Print

ကလေး စိတ်ကောက်တာကို နည်းလမ်းမှန်ဖြင့် ချော့နည်း

  28-Feb-2017
Preview Image

 

သင့်ကလေးငယ်က လူကြားထဲမှာဖြစ်စေ၊ စားသောက်ဆိုင် တစ်ခုခုမှာဖြစ်စေ ၊ စျေးဝယ်စင်တာတွေမှာ ဖြစ်စေ ဆိုးဆိုးရွားရွား ပြန်အော်တာမျိုး၊ ပြန်ခံပြောတာမျိုးကို ကြုံနေရပါသလား။ ဒါက သင့်ကို သူစိတ်ဆိုး၊ စိတ်ကောက်နေတာကြောင့်ပါ။ သင့်ဘက်က အရမ်းစိတ်ဆိုး၊ ဒေါသထွက်နေရင် ပြန်ဖြေရှင်းနိုင်မယ့် နည်းလမ်း မဟုတ်ပါဘူး။  ဒီလိုဖြစ်စဉ်တွေက ကလေးငယ်တိုင်း ဖြစ်တတ်တဲ့ စိတ်အလိုမကျမှု တစ်ခုဖြစ်ပြီး အရွယ်ငယ်သေးတဲ့ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှု ပုံစံမျိုးလို့လည်း ကလေးအထူးကု ဆရာဝန်ကြီး တစ်ဦးက ဆိုပါတယ်။ ကလေးအရွယ်တွေဟာ စိတ်အလိုမကျတာတွေကို ဖွဲ့နွဲ့ပြောဆိုဖို့ မပြောတတ်သေးတဲ့အရွယ် ဖြစ်တဲ့အတွက် အမူအယာတွေနဲ့ ပြတတ်ကြ ပါတယ်။ ဒီလို ကလေးငယ်တွေဟာ သူတို့ စိတ်အလိုမကျမှုတွေ၊ သူတို့မိဘတွေရဲ့ ဂရုစိုက်မှုတွေကို တခြား နည်းလမ်းတစ်ခုနှင့် ရယူတာမျိုးပါ။ တကယ်တော့ ကလေးငယ်တွေကို နားဝင်အောင် ပြောဖို့သာ အရေးကြီးပြီး ဘယ်လို ချော့ရမလဲဆိုတာတွေကို လေ့လာကြည့်ပါ။

 

(၁) သီးသန့် မထားပါနှင့်

ကလေး စိတ်ကောက်နေတဲ့ အချိန်မှာ တစ်ယောက်တည်း နေပါစေဆိုပြီး မထား သင့်ပါဘူး။ ကလေးဖြစ်ချင်တဲ့ ဆန္ဒတွေကို သေချာနားထောင်ပြီး ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာနဲ့ ဘာကြောင့်ဆိုတာကို ရှင်းပြပါ။ အမိန့်ပေးတဲ့ပုံစံနှင့် တားမြစ်တာမျိုး၊ ဒါစည်းကမ်းပဲ ပြန်မပြောနှင့်ဆိုတာမျိုး ဘယ်တော့မှ မပြောပါနဲ့။ ကလေးအတွက် ကောင်းမွန်တဲ့ ဆုံးမခြင်းမျိုး မဟုတ်ပါဘူး။

 

(၂) ကလေး အခြေအနေကို နားလည်ပါ

သင့်ကလေးက ပုံမှန်မဟုတ်ဘဲ ဂျီကျနေမယ်ဆိုရင် ကလေး ဘာကြောင့် စိတ်ကောက်နေသလဲ ဆိုတာကို အရင်လေ့လာပါ။ ကလေးငယ်တွေက အိပ်ရေး မဝရင် လည်း စိတ်မကြည်လင်ဘဲ စိတ်ကောက်တတ်ပါတယ်။ အသံကျယ်ကျယ် သီချင်းသံတွေနဲ့ ကျပ်ညပ်လွန်းပြီးသက်သောင့်သက်သာ မဖြစ်တဲ့ အခြေအနေမျိုးမှာလည်း စိတ်ကောက်ပြီး အော်ဟစ် ငိုကြွေးတတ်ပါတယ်။ ဒါကြောင့် ကလေးငယ်ရဲ့ အပြုအမူနဲ့ အခြေအနေကို ကြည့်ပြီး နားလည်အောင် ကြိုးစားပါ။

 

(၃) အမြဲတမ်း အပြောမခံပါနှင့်

ကလေးတွေက သူတို့အထက်က အကြီးတွေ၊ မိဘတွေနဲ့ ဆရာသမားတွေကို အတုယူ တတ်ကြပါတယ်။ ဒါကြောင့် သင်က ကိုယ့် အထက်လူကြီးတွေကို ရိုသေလေးစားတတ်အောင်နဲ့ ငယ်သူတွေကို သနားညှာတာတတ်အောင် ရှေ့က လုပ်ဆောင်ပြပါ။

 

(၄) အိမ်မွေး တိရစ္ဆာန်လေးတွေနှင့် ချော့ပါ

အိမ်မှာ မွေးထားတဲ့ အိမ်မွေး တိရစ္ဆာန်လေးတွေရဲ့လိမ္မာတဲ့ အကျင့်လေးတွေ ကို ပြောပြလိုက်ပါ။ သူတို့ချစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကြောင့် ကလေးငယ်ရဲ့စိတ် ဟာ ချက်ချင်း ပြေလျော့သွားတတ်ပါတယ်။

 

(၅) ချစ်ခင်ကြောင်း ပြပါ

ကလေးကို တစ်နေ့ ၁၀ မိနစ်လောက်တော့ အချိန်ပေးပြီး သေသေချာချာ စကားပြောဆိုပါ။ ၁၀ မိနစ်လောက်အချိန်မှာ ကလေးကို ဆူပြောမိတာတွေ၊ ဘာကြောင့် ပြောရတယ်ဆိုတာကို နားလည်အောင် ပြောပြပြီး နားထောင်ပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်းလည်း ပြောပါ။ ကလေး နားထောင်ပြီးချိန်မှာ ကလေး ကို ပွေ့ဖက်ပြီး၊ နမ်းရှုပ်ပါ။ မျက်လုံးချင်း သေချာကြည့်ပြီး အရင်းနှီးဆုံး အနေအထားတစ်ခုကို တည်ဆောက်ပေးပါ။

 

(၆) ချော့မြူလိုက်ပါ

သုံးနှစ်၊ လေးနှစ်အရွယ် ကလေးငယ်တွေဟာ စိတ်အလိုမကျတာကြောင့် စိတ်ကောက်တယ်ဆိုရင် ချက်ချင်းဆိုသလို တစ်ဖက်လူ ပြောတာကို နားမဝင် ဘဲ အော်ဟစ်ငိုကြွေးနေတတ်ပါတယ်။ ဒီအချိန်မှာ တစ်ခုခုကို အာရုံပြောင်းသွားအောင် အသံကျယ်ကျယ်နှင့် ဝါးကနဲ အော်ရယ်လိုက်တာမျိုး၊ လက်ခုပ်တီးပြီး အာရုံပြောင်း ကာ ချော့မြှူလိုက်မျိုးတွေက ကလေး စိတ်ကောက်နေတာကို ချက်ချင်း ပြေပျောက် သွားစေပါတယ်။

 

(၇) ကျိုးကြောင်းဆက်စပ် ရှင်းပြပါ

ကလေးကို အော်ဟစ်လိုက်တာမျိုး ဆူပူကြိမ်းမောင်းတာမျိုးတွေ ဘယ်တော့မှ မလုပ်ပါနှင့်။ ကလေးရဲ့ဦးနှောက်က အကြောင်းပြချက်တွေကို လက်ခံပေးနိုင်ပြီး ဂရုစိုက်မှုတွေကို ပိုကြိုက်နေတဲ့အချိန် ဖြစ်တာကြောင့် ကျိုးကြောင်းနားလည်အောင် ပြောပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
TTO
Arogyam magazine, No.283, February 2016, Pg. 164-166

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18