Print

ဒီလိုအချိန်မျိုးမှာ ကလေးကို မဆုံးမပါနဲ့

  28-Feb-2017
Preview Image

မိဘများဟာ ကလေးကို ပေါက်မြောက်စေချင်လွန်းတော့ နည်းမျိုးစုံနဲ့ သွန်သင်တာမျိုး၊ ဆိုဆုံးမတာမျိုး ပြုလုပ်တတ်ပါတယ်။ ဒါပေမဲ့ အောက်ပါ အချိန်အခါနဲ့ အခြေအနေ ကို ရှောင်ရှားတတ်ဖို့လိုပါတယ်။

 

၁။ သတိရမှ သွန်သင်ဆုံးမတာမျိုး

ကလေးကို သွန်သင်တယ်။ လမ်းညွှန်တယ်။ ဆိုဆုံးမတယ်ဆိုတာ စိတ်ရှည်ရှည်နဲ့ ရေ ရှည်ပြုလုပ်ရမဲ့ ဝတ္တရားတစ်ခုပါ။ မိဘများ အလုပ်ရူပ်တယ်ဆိုပြီးတော့မှ သတိရခါမှ ကောက်ကာငင်ကာ ဆုံး မလိုက်တာမျိုး မလုပ််သင့်ပါဘူး။ အဲလိုပြုလုပ်လိုက်ရင် ကလေးရဲ့ နုနယ်တဲ့စိတ်ထဲမှာ အနာတရ ဖြစ်သွားတတ်ပါတယ်။

 

၂။ စိတ်ဆိုးမှ သွန်သင်ဆုံးမတာမျိုး

ဘယ်သူပဲဖြစ်ဖြစ် စိတ်ဆိုးတဲ့အခါ၊ ဒေါသထွက်တဲ့ အခါကျရင် သွေးပူနေတတ်ပါတယ်။သွေးပူ ခေါင်းပူနေတဲ့ အချိန်မှာ တစ်ခုခု ကို ပြောချင်ရင်တောင်မှ ကိုယ့်စိတ်ကို ခဏ ထိန်းသိမ်းပြီး စိတ်ပြေသွားမှ ပြောဆိုသင့်ပါတယ်။ တစ်ခါတစ်လေမှာ ကလေးမှားတာက ဘာမှ မပြောပ စလောက်လေး၊ ကိုယ်ဘဝင်မကျတာက များများ၊ အဲလိုအချိန်မျိုးမှာ ကိုယ်က စိတ်ဆိုးနေတတ်ပြီး ဆိုဆုံးမ လိုက်ရင် ဆိုးကျိုးဘက်ကို ဦးတည်သွားစေတတ်ပါတယ်။

 

၃။ လူေ့ရှသူေ့ရှ မှာ ကလေးကို ဆိုဆုံးမတာမျိုး

ကလေး ဘယ်လောက်ပဲမှားနေမှားနေ၊ ကလေးကို အိမ်ခေါ်ပါ။ အိမ်ရောက်မှ အကြောင်းအရာကို သေသေချာချာ မေးမြန်းပြီး ဆိုဆုံးမစရာရှိပါက ဆုံးမပါ။ လူေ့ရှသူေ့ရှ မှာ ဆိုဆုံးမမိရင် ကလေးရဲ့ အတွင်းစိတ်ကို အလွန်ထိခိုက်တတ်ပြီး ကလေးရဲ့ ေ့ရှရေး ကို ထိခိုက်နိုင်တဲ့ အထိဖြစ်တတ်ပါတယ်။

 

၄။ ကလေးနဲ့ တစ်ခုခု ဆွေးနွေး နေတဲ့ အခါမျိုးမှာ ဆိုဆုံးမတာမျိုး

မိသားစု စကားလက်ဆုံကျတဲ့ အခါမျိုးမှာ တစ်ခုခု တိုင်ပင်ဆွေးနွေးနေတဲ့အခါ အကြောင်းအရာ တစ်ခုခု နဲ့ ပတ်သက်လို့ မိဘက အလိုမကျခဲ့ရင် ကောက်ကာငင်ကာ ဆိုဆုံးမတာမျိုး ရှောင်ရှားသင့်ပါတယ်။ အဲလိုလုပ်ရင် ကလေးက ကိုယ့်ကို ဘာမှ ပြန်မပြောပြတော့ဘူး၊ နောင်တစ်ခါ ကိုယ်နဲ့ လည်းဘာမှ မဆွေးနွေးတော့ဘူး။

 

၅။ ထမင်း စားချိန်၊ အိပ်ရာဝင်ခါနီးချိန်မှာ ဆိုဆုံးမတာမျိုး

ထမင်းလက်ဆုံ စားတဲ့အချိန်ဆိုတာ မိသားစု အတွက် အလွန်ကြည်နူးစရာ ကောင်းတဲ့ အချိန်ဖြစ်ပါတယ်။ ပျော်ရွှင်မူကို ခံစားသင့်တဲ့ အချိန်အခါ၊ ကျေးဇူးတင်သင့်တဲ့ အချိန်အခါ၊ မိသားစုအတွင်း စကားလက်ဆုံ ကျပြီး အတွေးအခေါ် ဖလှယ်နှီးနောတဲ့ အချိန်အခါ ကောင်းဖြစ်သင့်ပါတယ်။ အဲဒီ အချိန်မှာ တစ်ခုခု ကို သတိရလိုက်လို့ ဆိုဆုံးမလိုက်ရင် မိသားစု ဝင်များအားလုံးရဲ့ခံစားမူ ကို ပြောင်းလဲသွားစေပါတယ်။ ညအိပ်ရာ ဝင်ခါနီးရင်လည်း ကလေးများ ကောင်းကောင်းမွန်မွန် နားနေစေဖို့ အဲဒီအချိန်မှာ ဆိုဆုံးမတာမျိုး ရှောင်ရှားသင့်ပါတယ်။

 

၆။ အပြစ် နှစ်ခု သုံးခုကို စုပုံ ပြီး တပြိုင်တည်း ဆိုဆုံးမတာမျုုိး

အပြစ်သုံးလေးခု ကိုစုပုံပြီး တစ်ပြိုင်တည်း ဆိုဆုံးမတာမျိုးဟာ လုံးဝမထိရောက်တတ်ပါဘူး။ ကလေးဟာ ဘယ်ဟာကို ဦးစားပေး ပြု ပြင်ရမယ်ဆိုတာကို ဦးတည်ချက်ပျောက်ဆုံးနေတတ်ပါတယ်။ မိဘများအနေနဲ့ မိမိကလေးကို သိပ်ပြီးဂရုမစိုက်ရာလည်းရောက်ပါတယ်။ ဂရုတစိုက် ရှိခဲ့ရင် အပြစ်သေးသေးလေးကတည်းက တွေ့ရှိရမဲ့ ကိစ္စကို သုံးလေးခု ကျမှ တစ်ပြိုင်ထဲ ဆိုဆုံးမတာက သဘာဝ သိပ်မကျလှပါဘူး။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Saya Aung Ko Latt

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18