Print

ကလေးကျန်းမာရေးအတွက် အမှတ်မှားသော အမှားများ

  28-Feb-2017
Preview Image

 

မိမိရင်သွေးအတွက် ကျန်းမာရေး၊ ကြီးထွားရေး၊ ဉာဏ်ရည် ထက်မြက်ရေးအတွက် မိဘတွေ ပူပင်ကြပါတယ်။ အဘိုး၊ အဘွားတွေလည်း ပူပန်ကြပါတယ်။ ဒီအတွက်ကြောင့် အကောင်းဆုံးဖြစ်အောင် ကလေးအတွက် လုပ်ဆောင်ကြပါတယ်။ ဒီလို လုပ်ဆောင်ကြရာမှာ အချို့သော လုပ်ဆောင်ချက်တွေက တစ်ဆင့်စကား၊ တစ်ဆင့်ကြားခြင်းဖြင့် မှတ်သား လုပ်ဆောင်နေသော အမှားများ ဖြစ်တာကို ဂရုမပြုခဲ့ကြတာပါ။

 

1.ပါရာစီတမော အပူကျဆေးများကို ပိုမိုတိုက်ကျွေးခြင်း

ကလေးများဖျားလျှင် အပူကျရန်အတွက် ပါရာစီတမောဆေးက အန္တရာယ် ကင်းသော ဆေးဖြစ်ပါသည်။ အထူးသဖြင့် သွေးလွန်တုပ်ကွေး အဖြစ်များသော မိုးရာသီမှာ အခြားကိုယ်ပူကျဆေးများက အစာအိမ်ရောင်ခြင်းဖြစ်သဖြင့် ကော်ဖီရောင် အန်လျှင် ရောဂါ သတ်မှတ်မှု မှားနိုင်ပါတယ်။တချို့သော မိဘများက ကိုယ်ပူကျရန်အတွက် ပါရာစီတမောကို သတ်မှတ်သောဆေးပမာဏထက် များများတိုက်ကြပါတယ်။ ဒါကြောင့် အချို့ကလေးများမှာ ပိုမိုချွေးထွက် လာပြီး မလှုပ်မရှား နုံးခွေသွားတတ်ပါတယ်။ သွေးလန် ့နိုုင်သော သွေးလွန်တုပ်ကွေး ကလေးများဖြစ်ပါက ရောဂါ ပိုမိုဆိုးဝါးသွားစေပါတယ်။ ပူအိုက်သော ရာသီများတွင် ပါရာစီတမောဆေးကို ပိုမို တိုက်ကျွေးရန် မသင့်ပါ။ ရာသီပူ၍ ချွေးထွက်ပြီး ဆေးကြောင့် ပိုမိုထွက်စေမှာ ဖြစ်ပါတယ်။

 

2. ပါရာစီတမောဆေးကို အဖျားမတက်ရန် ကြိုတင်တိုက်ခြင်း

ပါရာစီတမောဆေးကို ခြောက်နာရီခြား တစ်ခါ တိုက်ကျွေးနိုင်သော်လည်း အဖျားမတက်ရန် ကြိုတင်၍ ဆေးတိုက်ကျွေးရန် မသင့်ပါ။ မကြာခဏ တိုက်ကျွေးခြင်း၊ စအိုမှတစ်ဆင့် ထည့်သွင်းခြင်းများ ပြုလုပ်ရန် မသင့်ပါ။ အဖျားတက်လာလျှင်၊ ပါရာစီတမောတိုက်ပြီး အပူချိန် ၁၀၂' F ကျော်လာလျှင်တော့ စအိုမှတစ်ဆင့်ထည့် သွင်းခြင်း ပြုလုပ်နိုင်ပါတယ်။ ပါးစပ်မှ တိုက်ကျွေးခြင်းနှင့် စအိုမှထည့်သွင်းခြင်းကို တစ်ပြိုင်နက် ပြုလုပ်ရန်မသင့်ပါ။

 

အသိပေးခြင်း
ပါရာစီတမောဆေးများနှင့် ပတ်သက်၍ မိဘများအနေဖြင့် မိိမိအသုံးပြုသောဆေး တွင် ဆေးပမာဏ မည်မျှပါဝင်သည်ကို သိထားရန်လိုပါတယ်။ ကလေးကို တိုက်ကျွေးရာ တွင် ပါရာစီတမော 20mg/5mg လား။ 250mg/5mg လား ဆိုတာကို ဆရာဝန်က လည်း သေချာစွာ ခွဲခြား ညွှန်ပြထားရပါမယ်။ ပါရာစီတမော အစက်ချဆေးများကလည်း 100mg/ml ဖြစ်သဖြင့်၊ ညွှန်ထားသည့်အတိုင်း တိုက်ရန် သတိပေးထားရပါမယ်။ စအိုမှ ထည့်သွင်းသော ပါရာစီတမောကိုလည်း တစ်တောင့်လျှင် 125mg ၊ 250mg၊ 300mg စသည်ဖြင့် မည်မျှပါဝင်သည်ကို သိရှိပြီး မည်သည့်ဆေးကို ရွေးချယ်ရမည်ကို မိဘများ သိထားသင့်ပါသည်။

 

မှတ်ချက်
၁။ ပါရာစီတမောဆေးသည် အဖျားကျရန်အတွက် အန္တရာယ်အကင်းဆုံးသော ဆေးဖြစ် ပါတယ်။
၂။ မိမိသုံးစွဲမည့် ပါရာစီတမောဆေးရည်တွင် ပါဝင်သော ဆေးပမာဏကို မိဘတွေ ‘ လုံးဝ ‘ သိထားရပါမယ်။
၃။ အပူမတက်ရန်အတွက် ပါရာစီတမောကို ကြိုတင်တိုက်ရန် မသင့်ပါ။
၄။ အဖျားကျ မြန်စေရန်အတွက် ပါရာစီတမောဆေးရည်များကို လိုအပ်သည်ထက် ပိုမို တိုက်ကျွေးရန် မသင့်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ပါမောက္ခ ဒေါက်တာအေးသောင်း ( ကလေးအထူးကု သမားတော်ကြီး ) 
Health for ALL magazine , No. 107 December 2015

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18