Print

အရိုးပွခြင်းနှင့် သတ္တုဓာတ်ဆုံးရှုံးမှု ပြဿနာများ

  01-Mar-2017
Preview Image

 

ခန္ဓာကိုယ်သည် အက်စစ်ဓာတ် လွန်ကဲမှုကို ချေဖျက်ရန် သိမ်းလှောင်ထားသော အယ်လ်ကာလီ သတ္တုဓာတ်များကို အဓိက သိုလှောင်သိမ်းဆည်းရာနေရာမှာ အရိုးများ ပင်ဖြစ်သည်။ သွားများနှင့် ခနွာကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ချို့၌လည်း သတ္တုဓာတ်များ သိုလှောင်ထားမှုရှိသည်။ အရိုးများ၊ သွားများနှင့် အင်္ဂါအစိတ်အပိုင်းမှ သတ္တုဓာတ်များ ထုတ်ယူသုံးစွဲမှုမှာ ရံဖန်ရံခါဖြစ်ပါက ကျန်းမာရေးပြဿနာများ ဖြစ်လာမည် မဟုတ်ပေ။ သို့သော် အမြဲတမ်းလိုလို သိမ်းလှောင်ထားသော အယ်လ်ကာလီသတ္တုဓာတ်များကို ထုတ်ယူမည် ဆိုလျှင် ဆိုးရွားသော ကျန်းမာရေးပြဿနာများ ကြုံတွေ့လာမည်သာဖြစ်သည်။

 

အထူးသဖြင့် ကယ်လ်စီယမ်၊ မဂ္ဂနီဇီယမ်နှင့် ပိုတက်စီယမ်တို့ကို အရိုးများ၊ သွားများနှင့် ခနွာကိုယ်အင်္ဂါအစိတ်အပိုင်းများမှ အမြဲမပြတ် ထုတ်ယူနေမည် ဆိုပါလျှင် အဆိုပါ အင်္ဂါများတွင် ရောဂါများ ဖြစ်ပေါ်လာပေလိမ့်မည်။ အရိုးများ၌ သတ္တုဓာတ်လျော့နည်း၍ (သိပ်သည်းမှု ကျဆင်းသွားခြင်းသည်) အရိုးပွခြင်း (အရိုးပါးခြင်း) ကို ဖြစ်စေသည်။ အရိုးပွခြင်းသည် အရိုးများကို အလွယ်တကူ ကျိုးစေနိုင်သည်။ အနည်းငယ်မျှသော ထိခိုက်ဒဏ်ရာ ရခြင်းသည် အရိုးပွခြင်းကို ကျိုးစေနိုင်သည်။ 

 

ခနွာကိုယ်၌ နာတာရှည် အက်စစ်ဓာတ် အနည်းငယ်လွန်ကဲမှုသည် အရိုးပွခြင်းနှင့် တိုက်ရိုက် ဆက်နွယ်နေသည်။ အရိုးပွခြင်းကြောင့် အရိုးကျိုးနိုင်သည့် အန္တရာယ်မှာ သာမန်ထက် အဆ ၃၀ ထိပိုသည်ဟုဆိုပါသည်။ အရိုးပွခြင်းသည် လူတို့၏ပြုမူနေထိုင် စားသောက်မှုနှင့်လည်း ဆက်နွယ်ပတ်သက်သည်။ အယ်လ်ကာလီဓာတ် ထုတ်ပေးနိုင်သော အစားအစာများ (ဥပမာ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ) သည် အရိုးပွခြင်းကို ကာကွယ်ပေးနိုင်သည်။ အရိုးပွခြင်းသည် အမျိုးသမီးများ၌ အမျိုးသားများထက် ပို၍ ဖြစ်တတ်ကြသည်။ အထူးသဖြင့် မီးယပ်သွေးဆုံးပြီးချိန်တွင် အရိုးပွခြင်းဖြစ်ရန် အန္တရာယ် ပိုများသည်။ အမျိုးသမီးများအဖို့ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးသင့်သည်။ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီကိုလည်း ဖြည့်စွက် မှီဝဲသင့်သည်။ 

 

အရိုးများမှ သတ္တုဓာတ်များ ဆုံးရှုံးသွားခြင်းသည် အရိုးအဆစ် နာကျင်ကိုက်ခဲမှု ဝေဒနာ၊ (အိုအေ) အဆစ်ရောင်ရောဂါ၊ ကျောရိုးဆစ်ကြားရှိ အရိုးနုများ ယိုယွင်းပျက်စီးခြင်း စသည်တို့ကိုလည်း ဖြစ်စေနိုင်သည်။ ကျောရိုးဆစ်ကြားရှိ အရိုးနု ယိုယွင်းမှုသည် ခါးနာ၊ ခါးကိုက်ဝေဒနာမှ အာရုံကြောဆိုင်ရာပြဿနာများအထိ ဖြစ်စေနိုင်သည်။ နာတာရှည် သတ္တုဓာတ်များ ဆုံးရှုံးမှုသည် အရေပြားနှင့် ခြေသည်းလက်သည်းများကိုလည်း ထိခိုက်မှု ဖြစ်စေသည်။ အရေပြားခြောက်သွေ့ခြင်း၊ ယားယံခြင်း၊ ကွဲအက်ခြင်း၊ အရေအတွန့်များပေါ်ခြင်း၊ မှဲ့ခြောက်များ ဖြစ်ပေါ်ခြင်း၊ ကျုံ့ဆန့်မှု စွမ်းရည်နည်းခြင်း စသည်တို့ဖြစ်နိုင်သည်။ ခြေသည်းလက်သည်းများလည်း ကြွပ်ဆတ်ပြီး အက်ကွဲခြင်းဖြစ်နိုင်သည်။ သတ္တုဓာတ် ဆုံးရှုံးမှုသည် ဆံပင်နှင့် အမွေးအမှင်လျော့နည်းခြင်း၊ သွေးယိုစီးမှုဖြစ်ခြင်း စသည်တို့လည်း ဖြစ်စေနိုင်ကြောင်း တွေ့ရသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးအတွက် အ့ံသြဖွယ်ရာ ပီအိပ်ချ်နှင့် အယ်လ်ကာလိုင်းရေ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18