Print

ဖျားနေသော ကလေးပြုစုခြင်း

  28-Feb-2017
Preview Image

၁။ ကလေးတစ်ယောက်ဖျားရင် ဘာလုပ်သင့်ပါသလဲ။

ကလေးတွေရဲ့ တစ်ပတ်အောက် အဖျားက ရာသီနဲ့ဆိုင်ပါတယ်။ တစ်ပတ်ကျော် ဖျားလာပြီ ဆိုရင်လည်း ရောဂါတိတိကျကျ ရှာဖွေပြီး တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ 

 

၂။ ကလေးတစ်ယောက်ဖျားတိုင်း အပူကျဆေး (Antipyretic) တိုက်သင့်ပါသလား။

ကလေးတစ်ယောက် အဖျားတက်ရင် အပူကျဆေးဖြစ်တဲ့ ပါရစီတမော (paracetamol) တိုက်သင့်ပါတယ်။ ဒါပေမဲ့ ပုံမှန် တစ်နေ့သုံးကြိမ်၊ လေးကြိမ်အဖျားမတက်ဘဲ မတိုက်သင့်ပါဘူး။ စအိုကနေ ထည့်သွင်းတဲ့ (Suppository) ဆေးတောင့်တွေ ပေါ်လာပြီဖြစ်တဲ့အတွက်ဖျားရင် တက်တတ်တဲ့ ကလေးတွေနဲ့ အဖျားကြီးတဲ့ ကလေးတွေမှာ အသုံးပြုနိုင်ပါတယ်။အဖျားကျဆေး တစ်မျိုးတည်း တိုက်ရုံနှင့် ရောဂါ မပျောက်ပါ။ လိုအပ်တဲ့ ဆေးဝါးသုံးစွဲရာမှသာ ရောဂါပျောက်ကင်းမှာဖြစ်ပါတယ်။ ကလေးများအတွက် ပါရာစီတမောကိုသာ သုံးစွဲသင့်ပါတယ်။ အခြား အပူကျဆေးများက အစာအိမ်ကို သွေးယိုစေနိုင်တဲ့အတွက် ကလေးများအတွက် မသင့်တော်ပါ။ အထူးသဖြင့် သွေးလွန်တုပ်ကွေးရောဂါအတွက်
သောက်သုံးရန် မသင့်ပါ။

 

၃။ ဖျားနေကျကလေးကို အစာဆက်ကျွေးသင့်ပါသလား။

အူရောင်ငန်းဖျား မဟုတ်ပဲ ရိုးရိုးဖျားနေတဲ့ကလေး တစ်ယောက်ကို အစာဆက်ကျွေး ရပါမယ်။ ကလေးကို ကျွေးနေကျ အစာကို ဆက်ကျွေးရပါမယ်။ အရည်လည်း များများတိုက်ရပါမယ်။ ကလေးတစ်ယောက်က ကြီးထွားနှုန်း လိုအပ်နေတဲ့အတွက် အစာမဖြတ်သင့်ပါ။ အစာဖြတ်ရင် နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ အာဟာရဖြတ်ခြင်းရောဂါတွေ ရလာပါလိမ့်မယ်။

 

၄။ ဖျားနေတဲ့ကလေးကို ဘယ်လိုပြုစုမလဲ။

ကလေးတစ်ယောက်ဖျားနေရင် -

၁။ အဝတ်ထူထူ မဝတ်ရပါ။
၂။ တံခါးများကို အလုံမပိတ်ရပါ။ လေဝင်လေထွက် ကောင်းအောင်ထားပါ။
၃။ ရေပတ်တိုက်ပါ။ ရေချိုးပေးပါ။
၄။ အရည်များများ တိုက်ပါ။
၅။ ကျွေးနေကျအစာကို ဆက်ကျွေးပါ။
၆။ အပူကျဆေး ပါရာစီတမောကို ပါးစပ်မှလည်းကောင်း၊ စအိုမှလည်းကောင်းပေးနိုင်ပါတယ်။
၇။ သွေးလွန်တုပ်ကွေးရောဂါမှာ အပူကျဆေး ပါရာစီတမောကို များများ မတိုက်ရပါ။ ဆေးသောက်များရင် ချွေးထွက်များပြီး ကလေးက အေးစက်သွားတတ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးအေးသောင်း
ကလေးအထူးကု သမားတော်ကြီး 
Health for all magazine, September 2015, Pg. 9

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18