Print

မွေးကင်းစကလေးကို ဘယ်အချိန်မှာ ရေချိုးရမလဲ။

  28-Feb-2017
Preview Image

 

ရေချိုးခြင်းကို မွေးကင်းစမှာ မလုပ်ရပါ။ ရေဖတ်တိုက်ခြင်းကိုသာ ဆောင်ရွက်ပေးသင့်ပါတယ်။ မွေးပြီး ၂၄ နာရီအကြာမှ ရေဖတ်တိုက်ပေးသင့်ပါတယ်။ မွေးကင်းစ၏ ကိုယ်ခန္ဓာအပူချိန်မှာ မွေးပြီး (၃) ရက်၌ ပို၍တည်ငြိမ်သွားပါမယ်။ ချက်ကြိုးမကြွေမီ၊ ချက်နေရာမှာ အနာမကျက်မီ ရေမချိုးဘဲ ရေဖတ်တိုက်ခြင်းကိုသာ ဆောင်ရွက်ရပါမယ်။ သို့မှသာ ချက်ခြောက်သွေ့ပြီး စောစောကြွေမှာ ဖြစ်ပါတယ်။ ရေနွေးစိုစွတ်အောင် ဆွတ်ထားသော ပိတ်စကိုသုံး၍ ရေဖတ်တိုက်ရပါမယ်။ ကိုယ်ခန္ဓာ၏ အပေါ်ပိုင်းကို အရင်ဦးစွာ ရေဖတ်တိုက်ရမယ်။ အောက်ပိုင်းကို အဝတ်မချွတ်ဘဲထားပါ။ ၎င်းနောက်ခန္ဓာကိုယ်အပေါ်ပိုင်းကို ခြောက်သွေ့အောင် သုတ်ပြီး အဝတ်စဖြင့် ဖုံးအုပ်ထားပါ။ ပြီးမှ ခန္ဓာကိုယ်အောက်ပိုင်းကို အဝတ်ချွတ်ပြီး ရေဖတ်တိုက်ပါ။ ကလေးငယ် ဆီးသွား ဝမ်းသွားလျှင် တင်ပါးကို ဆေးကြောပေးနိုင်ပါတယ်။ လျင်မြန်စွာ ခြောက်သွေ့အောင် ပြုလုပ်ပြီး အဝတ်ဝတ်ရပါမယ်။ချက်ကြွေပြီးနောက်မှ တစ်ကိုယ်လုံးရေချိုးခြင်းကို လုပ်ပါ။ ၂ ရက်၊ ၃ ရက် တစ်ကြိမ်ချိုးပေးရမယ်။ ရေချိုးပြီးတဲ့အခါ -

 

(၁) လေမတိုက်သော နွေးထွေးသည့်အခန်းထဲမှာ ရေချိုးရမည်။
(၂) သုံးမည့် ပစ္စည်းများ အဆင်သင့်ထားရမည်။ 
(၃) ရေနွေးရန် ဂရုစိုက်ပါ။ မိမိ၏လက်တံတောင်ဖြင့် ထိပြီး စမ်းသပ်နိုင်သည်။
(၄) ကလေးမျက်နှာကို အရင်သစ်ပေးပါ။ ဆပ်ပြာနဲ့မသစ်ပါနဲ့၊ ဦးခေါင်းကို နောက်ဆုံးမှရေထိပါ။
(၅) ကလေးကိုရေချိုးရာတွင် မြန်မြန်ချိုးပါ။ 
(၆) ချိုးပြီးသည်နှင့် ခြောက်သွေ့ရန် ပဝါဖြင့် သုတ်ပါ။ ဆံမျှင်များကိုလည်း ခြောက်အောင် သုတ်ပါ။ 
(၇) ကလေးကို မိခင်နှင့်အသားချင်းထိပြီး မိခင်နှင့်ကလေးကို စောင်ခြုံပေးပါ။ ကလေး ဦးခေါင်းကို သေချာဖုံးအုပ်ရန် အရေးကြီးသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မျိုးပွားကျန်းမာရေး အမေး-အဖြေစာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18