Print

ကလေးများနဲ့ ပန်းနာရင်ကျပ်အန္တရာယ်

  28-Feb-2017
Preview Image

ပန်းနာရင်ကျပ်ရောဂါဟာ ကလေးလူကြီးမရွေး ခံစားရတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ 

 

ပန်းနာရင်ကျပ်ဖြစ်စေသောအကြောင်းများ
သေချာတဲ့ အကြောင်းရင်း ရှာမရပေမဲ့ အောက်ပါ အကြောင်းအရာတွေကြောင့် ပန်းနာဖြစ်ပေါ်တာ အများဆုံးတွေ့ရတယ်။ ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်တွေ၊ မီးခိုးငွေ့၊ မီးခိုးနဲ့ ဆီးနှင်းနဲ့ရောနေတဲ့ မှိုင်း (smog)၊ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ အိမ်နံရံတွေမှာ ကပ်ငြိနေတတ်တဲ့ မှိုတွေ၊ အိမ်ခန်းတွေမှာ လေဝင်လေထွက်မကောင်းတာ၊ အမြန်စာတွေ စားကြတာ၊ ဓာတ်မတည့်စေတဲ့ အလာဂျီစတာတွေက ပန်းနာဖြစ်လွယ်စေတယ်။

 

ကုသခြင်း
စတီးရွိုက်နဲ့ လေပြွန်ကျယ်စေတဲ့ ရှူဆေးတွေ ရှူစေခြင်း၊ ဗက်တီးရီးယားပိုးဝင်တဲ့ လက္ခဏာပါ တွေ့နေရရင် ပဋိဇီဝဆေးပေးခြင်း၊ လေပြွန်ကျယ်စေတဲ့ ဆေးဝါးကုသခြင်း စတာတွေက လျင်မြန်စွာနှင့် ယာယီသက်သာစေတဲ့ ကုနေကျကုထုံးတွေ ဖြစ်ကြတယ်။ 

 

ပန်းနာရင်ကျပ်ရဲ့လက္ခဏာတွေ
တရွှီရွှီမြည်သံနဲ့ ခက်ခဲပင်ပန်းစွာ အသက်ရှူသွင်း ထုတ်နေရတဲ့ အပေါ် ချောင်း တဟွတ်ဟွတ်ဆိုး၊ ချွဲကထွက်ချင်မှထွက်၊ အသက်ရှူက မြန်သလာက် တိုတောင်းကာ ရှူလိူ့ရှိုက်လို့ ကြိုးစားပေမဲ့ အသက်ရှူလို့မဝ၊ ခံစားရတာ မြင်ရုံနဲ့ အတော်လေးပင်ပန်းမှန်း သိသာပါတယ်။ ပါးစပ်ပါဟပြီး ရှူရတော့ နှုတ်ခမ်းတွေက ခြောက်သွေ့အက်ကွဲ၊ ကြာလာရင် မသက်သာမှုကြောင့် ခြေဖျားလက်ဖျားတွေ၊ နှုတ်ခမ်းတွေပြာလာတဲ့အထိ ခံစားရပါတယ်။ 

 

ပန်းနာရင်ကျပ်ဖြစ်ဖို့ လှုံ့ဆော်တာတွေက တစ်ဦးနဲ့တစ်ဦး ထပ်တူမညီကြလို့ မိမိ (သို့) မိမိသားသမီး၊ ဘာကြောင့် ရင်ကျပ်လာတယ်ဆိုတာ မှတ်ထားပြီး အဲဒါတွေ ရှောင် ကြဉ်ဖို့လိုပါတယ်။ ကျောင်းသားဆိုရင်လည်း ကျောင်းမှာ မတည့်တာအားလုံး မစား မသောက်တဲ့နေရာ၊ ညစ်ပေစွာမဆော့ဖို့ သေချာမှာသင့်ပါတယ်။ အစားဆိုရင်လည်း တချို့က နို့ထွက်ပစ္စည်းတွေ၊ ဥအမျိုးမျိုး၊ ပဲပိစပ်၊ ကောက်ညှင်း၊ မြေပဲအပါအဝင် အစေ့အဆန်တွေ စားမိရင် မတည့်တဲ့အလာဂျီတွေ ဖြစ်ကြတော့ ပန်းနာရင်ကျပ်ထ လာကြပါတော့တယ်။ လေထဲကပါတဲ့ အမှုန်အမွှားတွေ၊ အနံ့တွေမတည့်ရင် အဲဒါတွေနဲ့ အတူမနေဖို့၊ ဖြစ်နိုင်ရင် အိမ်မှာမမွေးဖို့ လိုတယ်။ 

 

အသက်ရှူလေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း
ပန်းနာရင်ကျပ်ထနေချိန်တော့ ဒီလေ့ကျင့်ခန်း မလုပ်ရသေးဘဲ သက်သာလာ ရင် လေကောင်းလေသန့် ရလာတဲ့နေရာမှာ မတ်တတ်မတ်မတ်ရပ်၊ ခြေအစုံကို အနည်းငယ်ခွဲထားကာ၊ လက်နှစ်ဖက်ကို အထက်တည့်တည့်မြောက်ရင်း၊ ဖြည်းညင်းစွာ အဆုတ်ထဲ လေအပြည့်ဝင်အောင် ရှူသွင်းပါ။ ပြီးရင် အသက်ခတ္တအောင့်ထား၊ နားထားပြီးမှ အဆုတ်ထဲက လေအကုန်ကုန်အေင် ဖြည်းဖြည်းချင်း ရှူထုတ်ပေးပါ။

 

အဲလိုရှူသွင်း၊ ရှူထုတ်ခြင်း အကြိမ်ရေ နံနက်၊ နေ့လယ်၊ ညအခါ ၂၀ စီ တစ်ပတ်လောက် လုပ်အပြီး အကြိမ်ရေကို ၃၀-၄၀-၅၀ စသဖြင့် နိုင်သလောက်တိုးပြီး အသက်ရှူလေ့ကျင့်ခန်း ပိုလုပ်သွားပေးပါ။ လေ့ကျင့်ခန်းလည်းလုပ်၊ ရင်ကျပ်စေတဲ့ မတည့်တာတွေအားလုံးရှောင်ကြဉ်၊ ရင်ကျပ်ပြေဆေးတွေလည်း ကျပ်လာရင်မှီဝဲ ၊ ဆေးခန်းလည်းမှန်မှန်ပြသ၊ ညွှန်ကြားတာလည်း လိုက်နာမယ်ဆိုရင် သေလုမြော ပါးအောင် ဒုက္ခပေးတဲ့ ပန်းနာရင်ကျပ်ဘေးမှ ကင်းဝေးစေမှာ ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး 
Credit:
ဒေါက်တာမြမြချယ်
ကလေးအထူးကုဆရာဝန်ကြီး
Ziwaka magazine, January 2016, Pg.64-68

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18