Print

ကိုယ်ဝန်ရှိလျှင် ပြတတ်သော လက္ခဏာများ

  22-Mar-2017
Preview Image

အမျိုးသားနှင့်အတူနေပြီး ၂ ပတ်ကျော်နောက် ကိုယ်ဝန်ရှိမရှိ တွေဝေစဉ်းစားရခက်နေလျှင် အောက်ပါလက္ခဏာများလဲ ပြတတ်သည် ။

 - ပုံမှန်ထက်ပို၍အမောမခံနိုင်ခြင်း သန္ဓေသားဖွံ့ဖြိုးမှုအတွက် အောက်ဆီဂျင်ခွဲဝေပေးရသည့်အတွက်ကြောင့် အမောမခံနိုင်ဖြစ်လာတတ်သည်

 - ရင်သားများ တင်းလာခြင်း ပိုကြီးလာခြင်း သွေးကြောများပိုထင်းလာခြင်းတို့လဲဖြစ်တတ်သည်

- ပျို့အန်ခြင်း (ကိုယ်ဝန်ရှိပြီး ၆ ပတ်အရွယ်တွင် စတင်အဖြစ်များလေ့ရှိသည်) 

- ဆီးမကြာခဏသွားခြင်း 

- ခေါင်းကိုက်တတ်ခြင်း (ဟော်မုန်းများပြောင်းလဲခြင်းကြောင့်) 

- ခါးနာခြင်း 

- ဗိုက်နာခြင်း ၊ ဝမ်းချုပ်ခြင်း ၊ ဗိုက်ထဲတွင် မအီမသာဖြစ်ခြင်း

- ချဉ်ခြင်းတတ်ခြင်း

- ခံစားချက်များ ပြောင်းလဲမြန်ခြင်း ၊ အတွေးများနေခြင်း

- အဖျားငွေ့ငွေ့ဖျားခြင်း

- အနံ့ခံအာရုံ ပိုကောင်းလာခြင်း၊ အနံ့များကို ပိုခံစားရတတ်သည်

- ခေါင်းမူးခြင်း၊ အားနည်းနွမ်းလျနေခြင်း 

- ရာသီမလာခြင်း ပျောက်နေခြင်း 

- ရာသီပျောက်ပြီးနောက် ရာသီသွေးအနည်းငယ် (အစက်ပျောက်ပမာဏပင်ဖြစ်နိုင်သည်) ဆင်းခြင်း 

 

  အထက်ပါလက္ခဏာများဖြစ်တတ်သော်လည်း အများစုမှာ အစောပိုင်းတွင်သိသာထင်ရှားလေ့မရှိပဲ ပုံမှန်အတိုင်းဖြစ်နေခြင်းမျိုးလဲဖြစ်နိုင်သည်။ အသေချာဆုံးအဖြေမှာ ဆီးစစ်ဆေးကြည့်ရန် လိုအပ်ခြင်းဖြစ်ပြီး ဆီးစစ်တံ ၂ကြောင်းပေါ်လျှင် ကိုယ်ဝန်ရှိခြင်းသေချာနိုင်သည် ။

ကျန်းမာလှပ ပျော်ရွှင်ရသောမေမေများဖြစ်နိုင်ပါစေ ။
         

Credit- Dr.JuanAK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18