Print

ထိလွယ်ရှလွယ်သောအရေပြား

  25-Feb-2017
Preview Image

ထိလွယ်ရှလွယ်သောအရေပြား
အရေပြားအထူးကု ဆရာဝန်များက ထိခိုက်လွယ်သော အရေပြားရှိသည်ဟု လက်ခံထားသူများ၏ အရေပြားမှာ အမှန်တကယ် ထိခိုက်လွယ်ခြင်းမဟုတ်ဟု ဆိုပါသည်။
သူတို့၏ အရေပြားကို ဂရုစိုက်လွန်းပြီး ထိုသို့ ထင်မှတ်ယူဆ နေခဲ့ကြခြင်းသာ ဖြစ်သည်။
အမှန်စင်စစ် အမျိုးသမီးများ၏ ၂ မှ ၃ ရာခိုင်နှုန်းတို့တွင်သာ ထိခိုက်လွယ်သော အရေပြား
ရှိကြသည်။ အရေပြားသည် ထိခိုက်လွယ်သည်ဟု ဆိုရန်တွင် မှားယွင်းသောပစ္စည်းကို အသုံးပြုမိ၍ နေလောင်ဒဏ် ခံစားရသကဲ့သို့သော လက္ခဏာများ (ဥပမာ-ယားယံခြင်း၊ ပူလောင်ခြင်း၊ နာကျင်ခြင်း၊ ခြောက်သွေ့ခြင်း၊ တင်းကျပ်သကဲ့သို့ ခံစားရခြင်း) တွေ့ရ
မည်ဖြစ်သည်။ တချို့သော ပြဿ နာများမှာ အရေပြား၏ ထိခိုက်လွယ်မှုကြောင့်မဟုတ်၊ ခန္ဓာကိုယ်၏ ဓာတ်မတည့်မှုကြောင့် အရေပြားတွင် လက္ခဏာများ ဖြစ်ပေါ်ခံစားရခြင်း
ဖြစ်သည်။

ခန္ဓာကိုယ်၏ ဓာတ်မတည့်မှု ပြဿ နာကြောင့် အရေပြား၌ လက္ခဏာဝေဒနာများ
ဖြစ်ပေါ်ခံစားခြင်းမှာ အရေပြား၏ ထိခိုက်လွယ်မှုကြောင့် မဟုတ်ပေ။ ခန္ဓာကိုယ်၏ ဓာတ်မတည့်မှုပြဿ နာကြောင့် အရေပြား၌ လက္ခဏာများ ဖြစ်ပေါ်ခြင်းကို အမျိုးသမီးများ၏ ၁၅ မှ ၂၀ ရာခိုင်နှုန်းတွင် ကြုံတွေ့ရတတ်သည်။

ဓာတ်မတည့်မှုမှာ အလှကုန်ပစ္စည်းများအပေါ် တုံ့ပြန်မှုလွန်ကဲခြင်းကြောင့် အဖြစ်များသည်။ အရေပြားနှင့် အံဝင်ခွင်ကျမှု မရှိသော လူသုံးကုန်ပစ္စည်းများကို အသုံးမပြုမိကြဖို့ လိုအပ်သည်။ ဓာတ်မတည့်မှု ပြဿ နာမှာ အများအားဖြင့် ယာယီသဘောသာ ဖြစ်တတ်ကြသည်။ သို့သော် ဝေဒနာလက္ခဏာများ ကာလကြာရှည်စွာ ဖြစ်လျှင်၊ သို့မဟုတ် ဆိုးဝါးလာလျှင် အရေပြားအထူးကုဆရာဝန်ထံ သွားရောက်ပြသရမည် ဖြစ်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18