Print

တောင်သူဦးကြီးများနှင့် အရေပြားပြဿနာ

  25-Feb-2017
Preview Image

တောင်သူဦးကြီးများနှင့် အရေပြားပြဿနာ
ကျွန်မတို့မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးကို အဓိက လုပ်ဆောင်ကြတာမို့ တောင်သူလယ်သမား ဦးကြီးများဟာ နိုင်ငံကို အကျိုးပြုသူများဆိုရင် မှားမယ် အထင်ပါဘူး။ တောင်သူလယ်သမား ဦးကြီးတွေဟာ စိုက်ပျိုးရေး လုပ်ငန်းခွင်မှာ
နေပူမရှောင်၊ မိုးရွာမရှောင် အလုပ်လုပ်နေကြသူတွေ ဖြစ်တဲ့အလျောက် အလုပ်ကြောင့်ရလာတဲ့ အရေပြားပြဿနာတွေကလည်း တောင်သူဦးကြီးတွေမှာ အဖြစ်များတဲ့ ပြဿနာပါ။

 

အဖြစ်များတဲ့ ပြဿနာတွေ
တောင်သူတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေကတော့ လက်နဲ့ခြေကျင်းဝတ် တွေမှာဖြစ်တဲ့ နှင်းခူ၊ အရေပြားရောင်ရမ်းနာ (Irritant and Allergic Contact Dermatitis)၊ မွေးညှင်းအိတ်ရောင်ရမ်းနာနှင့် အဆီဖုဝက်ခြံများ (Folliculitis and Oil Acne)၊ အရေပြားကင်ဆာ (Skin Cancer) တို့ပဲဖြစ်ပါတယ်။

 

ဘာကြောင့်အရေပြားပြဿနာတွေ ဖြစ်ရသလဲ။
တောင်သူဦးကြီးတွေမှာ အဓိကအရေပြား ပြဿနာဖြစ်စေတဲ့ အကြောင်းရင်းတွေက နေ၊ ရေ၊ လေနဲ့ ဓာတုပစ္စည်းတွေနဲ့ ထိခိုက်ပွန်းပဲ့မှုတွေကြောင့်လည်း ပိုးမွှားဝင်ရောက် တာ အရေပြားပြဿနာတွေကို ဖြစ်စေတတ်ပါတယ်။

 

လက်နဲ့ခြေကျင်းဝတ်တွေမှာ ဖြစ်တတ်တဲ့နှင်းခူ
ဟုတ်ပါတယ်။ နှင်းခူနာက လယ်ယာလုပ်ငန်းခွင်ထဲက တောင်သူလယ်သမား တော်တော်များမျာနဲ့ ခွဲမရလေအောင် တွေ့ရတတ်တဲ့ အဖြစ်များသော အရေပြားပြဿနာပါ။ ခရမ်းလွန်နေရောင်ခြည်နဲ့ ဓာတုပစ္စည်း (ပိုးသတ်ဆေး ဒါမှမဟုတ်
မြေသြဇာတွေမှာပါတဲ့) တွေနဲ့ ထိတွေ့ဖန်များလို့ (သို့) အရေပြားညစ်ပေပြီး စိုစွတ်မှုများလို့၊ အင်းဆက်ပိုးမွှားကိုက်ခံရလို့ စတာတွေကြောင့် အရေပြားယားယံနာကနေတဆင့် ယားကုတ်၊ ကုတ်ယား သံသရာနဲ့အတူ နှင်းခူမှာ စွဲကပ်လာပါတယ်။ နှင်းခူကိုတောင်မှ နှစ်ချို့နှင်းခူဖြစ်မှသာ ရေဂါအဖြစ် သတ်သတ်မှတ်မှတ် သဘောပိုက်ပြီး ဆေးကုသမှု ခံယူကြတာမျိုးပါ။ ဒီမတို်င်ခင် အိမ်တွင်းနည်းလေးနဲ့ ကျိတ်ကုကြတာမျိုးလည်း ရှိတတ်ပါသေးတယ်။

 

အရေပြားရောင်အန်းနာ (Irritant and Allergic Contact Dermatitis)
ဒီပြဿနာက ရေ၊ ဆပ်ပြာရည်၊ ပျော်ရည် တစ်မျိုးမျိုးကြောင့် အရေပြားရောင်ရမ်း နာဖြစ်တဲ့ Irritant Contact Dermatitis ကနေ အဆိပ်ရှိတဲ့အပင်တွေ၊ ကြေးနီ၊ ခရိုမိတ်နဲ့ သတ္တုပါဝင်တဲ့အရည်တွေ၊ ပိုးသတ်ဆေး (သို့) ဓာတ်မြေသြဇာမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုကြောင့် ဓာတ်မတည့်လို့ဖြစ်တဲ့ Allergic Contact Dermatitis အထိ ဖြစ်တတ်ပါတယ်။ အထက်ပါအရာတွေနဲ့ ထိမိတဲ့နေရာတွေမှာ အရေပြားအနီကွက်ထပြီး ယားယံတာကနေ အရည်ကြည်ဖုကြီးတွေထပြီး နီရဲရောင်ရမ်းတာအထိ ပြင်းထန်တတ်ပါတယ်။ 

 

အဆီဝက်ခြံဖုလေးတွေနဲ့ မွေးညင်းအိတ်ရောင်ရမ်းနာ
(Oil Acne and Folliculitis) ပိုးသတ်ဆေးရည် (သို့) ရွက်ဖျန်းမြေသြဇာတွေနဲ့ စက်သုံးဆီတွေကြောင့် အဖြစ်များတဲ့ အရေပြားပြဿနာတစ်ရပ်ပါ။ ဆီရည်၊ ကြေး (ဂျီး) တွေ ပေစွန်းနေတဲ့ အဝတ်အစားတွေ အကြာကြီးဝတ်ထားရင် ပိုဖြစ်တတ်ပါတယ်။ မျက်နှာ၊ လည်ပင်နဲ့ ကျောပြင်၊ ရင်ဘတ်တို့မှာ အဖြစ်များပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Ref:
သွန်းသော်တာ (B.N.Sc)
Ziwaka magazine, November 2014, Pg.54-56



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18