Print

ဒီလိုအချိန်မျိုးမှာ ကလေးကို မဆုံးမပါနဲ့

  28-Feb-2017
Preview Image

 

မိဘများဟာ ကလေးကို ပေါက်မြောက်စေချင်လွန်းတော့ နည်းမျိုးစုံနဲ့ သွန်သင်တာမျိုး၊ ဆိုဆုံးမတာမျိုး ပြုလုပ်တတ်ပါတယ်။ ဒါပေမဲ့ အောက်ပါ အချိန်အခါနဲ့ အခြေအနေကို ရှောင်ရှားတတ်ဖို့ လိုပါတယ်။

 

၁။ သတိရမှ သွန်သင်ဆုံးမတာမျိုး

ကလေးကို သွန်သင်တယ်။ လမ်းညွန်တယ်။ ဆိုဆုံးမတယ်ဆိုတာ စိတ်ရှည်ရှည် နဲ့ ရေရှည် ပြုလုပ်ရမယ့် ဝတ္တရားတစ်ခုပါ။ မိဘများ အလုပ်ရူပ်တယ် ဆိုပြီးတော့မှ သတိရ ခါမှ ကောက်ကာငင်ကာ ဆုံးမလိုက်တာမျိုး မလုပ််သင့်ပါဘူး။ အဲလိုပြုလုပ်လိုက်ရင် ကလေးရဲ ့ နုနယ်တဲ့ စိတ်ထဲမှာ အူတူတူနဲ့ အနာတရ ရသွားတတ်ပါတယ်။

 

၂။ စိတ်ဆိုးမှ သွန်သင်ဆုံးမတာမျိုး

ဘယ်သူပဲဖြစ်ဖြစ် စိတ်ဆိုးတဲ့အခါ၊ ဒေါသထွက်တဲ့ အခါကျရင် သွေးပူနေတတ်ပါ တယ်။ သွေးပူ ခေါင်းပူနေတဲ့ အချိန်မှာ တစ်ခုခုကို ပြောချင်ရင်တောင်မှ ကိုယ့်စိတ်ကို ခဏ ထိန်းသိမ်းပြီး စိတ်ပြေသွားမှ ပြောဆိုသင့်ပါတယ်။ တစ်ခါတစ်လေမှာ ကလေးမှားတာက ဘာမှ မပြောပ စလောက်လေး၊ ကိုယ်ဘဝင်မကျတာက များများ၊ အဲလိုအချိန်မျိုးမှာ ကိုယ်က စိတ်ဆိုးနေတတ်ပြီး ဆိုဆုံးမလိုက်ရင် ဆိုးကျိုးဘက်ကို ဦးတည်သွားစေတတ်ပါတယ်။

 

၃။ လူရှေ့သူရှေ့ မှာ ကလေးကို ဆိုဆုံးမတာမျိုး

ကလေး ဘယ်လောက်ပဲ မှားနေမှားနေ၊ ကလေးကို အိမ်ခေါ်ပါ။ အိမ်ရောက်မှ အကြောင်းအရာကို သေသေချာချာ မေးမြန်းပြီး ဆိုဆုံးမစရာ ရှိက ဆုံးမပါ။ လူရှေ့ သူရှေ့မှာ ဆိုဆုံးမ မိရင် ကလေးရဲ့ အတွင်းစိတ်ကို အလွန်ထိခိုက်တတ်ပြီး ကလေးရဲ့ ရှေ့ရေး ကို ထိခိုက်နိုင်တဲ့ အထိ ဖြစ်တတ်ပါတယ်။

 

၄။ ကလေးနဲ့ တစ်ခုခု ဆွေးနွေး နေတဲ့ အခါမျိုးမှာ ဆိုဆုံးမတာမျိုး

မိသားစု စကားလက်ဆုံ ကျတဲ့ အခါမျိုးမှာ တစ်ခုခု တိုင်ပင်ဆွေးနွေးနေတဲ့ အခါ အကြောင်းအရာ တစ်ခုခု နဲ့ ပတ်သက်လို့ မိဘက အလိုမကျခဲ့ရင် ကောက်ကာငင်ကာ ဆိုဆုံးမတာမျိုး ရှောင်ရှားသင့်ပါတယ်။ အဲလိုလုပ်ရင် ကလေးက ကိုယ့်ကို ဘာမှ ပြန် မပြောပြတော့ဘူး၊ နောင်တစ်ခါ ကိုယ်နဲ့လည်း ဘာမှ မဆွေးနွေးတော့ဘူး။

 

၅။ ထမင်း စားချိန်၊ အိပ်ရာဝင်ခါနီးချိန်မှာ ဆိုဆုံးမတာမျိုး

ထမင်းလက်ဆုံ စားတဲ့အချိန်ဆိုတာ မိသားစု အတွက် အလွန်ကြည်နူးစရာကောင်း တဲ့ အချိန် ဖြစ်ပါတယ်။ ပျော်ရွှင်မူကို ခံစားသင့်တဲ့ အချိန်အခါ၊ ကျေးဇူးတင်သင့်တဲ့ အချိန်အခါ၊ မိသားစုအတွင်း စကားလက်ဆုံ ကျပြီး အတွေးအခေါ် ဖလှယ်နှီးနောတဲ့ အချိန်အခါကောင်း ဖြစ်သင့်ပါတယ်။ အဲဒီ အချိန်မှာ တစ်ခုခု ကို သတိရလိုက်လို့ ဆိုဆုံးမလိုက်ရင် မိသားစုဝင်များ အားလုံးရဲ ့ ခံစားမူ ကို ပြောင်းလဲသွားစေပါတယ်။ ညအိပ်ရာ ဝင်ခါနီးရင်လည်း ကလေးများ ကောင်းကောင်းမွန်မွန် နားနေစေဖို့ အဲဒီအချိန်မှာ ဆိုဆုံးမတာမျိုး ရှောင်ရှားသင့်ပါတယ်။

 

၆။ အပြစ် နှစ်ခု သုံးခုကို စုပုံပြီး တပြိုင်တည်း ဆိုဆုံးမတာမျုုိး

အပြစ် သုံးလေးခုကို စုပုံပြီး တစ်ပြိုင်တည်း ဆိုဆုံးမတာမျိုးဟာ လုံးဝ မထိရောက် တတ်ပါဘူး။ ကလေးဟာ ဘယ်ဟာကို ဦးစားပေး ပြုပြင်ရမယ်ဆိုတာကို ဦးတည် ချက် ပျောက်ဆုံးနေတတ်ပါတယ်။ မိဘများအနေနဲ့ မိမိကလေးကို သိပ်ပြီး ဂရုမစိုက်ရာ လည်း ရောက်ပါတယ်။ ဂရုတစိုက် ရှိခဲ့ရင် အပြစ်သေးသေးလေးကတည်းက တွေ့ရှိရမယ့် ကိစ္စကို သုံးလေးခု ကျမှ တပြိုင်တည်း ဆိုဆုံးမတာကိုက သဘာဝ သိပ်မကျလှပါဘူး။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit : Sya Aung Ko Latt
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18