Print

ကလေးငယ်များတွင် သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ရောဂါ

  28-Feb-2017
Preview Image

 

ကလေးငယ်များတွင် ဆီးလမ်းကြောင်းပိုးဝင်ပါက ကျောက်ကပ်တွင်အနာ ဖြစ်သည့်အထိဖြစ်နိုင်သောကြောင့် မိဘများအနေဖြင့် သတိပြုသင့်သည်။ မွေးစနှင့်တစ်နှစ်အောက်အရွယ်တို့တွင် ဖြစ်ပါက အန်ခြင်း၊ကိုယ်ပူတက်ခြင်း၊ ဝမ်းသွားခြင်း၊ တက်ခြင်းတို့ဖြစ်တတ်သဖြင့် ဆီးလမ်းကြောင်းပိုးဝငရောဂါဟု ထင်မှတ်လေ့မရှိဘဲ အစာမကြေ၊ ဝမ်းပျက်ရောဂါလောက်ရသည်ဟုပင် ထင်မှားတတ်ကြသည်။ ကိုယ်ပူ၍ဖျားခြင်းမှာလည်း တစ်ခါတစ်ရံ ၁၀၃ -၁၀၄ ဒီဂရီထိ ပူတတ်ကြသော်လည်း ရံဖန်ရံခါ ကိုယ်မပူဘဲလည်းလာတတ်ကြသည်။ များသောအားဖြင့် အစားပျက်၍ 
နုံးခွေကာ အီနေလေ့ရှိကြသည်။

 

ခါတိုင်း သွက်သွက်လက်လက်ရိိှသော ကလေးငယ်တစ်ဦးမှိုင်တိုင်တိုင်နှင့် အစားပျက်နေလျှင် ကိုယ်မပုူဘဲရှိပင်ရှိငြား ဆီးလမ်းကြောင်းပိုးဝင်ရောဂါဖြစ်နိုင်သည်ကို မိဘတို့သတိပြုစေချင်သည်။ကလေးကြီးများတွင်မူ ကိုယ်ပူနိုင်သော်လည်း ကလေးများကဲ့သို့ ခံတွင်းပျက်ခြင်း၊ နုံးခွေခြင်း သိပ်မရှိလှဘဲ ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ ဝမ်းဗိုက်အောက်ပ်ုိင်းဆီးစပ်တွင် ကိုက်ခဲခြင်းတို့သာ အဖြစ်များလေ့ရှိသည်။ဆီးသွားသည့်အခါနာကျင်၍ ဆီးပူခြင်းနှင့် ဆီးနည်းနည်းနှင့် ခဏခဏသွားခြင်းတို့ ဖြစ်ပေါ်လာတတ်သည်။စိမ့်၍ ချမ်းတုန်ခြငး်လည်းဖြစ်တတ်သည်။ ဖျားသည်ဆိုသည် နှင့် ဆေးတိုက်တတ်လေ့ရှိသော မိဘများကြောင့် ကျောက်ကပ်တွင် အနာဖြစ်၍ ပြည်တည်ခြင်းကဲ့သို့ အခြားဆိုးကျိုးများဖြစ်ပေါ်မလာလျှင် တစ်ပတ်အတွင်းရောဂါလက္ခဏာများ သက်သာသွားလေ့ရှိသည်။

 

သို့ရာတွင် ထိုကလေး၏ ဆီးကို ဓါတ်ခွဲခန်းပို့၍ စစ်ဆေးကြည့်လျှင် ဆီးထဲတွင်တွေ့ရမည့် ပိုးဝင်ခြင်းလက္ခဏာများကို ရောဂါဖြစ်ပြီး
၃ပတ်လောက်အထိ တွေ့ကြရပါမည်။ထို့ကြောင့်ချက်ချင်းဖြစ်ပေါ်လာသော လက္ခဏာများကို သတိမထားမိဘဲ သေသေချာချာကုသမှုမခံယူပါက ဆီးလမ်းကြောင်းပိုးဝင်သည့်ရောဂါသည် နာတာရှည်ရောဂါအဖြစ် နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိသွားနိူင်ပေသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit :သားသားမီးမီးတို့ဖြစ်တတ်သောရောဂါများ ၂
(ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ခင်မျိုးဟန်)


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18