Print

ကိုယ်ဝန်ဆောင်စဉ် ဆီးချိုသွေးချိုရောဂါဝင်ခြင်း

  28-Feb-2017
Preview Image

ကိုယ်ဝန်ဆောင်စဉ် ဆီးချို၊ သွေးချိုရောဂါ၏ အကျိုးဆက်များ

• ကိုယ်ခန္ဓာကြီးထွားလွန်းသော ကလေး ( Macrosomia) ဖြစ်ဖို့ ဘေးအန္တရာယ် တိုးပွားခြင်း။
• ကိုယ်ဝန်အဆိပ်တက်ခြင်းဖြစ်ဖို့ ဘေးအန္တရာယ် တိုးပွားခြင်း။
• အစာငတ် ဆီးချိုသွေးချိုမြင့်တက်နေခြင်းသည် အသေမွေးဖွားခြင်း ဘေးအန္တရာယ်ကို တိုးပွားစေခြင်း။
• သန္ဓေသား မွေးရာပါချို့ယွင်းချက် မတိုးပွားပေ။ ကိုယ်ဝန်ဆာင်စဉ် ဆီးချိုသွေးချို ရောဂါဖြစ်ပွားမှုကို စစ်ဆေးရှာဖွေခြင်းမှာ အောက်ပါဘေးအန္တရာယ် အချက်အလက်များကြောင့် ဖြစ်သည်။
• မိသားစုရာဇဝင်မှာ ခိုင်မာခြင်း။
• ဆီးထဲ ဂလူးကို့စ်သကြားဓာတ် ဆက်လက်တည်ရှိနေခြင်း။
• ရှင်းချက်ထုတ်မရသော အသေမွေးခြင်း (သို့) သားလျှောသားပျက်ရာဇဝင်ရှိခြင်း။
• ယခင်က ကိုယ်ခန္ဓာကြီးထွားသော ကလေးမွေးဖူးခြင်း။
• အဝလွန်ခြင်း။
• အသက် ၂၅ နှစ်ထက်ကြီးနေခြင်း။

 

အားလုံးသော ကိုယ်ဝန်ဆောင်များအား ရောဂါအတွက် စစ်ဆေးရှာဖွေခြင်းသည် လိုအပ်ရာ ၅၀ ရာခိုင်နှုန်းသော ဆီးချိုသွေးချိုရောဂါ လွဲချော်သွားနိုင်သည်။ တစ်နာရီ ဂလူးကို့စ် သကြားဓာတ် ခံနိုင်ရည် စစ်ဆေးခြင်း၊ ဂလူးကို့စ် သကြားဓာတ် ၅၀ ဂရမ်သောက်ပြီး တစ်နာရီကြာ သွေးစစ်ခြင်းတွင် မူမမှန် တန်ဖိုး သတ်မှတ်ထားချက် မရှိပေ။ ကန့်သတ်ချက်မှာ ၁၃၀/၁၃၅ (သို့မဟုတ်) ၁၄၀ မီလီဂရမ် ဖြစ်သည်။ ကန့်သတ်ချက်နည်းခြင်းသည်လည်း များပြားစေသည်။

 

မူမမှန်တန်ဖိုးရှိလျှင် စံပြဂလူးကို့စ် သကြားဓာတ်ခံနိုင်ရည်ကို စစ်ဆေးရမည်။ စံပြဂလူးကို့စ် သကြားဓာတ်စစ်ဆေးချက်မှာ သုံးနာရီ စစ်ဆေးချက်ဖြစ်သည်။ ဂလူးကို့စ် သကြားဓာတ် ၁၀၀ ဂရမ်သောက်ပြီး သွေးထဲဂလူးကို့စ် သကြားဓာတ်ဆုံးဖြတ်ချက်အတွက် လေးကြိမ်စစ်ဆေးရမည်။ ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော ဆီးချိုသွေးချိုရောဂါ Gestational Diabetes ကို ရောဂါဖော်ဆောင် စစ်တမ်းထုတ်ရန် မူမမှန် တန်ဖိုး အနည်းဆုံး နှစ်ကြိမ်ဖြစ်ရမည်။ 

 

အစာငတ်တန်ဖိုး - ၉၅ မီလီဂရမ်
တစ်နာရီ တန်ဖိုး - ၁၀၀ မီလီဂရမ်
နှစ်နာရီကြာတန်ဖိုး - ၁၅၅ မီလီဂရမ်
သုံးနာရီကြာ တန်ဖိုး - ၁၄၀ မီလီဂရမ်

 

စီမံခန့်ခွဲခြင်း
အာဟာရနှင့်ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းနှင့် အစားအစာနှင့် ပတ်သက်ပြီး ညှိုနှိုင်းခြင်း၊ အကယ်၍ ရောဂါအတွက် အစားအစာတစ်ခုတည်းဖြင့် ထိန်းချုပ်နိုင်လျှင် လူနာများကို ဆီးချိုသွေးချို မရှိသူများကဲ့သို့ တူညီစွာလိုက်ပြီး ဆောင်ရွက်သင့်သည်။ စောစွာမွေးဖွားပေးခြင်းကို ထောက်ခံထားသော အထောက်အထားများ မရှိပေ။ ဂလူးကို့စ်သကြားဓာတ်ကို အစာငတ်ထားပြီးနှင့် ဂလူးကို့စ်သကြားဓာတ်သောက်ပြီး နှစ်နာရီကြာရင် သွေးစစ်ချက်များ ပြုလုပ်နေရမည်။ အစာငတ် ဂလူးကို့စ် သကြားဓာတ်တန်ဖိုးမှာ ၁၀၅ မီလီဂရမ်ထက်များနေလျှင် အင်ဆူလင် ထိုးဆေးပေးရမည်။ အင်ဆူလင် လိုအပ်သောအနာများ (သို့မဟုတ်) ဆီးချိုသွေးချိုကို ထိန်းချုပ်ထားနိုင်ခြင်း မရှိပါက ရှိရင်းစွဲ ဆီးချိုသွေးချို ရောဂါများကဲ့သို့ လုပ်ဆောင်ရမည်။

 

ပြန်လည်ခေါ်ယူ စစ်ဆေးခြင်း
မွေးဖွားပြီး ပြန်ရောက်လာသောအခါ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုသွေးချိုရောဂါရှိသူများကို လုပ်ရိုးလုပ်စဉ် စစ်ဆေးချက်အဖြစ် ဆီးချိုသွေးချို ရောဂါရှိသူများကို လုပ်ရိုးလုပ်စဉ် စစ်ဆေးချက်အဖြစ် ဆီးချိုသွေးချိုရောဂါအတွက် ပြုလုပ်ရမည်။

 

Credit:
ဒေါက်တာလဲ့လဲ့ဝင်း
Health for all magazine


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18