Print

Ultrasound အာထရာဆောင်း (သို့) တီဗွီဓာတ်မှန်

  28-Feb-2017
Preview Image

 

အာထရာဆောင်းမှာ ခေတ်မီဝမ်းတွင်းသနွေသား ရောဂါရှာဖွေမှုတွင် ပင်မမဏ္ဍိုင် ဖြစ်သည်။ အသံကိုအခြေခံ၍ တီထွင်ထားသော အဆိုပါကိရိယာမှာ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ၏ တည်ဆောက်ပုံ၊ ချွတ်ယွင်းမှုများ၊ သနွေသား၏ ရွေ့လျားနိုင်မှုများ။ ယခုမျက်မှောက်ခေတ်တွင် သားအိမ်အတွင်း ရောဂါရှာဖွေမှုများနှင့် ကုသမှုများကိုပါ ပြုလုပ်နိုင်သည်။ အနှစ် ၃၀ ခန့် အသုံးပြုပြီး တိုင်အောင် ရောဂါရှာဖွေမှုပြုလုပ်ရာတွင် သုံးသော အာထရာဆောင်းမှာ သနွေသားအတွက် အန္တရာယ်ဖြစ်စေကြောင်း အထောက်အထား မရှိပေ။ အခြေခံ သားဖွားဆိုင်ရာ အာထရာဆောင်း ကျွမ်းကျင်မှုကို လွယ်လွယ်ကူကူပင် ရနိုင်သည်။ ဌာနများစွာတွင် အသုံးပြုနေကြသည်။

 

ကိုယ်ဝန်ဆောင်ချိန် ၁၈ ပတ်တွင် ကျွမ်းကျင်သော အာထရာဆောင်းပညာရှင်သည် ဦးခေါင်း၊ မျက်နှာ၊ လည်ပင်း၊ ကျောရိုး၊ နှလုံး၊ ရင်ခေါင်း၊ ကန့်လန့်ဖြတ်ကြွက်သား၊ ဝမ်းဗိုက်သား၊ ဆီးလမ်းကြောင်း၊ လိင်အင်္ဂါ၊ လက်မောင်း၊ ပေါင်၊ ခြေထောက်၊ သွေးကြော များ၊ အချင်းတည်နေရာ ရေမြွှာထုထည်တို့၏ ချွတ်ယွင်းချက်များကို ရှာဖွေတိုင်းတာနိုင်သည်။ သနွေသား၏ အာရုံကြောပြွန်နှင့် နှလုံးတို့၏ ကြီးမားသော အန္တရာယ်ရှိမရှိ ရှာဖွေရာတွင် အသုံးကျသည်။ 

 

နှလုံးချို့ယွင်းမှုများကို အရှင်မွေးကလေး ၁၀၀၀ တွင် လေးယောက်၌ တွေ့ရ သည်။ နှလုံး၏ အခန်းလေးခန်း အမြင်သည် နှလုံးချွတ်ယွင်းမှု အများစုကို ခွဲခြားဖယ် ထုတ်နိုင်သည်။ ထို့အတူ နှလုံးဝင်ရိုး Cardiac Axis သည်လည်း ကန့်လန့်ကြွက်သား အူကျွံနာ Diaphragmatichernia နှင့် ရင်ခေါင်းအကျိတ်များ ရှိမရှိ ရှာဖွေရာတွင် ရှိနေစဉ် နှလုံးချွတ်ယွင်းမှုကို တွေ့ရပါက မိဘများအဖို့ ဆရာဝန်များနှင့် ဆွေးနွေးရန် အချိန်ရနိုင်သလို၊ အခြားချွတ်ယွင်းမှုများ ရှိမရှိ စမ်းသပ်ချက်များ ပြုလုပ်နိုင် သည်။ မွေးတွင်းပါ နှလုံးရောဂါရှိသော သနွေသားများကို အကောင်းဆုံး ကိရိယာတန်ဆာပလာရှိပြီး ကုသနိုင်သည့် ဌာနတွင် မွေးဖွားနိုင်ပေသည်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဒေါက်တာလှဖေ
Health for all magazine, January 2016, Pg. 29

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18