Print

ကလေးငယ်လေးများတွင် နို့ပွေးပေါက်ခြင်း

  28-Feb-2017
Preview Image

 

နို့ပွေးပေါက်ခြင်းသည် အသက် (၃)လနှင့်(၂)နှစ်ကြား ကလေးငယ်များတွင် အဖြစ်များပါသည်။နို့ပွေးပေါက်ခြင်းသည် အရေပြားဓာတ်မတည့်သောကြောင့်ဖြစ်ပွားရခြင်းဖြစ်ပြီး ၆၀% သည် မျိုးရိုးလိုက်တတ်ပါသည်။  ထို့ပြင် နို့နှင့်နို့ထွက်ပစ္စည်းများ၊သိုးမွေးထည်များနှင့် ထိတွေ့မှုတို့အပြင် စိုထိုင်းမှု၊အလွန်အမင်းခြောက်သွေ့မှုတိုု့ကလည်း နို့ပွေးပေါက်ခြင်းကို အားပေးပါသည်။ကလေးငယ်များတွင်ဖြစ်လေ့ရှိသောနေရာများမှာ မျက်နှာ၊ဦးရေပြား၊ခြေလက်အပြင်ဘက်နှင့်ကိုယ်ထည်တွင်ဖြစ်လေ့ရှိပါသည်။အရေပြားပြောင်းလဲမှုများဖြစ်ပေါ်သည့်အပြင် ရောင်ခြင်း၊ယားခြင်းတို့ပါဖြစ်ပေါ်စေတတ်ပါသည်။နို့ပွေးပေါက်ခြင်းသည်များသောအားဖြင့် သူ့အလိုလိုပျောက်ကင်းသွားလေ့ရှိကြသည်။သို့သော်နို့ပွေးပေါက်လျှင် လိုက်နာရမည့်အချက်များမှာ -

- ကလေးငယ်များ၏ လက်သည်းလေးများကို ပုံမှန်ညှပ်ပေးပြီး သန့်ရှင်းစွာထားပါ။
- မကုတ်မိစေရန် ကလေး၏လက်ကို လက်အိတ်လေးစွပ်ပေးထားပါ။
- အရေပြားခြောက်သွေ့မှုမရှိစေရန် baby lotion လေးလိမ်းပေးပါ။
- အချို့သော လူကြီးဆပ်ပြာများသည် ဓာတုပစ္စည်းများပါဝင်သောကြောင့် ကလေးငယ်လေးများတွင်သုံးသော ဆပ်ပြာအပျော့စား သုံးပေးပါ။
- ဓာတ်မတည့်ခြင်းကိုဖြစ်စေသော အရာများအားရှောင်ကြဉ်ပါ။
- ကလေးငယ်လေးများ မကုတ်မိစေရန် ဂရုစိုက်ပေးပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Writer : Dr Toe
Credit : www.babycenter.com

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18