန့်ရှင်းအောင်ထားရပါမယ်။ 

၄။ အနာကို ဖုံးအုပ်ထားရပါမယ်။ ပိုးသေဆေး လိမ်းဆေးတွေ သုံးရပါမယ်။

၅။ သွေးဖြူဥ၊ သွေးနီဥ၊ အရေပြား တစ်သျှူးတွေနဲ့ ဖြစ်လာတဲ့ အနာဖေးလေးကို အနာမကျက်ခင် ခွာလိုက်ရင် အနာပိုနက်သွားတတ်ပါတယ်။ အမာရွတ် အသစ်ဖြစ်တတ်ပါတယ်။

၆။ မျက်နှာနဲ့ မျက်လုံးတစ်ဝိုက်ကို အနာဖြစ်ရင် ပိုဂရုစိုက်ရမယ်။

၇။ အရေပြားကို ထိခိုက်ခံထားရရင် နေပူဒဏ် အထိမခံသင့်ပါ။

၈။ ပြည်တည်လာရင်၊ အနာမကျက်ရင် ဘက်တီးရီးယား ပိုးသေစေတဲ့ဆေးနဲ့ ကုသသင့်ပါတယ်။ 

၉။ လှုပ်ရှားမှုများတဲ့ နေရာမှာ အနာရင် အနာကျက်နှေးတတ်ပါတယ်။ အနာကျက်မနှေးစေဖို့ အနာကို ငြိမ်အောင် လှုပ်ရှားမှုကို လျှော့ထားရမယ်။ အလေးမလို့ မရပါဘူး။ 

၁၀။ ဝက်ခြံ အမာရွတ်မထင်အောင် ဝက်ခြံကို ပြည်မဖြစ်သေးခင် ဇွတ်မညှစ်ရပါဘူး။ ဝက်ခြံဖုကို အရေပြားပွန်းပဲ့တဲ့အထိ ညှစ်ရင်၊ နှိုက်ညှစ်ရင် အမာရွတ်ကျန်နိုင်ခြေ များပါတယ်။ ဝက်ခြံပျောက်စေဖို့ ပိုးသတ်ဆေးစားရပါမယ်။ ပိုးသတ်ဆေး လိမ်းပေးရပါမယ်။

၁၁။ နေရောင်ကို တတ်နိုင်သမျှ ရှောင်ရပါမယ်။ နေပူထိရင် အနာကျက်နှေးပြီး ၊ ပိုးဝင်တတ်ပါတယ်။

၁၂။ ဝက်ခြံကို မဆိတ်ရဘူး၊ မပွတ်ရဘူး။၊ မကုတ်ရပါဘူး။ ဝက်ခြံပေါက်ပြီး ဖြစ်လာတဲ့ အနာဖေးကို မခွာရပါဘူး။

၁၃။ အမာရွတ်ဖြစ်တယ်ဆိုရင် သက်သာအောင် သီးသန့်ဆေးကုသရပါမယ်။

၁၄။ လိမ္မော်သီးနဲ့ အရည်ရွှမ်းတဲ့ အသီးတွေမှာပါတဲ့ ဗီတာမင်စီ (Vitamin-C) နဲ့ အင်တီအောက်ဆီးဒင့် (Antioxidants) က အနာကို ပိုကျက်စေတယ်လို့ ယူဆကြတယ်။ အင်တီအောက်ဆီးဒင့်က အနာဖြစ်င်္ပြီး နောက်ဆက်တွဲမည်းတာကို ပြန်ပြီး ပြုပြင်နိုင်စွမ်း ရှိပါတယ်။

၁၅။ မလိုလားအပ်တဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ နားဖောက်တာ၊ ဆေးမင်ကြောင်ထိုးတာတွေကို ရှောင်သင့်ပါတယ်။ အမာရွတ် အဖုလုံးရှိတဲ့သူတွေ နားဖောက်ရင်း အမာရွတ် အဖုလုံးအသီးကြီးတွေ ဖြစ်လာတဲ့သူတွေကို တွေ့ဖူးပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, May 2013, No. 262, Pg.76

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18