Print

ကလေးနှင့် ခြင်ဆေး

  28-Feb-2017
Preview Image

 

မြန်မာနိုင်ငံရဲ့ ခြင်ပေါတဲ့အရပ်ဒေသတွေမှာ အများစုက ခြင်ဆေးခွေကို အားထားသုံးလေ့ရှိတဲ့အတွက် ဒီအခန်းကဏ္ဍကို ထည့်ရေးလိုက်တာပါ။ ကလေးခြင်ထောင် တတ်နိုင်သူတွေက ကလေးကို ခြင်ထောင်နဲ့ သိပ်ရင်ပိုကောင်းပြီး ကလေးခြင်ထောင် မတတ်နိုင်သူတွေက ကလေးကို ခြင်မကိုက်မိအောင် နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် ခြင်ခါထားတဲ့ လူကြီးခြင်ထောင်ထဲတွင် ကလေးကို သိပ်သင့်ပါတယ်။ ဒါဟာ ကလေးကို ခြင်ဆေးခွေထွန်းပြီး သိပ်တာထက် ပိုအန္တရာယ်ကင်းစေပါတယ်။

 

တချို့တွေက ခြင်မလာအောင် ကလေးနား ခြင်ဆေးခွေထွန်းပြီးသိပ်တဲ့ မိဘတွေရှိသလိုခြင်ပြေးတဲ့ ဆေးရည်ကိုပလပ်ပေါက်ထဲထည့်ထွန်းရတဲ့အရာမျိုး၊ ဖြန်းတဲ့ ခြင်ဆေးရည်မျိုး၊ အသံတုန်ခါမှုနဲ့ ခြင်ပြေးအောင်လုပ်တဲ့နည်း စသဖြင့်သော ခြင်ပြေးဆေးတွေက နုငယ်တဲ့ ကလေးတွေ ၊ အကြားအာရုံ ဖွံ့ဖြိုးဆဲဖြစ်တဲ့ ကလေးတွေအတွက် မသင့်တော်ပါဘူး။ (အသံတုန်ခါနည်းနဲ့ ခြင်ပြေးအောင် သုံးချင်တယ်ဆို ကလေးထားတဲ့အခန်း မဟုတ်ဘဲ အပြင်မှာ သုံးနိုင်ပါတယ်။)

 

ခြင်ဆေးအနံ့တွေ၊ အငွေ့တွေက ကလေး အသက်ရှူတဲ့အခါ အခက်အခဲဖြစ်စေသလို ရေရှည်မှာ အဆုတ် ချို့ယွင်းတတ်ပါတယ်။ မထွန်းမဖြစ် ထွန်းရမယ်ဆိုရင်တော့ ခြင်တွေ ဝင်လာနိုင်တဲ့ ပြတင်းပေါက်လိုမျိုး၊ တံခါးပေါက်လိုမျိုး ကလေးနဲ့ ခပ်ဝေးဝေးနေရာမှာ ထွန်းသင့်ပါတယ်။ တစ်နှစ်အောက် ကလေးကိုယ်မှာ ခြင်ဆေးရည်လိမ်းပေးတာမျိုးကိုလည်း အထူးရှောင်သင့်ပါတယ်။ လိမ်းပေးခဲ့မိရင် နုငယ်တဲ့ ကလေးရဲ့ အရေပြားဖောက်ပြန်လာမှုတွေ ၊ ထိခိုက်လာမှုတွေကို တွေ့ကြုံနိုင်ပါတယ်။ တတ်နိုင်ရင် သုံးနှစ်အရွယ်အထိ ကိုယ်မှာ ခြင်ဆေးရည်လိမ်းပေးတာမျီုးကို ရှောင်ကြည်သင့်ပါတယ်။ ပါးစပ်ထဲ ခြေ၊လက်ထည့်ထားတတ်တဲ့ ကလေးဟာ ဟိုကိုင်ဒီကိုင်ရင်းနဲ့ ပါးစပ်ထဲ လက်ထည့်နိုင်တာမို့လည်း အန္တရာယ်ရှိနိုင်ပါတယ်။

 

ခြင်ဆေးခွေကိုကိုင်မိလို့ လက်လောင်တာမျိုး ၊ ဆော့ကစားမိလို့ မီးလောင်တာမျိုးကနေ အန္တရာယ်အမျိုးမျိုးရှိတတ်တာကြောင့် ကလေးကိုယ်ပေါ် ၊ ကလေးအနီးနှင့် ကလေးရောက်နိုင်တဲ့ နေရာတွေမှာ ခြင်ဆေးအသုံးပြုခြင်းကို ရှောင်ကြည်သင့်ပါတယ်။ယုံကြည်စိတ်ချရတဲ့ အမှတ်တံဆိပ်က ထုတ်လုပ်တဲ့ ကလေးသီးသန့်သုံး ခြင်ပြေးစတစ်ကာတွေကို ကလေးရဲ့ အကျႌပေါ်မှာ ကပ်ပေးထားလို့လည်းရပါတယ်။ ပုံမှန်အားဖြင့် သူက နှစ်နာရီအတွင်း အစွမ်းပြလာမှာဖြစ်ပြီး တချို့အမှတ်တံဆိပ်ထုတ် စတစ်ကာတွေကတော့ (၃၆)နာရီအထိ ခံတာလည်း ရှိပါတယ်။ ထုတ်လုပ်တဲ့ ပစ္စည်းအညွှန်းအတိုင်း သေချာလိုက်နာ အသုံးပြုသင့်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ရတု(burmesehearts.com)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18