Print

မိဘများ ဒီလို ပြောဆိုမိပါသလား

  28-Feb-2017
Preview Image

 

ကလေးတစ်ဘက်နဲ့ ရုုန်းကန်နေရတဲ့ မိဘများဟာ တစ်ခါတစ်လေမှာစိတ်မရှည်ဖြစ် တတ်ကြတယ်။ အဲလိုုအချိန်အခါ မျိုးမှာ ကလေးတွေကဆိုုး၊ ကိုုယ်လိုုချင်တဲ့ အတိုုင်းဖြစ် မလာ၊ အလုုပ်က သိပ်အဆင်မပြေတဲ့ကြားထဲ ကလေးတွေကိုု အော်ငေါက်ဆဲဆိုု မိတတ် ပါတယ်။ အချို့စကားများဟာ ကလေးမိမိကိုုယ် မိမိယုုံကြည်စိတ်ကိုု အကြီးအကျယ် ထိခိုုက်ပြီး ဘဝတစ်ခုုလုုံး ထိခိုုက်စေတတ်တာမိုု့ မိဘများရှောင်ကျဉ်နိုုင်ရန် တင်ပြလိုုက် ပါတယ်။ 

 

သင်ကော သင့်အသက်ထက်ပင် ချစ်တဲ့ သင့်ကလေးအပေါ် အောက်ပါစကားလုုံး များ ပြောဆိုုမိပါသလား။

၁။ “ အအ ” အသုုံးမကျတဲ့ကောင်

အလွန်ဉာဏ်ကောင်းတဲ့ ကလေးတွေတောင်မှ မိဘက အဲလိုုဆဲရင် ” အ” သွားတတ်ပါတယ်။ ကလေးရဲ့ နုုနယ်တဲ့စိတ်ထဲမှာ၊ ငါတကယ် “အ” ပါလားလိုု့ အသိဝင် သွားရင် ပြန်ပြုပြင်ဖိုု့ အလွန်ခဲရင်းတတ်တယ်။ တစ်ခါတစ်လေ စကားတစ်ခွန်း တည်းနဲ့ ကလေးဘဝတစ်ခုုလုုံး ဒုုက္ခဖြစ်စေနိုုင်ပါတယ်။

 

၂။ မင်းပါးစပ်ပိတ်ထားစမ်း၊ ဘာလိုု့ ဒီလောက်တောင်မှ စကားနားမထောင်တာလဲ

တသွေမသိမ်း လုုံးဝနာခံ တဲ့ကလေးကိုု မိဘများ နှစ်သက်ကြပေမဲ့၊ ခေတ်အမြင်နဲ့ သုုံးသပ်မယ်ဆိုုရင် အဲဒီကလေးများဟာ စဉ်းစားဉာဏ်နှောင့်နှေးနေတတ်ပါတယ်။ မိဘများအနေနဲ့ ကလေးများကိုု ပြန်လည်ချေပခွင့်နဲ့ သူ့အမြင်ကိုုလွတ်လပ်စွာ ပြောကြားနိုုင် ဖိုု့ တံခါးဖွင့်ထားပေးသင့်ပါတယ်။

 

၃။ ငါမရဘူးဆိုုရင် မရဘူးပဲ

အဖေနဲ့ အမေဆိုုတာ မိဘများအတွက် မေတ္တာရှင်များပါ။ သြဇာရှင်မဟုုတ်ပါ။ မိဘဆိုုပေမဲ့ ကလေးများရဲ့ ရွေးချယ်မူများကိုု လေးစားတတ်ဖိုု့ လိုုပါတယ်။ ငါမွေးတဲ့မျောက် ငါ့ကိုု ပြန်ချောက်လိုု့ ဘယ်ရမလဲဆိုုတဲ့ အတွေးခေါ်မျိုး စွန့်လွတ်သင့်ပါပြီ။

 

၄။ ငါမင်းကိုု ဘယ်တော့မှ မပြောတော့ဘူး၊ မင်းကြိုက်သလိုု လုုပ်တော့

သားသမီးနဲ့ စည်းခြားတဲ့ စကားမျိုးပါ။ ငါပြောတဲ့အတိုုင်းလုုပ်ရင်လုုပ်၊ မလုုပ်ရင် သားအဖမဟုုတ်တော့သလိုုလိုု အဓိပ္ဗါယ်သက်ရောက်စေပါတယ်။

 

၅။ မင်းသာ အမှတ် ၁၀၀ ရရင် ၊ ပထမရရင် ဘာမဆို ဝယ်ပေးမယ်။

အကောင်းဆုုံး ကြိုးစားပြီးရင် ရလဒ်က ဘာပဲဖြစ်ဖြစ် မိဘများ ကြိုဆိုုအားပေးသင့် ပါတယ်။ ပထမရမှ၊ အမှတ် ၁၀၀ ရမှ၊ သားသမီးများရဲ့ ရမှတ်ကိုု လူမူရေးစာမျက်နာမှာ ကြွားပြရမှ၊ စတဲ့ အပြုအမူမျိုးများဟာ အပေးအယူဆန်လွန်းလှတဲ့အတွက် သားသမီးများရဲ့ အတွင်းစိတ်ကိုု နက်နက်နဲနဲ ထိခိုုက်စေနိုုင်ပါတယ်။

 

၆။ ထပ်မှားပြန်ပြီ၊ မင်းငတုုံးပဲ

ဘာပဲလုုပ်လုုပ်၊ လုုပ်ရင်မှားတတ်တာချည်းပါပဲ။ သင့်ကလေးဝအောင်မြင်ဖိုု့အတွက် အတွေ့အကြုံများများလိုုအပ်ပါတယ်။ အတွေ့အကြုံ ဆိုုတာ အမှားထဲက ရလာတာပါ။ များများမှားမှ အမှားထဲက များများပြင်ဆင်နိုုင်မှ အရည်အတွေး ပြည့်ဝသွားမှာဖြစ်ပါတယ်။

 

ရ။ ကြည့်လိုုက်ရင် အသုုံးကျတဲ့ကောင်မဟုုတ်ဘူး၊ အမှိုက်ကောက်ဖြစ်မဲ့ကောင်

မိဘတိုုင်းလိုုလိုု မိမိကလေးကိုု လူတစ်လုုံး သူတစ်လုုံး ပေါက်မြောက်အောင်မြင်စေ ချင်ကြပါတယ်။ တစ်ခါတစ်လေ ကိုုယ်လိုုချင်သလိုု မဖြစ်လာတော့ မိူချိုးမျှစ်ချိုး ပြောချ လိုုက် တာမျိုး ဖြစ်တတ်ပါတယ်။ ကလေးများရဲ့ ကိုုယ့်ကိုုယ်ကိုု ယုုံကြည်စိတ် အရမ်းထိခိုုက်စေတဲ့ စကားလုုံးဖြစ်တာမိုု့ လုုံးဝရှောင်ကျဉ်သင့်ပါတယ်။

 

၈။ ကလေးချင်းအတူတူပဲ၊ မင်းဘာလိုု့ သူများလောက် မထူးချွန်တာလဲ

ကလေးများကိုု ဘယ်တော့အခါမှ သူများကလေးနဲ့ မနိူင်းယှဉ်ပါနဲ့။ လူဆိုုတာ သူ့နေရာနဲ့သူ ထူးချွန်တတ်တာမိုု့ အားသားချက်တွေကိုု အားပေးအားမြောက်ပြုပြီး အားနည်းချက်တွေကိုု ဖြည့်ဆည်းတဲ့နည်းလမ်းပဲ သုုံးသင့်ပါတယ်။ နိူင်းယှဉ်တာ အရမ်းဝါသနာပါနေရင်လည်း ကလေးများ မိမိကိုုယ်မိမိ နိူင်းယှဉ် တတ်အောင်သာ သင်ပေးသင့်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit;Sayar Aung Ko Latt



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18