Print

သားသားမီးမီးတို့အတွက် အစားအသောက်

  28-Feb-2017
Preview Image

 

လတ်ဆတ်သော အစားအစာတို့ကို ဦးစားပေးကျွေးပါ။ အိမ်ထွက်ခြံထွက်ဖြစ်လျှင်ပိုကောင်းသည်။ အသီးအနှံတို့အပေါ်မှ ပိုးသတ်ဆေးများ စင်ကြယ်အောင် သေချာစွာဆေးပါ။ တတ်နိုင်လျှင် အခွံနွှာပါ။ ရေချိုငါးအချို့တွင် ပြဒါးအဆိပ်သင့်သည့် ပြဿနာ ရှိနိုင်သည်။ ပင်လယ်ငါး၊ ပုစွန်တို့က ပို၍ စိတ်ချရလေ့ရှိသည်။ သို့သော် ငါးမန်းကဲ့သို့သော ငါးသေးသေးလေးများကို ပြန်စားသည့် ငါးမျိုးထဲတွင်တော့ ပြဒါးတို့ စုဝေးနေလေ့ရှိသည်။ သောက်ရေတွင်း၊ ရေကန်များ၊ စဉ့်အိုးတွင်းရှိ ရေများ၏ ခဲပါဝင်နှုန်း စစ်ဆေးသင့်သည်။

 

သားသားမီးမီးအတွက်လေ
ဆေးလိပ်၊ စီးကရက် မသောက်ပါနှင့်။ ကလေးနားတွင် မသောက်ပါဘူး။ အိမ်ပြင်ထွက်သောက်တာပါဆိုလျှင် ကျေးဇူးတင်ပါသည်။ သို့သော် တစ်ခါထွက်သောက်ပြီးတိုင်း အဝတ်အစားလဲ၊ ရေချိုး၊ တတ်နိုင်လျှင် ခေါင်းပါ လျှော်ခဲ့ပြီးမှ အိမ်ထဲပြန်ဝင်ပါ။အိမ်ထဲတွင်၊ အိမ်အနီးတွင် ခဲငွေ့ထွက်နိုင်သော ဘက်ထရီလုပ်ငန်းလိုဟာမျိုး မရှိစေရ။ ခြင်ဆေးခွေ ထွန်းမည့်အစား ခြင်လုံအိမ်ဖြစ်ရန် ကြိုးစားပါ။ အိမ်ကို ပိုးသတ်ဆေးဖျန်းမည်
ဆိုလျှင် အနည်းဆုံး ၂၄ နာရီ ကြာပြီးမှ ကလေးကို အိမ်ထဲပေးဝင်ပါ။ (ကလေးတွင် လိမ်းထားသော ခြင်မကိုက်ဆေးများလည်း အိမ်ပြန်ရောက်သည်နှင့် ဆေးပြီး ဖျက်ပစ်ပါ။

 

သားသားမီးမီးတို့အတွက်အိမ်
နံရံတွေ သုတ်ဆေးကွာနေလျှင် သည်အတိုင်းကြီး မထားပါနှင့်။ ပြန်လည်ပြုပြင်ပါ။ ဆေး သုတ်ပြီးလျှင်လည်း လေဝင်လေထွက် ကောင်းနေပါစေ။

 


Credit:
ပါမောက္ခရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကုဆရာဝန်ကြီး

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18