Print

နို့တိုက်ခြင်းဖြင့် သားဆက်ခြားနည်း (Lactational Amenorrhoea Method)

  28-Feb-2017
Preview Image

၁။ နို့တိုက်ခြင်းဖြင့် သားဆက်ခြားနည်း (Lactational Amenorrhoea Method) ဆိုတာ ဘာပါလဲ။ 

ကလေးမွေးပြီးကာလတွေမှာ မိခင်နို့တိုက်ကျွေးရင် ခန္ဓာကိုယ်မှာ မမျိုးဥ မကြွေကျအောင် ဟန့်တားပေးတဲ့ အတွက် ကလေးမရအောင် တားဆီးနိုင်တယ်။ ကလေးမရအောင် တားဆီးဖို့ နို့တိုက်နည်းကို သုံးမယ်ဆိုရင်တော့ ကလေးအတွက်ရော မိခင်အတွက်ရော အကျိုးရှိတာအမှန်ပါပဲ။

 

ဒီနည်းကိုသားဆက်ခြားနည်းတစ်ခုအဖြစ် သုံးတော့မယ်ဆိုရင် -

(၁) ကလေးကို မိခင်နို့တစ်မျိုးတည်းပဲ တိုက်ရမှာဖြစ်တယ်။ နို့ကလွဲလို့ တခြားအစားအစာလုံးဝ မကျွေးရဘူး။

(၂) ဒီနည်းကိုသုံးချိန်မှာ မိခင်ဟာ ရာသီလုံးဝပြန်မပေါ်ရဘူး။ ရာသီစလာပြီဆိုရင် စိတ်မချရတော့ပါဘူး။ 

(၃) ကလေးအသက်ခြောက်လအထိပဲ စိတ်ချရတယ်ဆိုတဲ့ အချက်ပါပဲ။ ခြောက်လပြည့်ပြီး ဆိုတာနဲ့ အခြားသားဆက်ခြားနည်းကို ပြောင်းသုံးရမယ်။

 

၂။ နို့ခြင်းဖြင့် သားဆက်ခြားနည်းရဲ့ ကောင်းတဲ့အချက်တွေက ဘာတွေလဲ။

ကောင်းတဲ့အချက်တွေကတော့ ပိုက်ဆံငွေကုန်ကြေးကျ သက်သာတယ်။ ဒီနည်းနဲ့ မတည့်တဲ့ သူရယ်လည်း မရှိပါဘူး။ ပြီးတော့မိခင်ရဲ့ကျန်းမာရေးကိုလည်း ဘာဆိုဘာမှ မထိခိုက်ပါဘူး။ ကလေးအတွက်လည်း အာဟာရအပြည့်ရလို့ကောင်းတယ်။

 

၃။ နို့တိုက်ခြင်းဖြင့် သားဆက်ခြားနည်းရဲ့ မကောင်းတဲ့အချက်တွေက ဘာတွေလဲ။

ဒီနည်းက လိင်မှုဆိုင်ရာ ကူးစက်ရောဂါတွေကနေ အကာအကွယ်မပေးနိုင်ဘူး။

 

၄။ ကလေးမွေးဖွားပြီး နို့တိုက်ခြင်းဟာ ထိရောက်တဲ့သားဆက်ခြားနည်းလမ်းဖြစ်ပါသလား။

(က) အချိန်ပြည့်နို့တိုက်မယ်၊
(ခ) ရာသီမပေါ်သေးဘူး၊
(ဂ) မွေးပြီးကာလအတွင်းဖြစ်မယ်၊ ဒါဆိုအလွန်ထိသောနည်းလမ်းဖြစ်ပါတယ်။
ကလေးမွေးဖွားပြီး နို့တိုက်ခြင်းဟာ (၉၉) ရာခိုင်နှုန်း စိတ်ချရပါတယ်။ ဆိုလိုတာက စုံတွဲအယောက် (၁၀၀) မှာ မွေးပြီး (၆) လအတွင်း ဒီနည်းကိုသုံးရင် အမျိုးသမီး (၁) ယောက်ပဲ ကိုယ်ဝန်ရသွားနိုင်တယ်ပေါ့။

 

၅။ နို့တိုက်ခြင်းဖြင့် သားဆက်ခြားနည်းကို အသုံးပြုနေတဲ့ မိခင်တစ်ယောက်မှာ အိတ်ချ်အိုင်ဗီပိုးရှိတာကိုသိခဲ့ရင် ဆက်ပြီးနို့တိုက်မှာလား။

နို့တိုက်နေတုန်း ကူးစက်ခံရတာဆိုရင် နို့မတိုက်ခင် ကူးစက်ရတာထက် အိတ်ချအိုင်ဗွီပိုး ပြန့်ပွားနှုန်း ပိုမြင့်ပါတယ်။ အကြောင်းကတော့ အိတ်ချ်အိုင်ဗွီပိုးတွေ ခန္ဓာကိုယ်တွင်းမှာ ပိုများနေလို့ ဖြစ်ပါတယ်။ သို့သော် နို့တိုက်ကျွေးခြင်းကိုမူ အခြား အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံထားရသော မိခင်များနည်းတူပင် တိုက်ရမည်။ အကယ်၍ ဖြည့် စွက်စာကျွေးခြင်းကို လက်ခံနိုင်ရင်၊ လွယ်ကူရင်၊ တတ်နိုင်ရင်၊ ထိန်းထားနိုင်ရင်၊ သန့်ရှင်းရင် ကျွေးနိုင်၍ သူမ၏ကလေးကို အိတ်ချ်အိုင်ဗွီပိုး ကူးစက်နိုင် ခြင်း အန္တရာယ်မရှိပါ။ အကယ်၍ ဖြည့်စွက်စာ ကျွေးခြင်းသည် ၎င်းအချက် ၅ ချက်နှင့် မပြည့်စုံလျှင် ကလေး ၆ လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်သည်။ ထိုသို့ဆိုလျှင် နို့တိုက်ခြင်းဖြင့် သားဆက်ခြားနည်းကို ဆက်လက်သုံးနိုင်သည်။ ကလေး ၆ လနောက်ပိုင်းတွင် မိခင်နို့တစ်မျိုးတည်း မလုံလောက်သဖြင့် နို့တိုက်ခြင်းဖြင့် သားဆက်ခြား နည်းလမ်းမှ အခြားသားဆက်ခြား နည်းလမ်းတစ်ခုခုကို ပြောင်းလဲအသုံးပြုရမည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မျိုးပွားကျန်းမာရေး အမေး-အဖြေစာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18