Print

ကိုယ်ဝန်ဆောင်တို့ အမှန်တကယ်လိုအပ်တဲ့ အာဟာရဓာတ်များ

  28-Feb-2017
Preview Image

ဖောလစ်အက်ဆစ် (Folic Acid)
ကိုယ်ဝန်ဆောင်တို့အတွက် ချန်လှပ်ထားလို့မရတဲ့ ဖောလစ်အက်ဆစ်ကတော့ သင့်ကလေးမှာ ဖြစ်လာနိုင်တဲ့ အာရုံကြောဆိုင်ရာ ချို့ယွင်းချက်တွေကို ကာကွယ်ပေးပါတယ်။ ဆေးသိပ္ပံပညာရှင်တွေ ရဲ့ စမ်းသပ်ချက်အရ ကိုယ်ဝန်ဆောင်မိခင်တစ်ဦင်္းအတွက် တစ်နေ့ကို ဖောလစ်အက်ဆစ်ပမာဏ ၈၀၀ မိုက်ခရိုဂရမ် (800 microgram) ရှိဖို့ လိုအပ်ပါသတဲ့။ 

 

ကယ်လ်ဆီယမ်ဓာတ် (Calcium) 
ကလေးငယ်လေးရဲ့ အရိုးနှင့်သွားတွေ ကြ့ံခိုင်သန်မာဖို့ အတွက်နဲ့ မိခင်နဲ့ ကလေးရဲ့ သွေးလည်ပတ်မှုစနစ်၊ အာရုံကြောနဲ့ ကြွက်သားအဖွဲ့အစည်းတွေကို များစွာအထောက်အကူ ပြုပါတယ်။ လေ့လာတွေ့ရှိချက်များအရ ကယ်လ်ဆီယမ်ပမာဏ လုံလုံလောက်လောက်ရှိတဲ့ မိခင်လောင်းမှာ သွေးပေါင်တက်တဲ့ အန္တရာယ်လျော့ကျပြီး ကိုယ်ဝန်ဆိပ်တက်နိုင်ခြေ (Pre – eclampsia) ကို နည်းစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် လိုအပ်တဲ့ ကယ်လ်ဆီယမ် ပမာဏက တစ်နေ့ကို ၁၀၀၀ မီလီဂရမ် (1000 mg) ပါတဲ့။

 

သံဓာတ် (Iron)
ကိုယ်ဝန်ဆောင်တိုင်းမှာ သံဓာတ်ချို့တဲ့တဲ့ပြဿနာ ကြုံတွေ့ရပါတယ်။ သံဓာတ်ဟာ ကြွက်သားနဲ့ သွေးနီဥဆဲလ်တွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သလို သံဓာတ်ချို့တဲ့ တဲ့အခါကျန်းမာသန်စွမ်းတဲ့ သွေးနီဥဆဲလ်တွေ လျော့ကျပြီး သွေးအား နည်းရောဂါကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် မိခင်လောင်းနဲ့ ရင်သွေးငယ်တို့အဖို့ သံဓာတ်ကြွယ်ဝနေပါမှ နောက်ဆက်တွဲ ပြဿနာတွေ လျော့နည်းစေမှာပါ။ ကိုယ်ဝန်ဆောင် မိခင်လောင်းတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ သံဓာတ်ပမာဏက ၂၇ မီလီဂရမ် (27 mg) ပါ။

 

ဗီတာမင်ဒီ ( Vitamin D)
ဗီတာမင် ဒီ က မိခင်ဝမ်းဗိုက်ထဲက သန္ဓေသားလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ အရိုးကြီးထွားမှုအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ် စုပ်ယူမှုတွေကို ပ့ံပိုးပေးပါတယ်။ ဗီတာမင်ဒီ ချို့တဲ့ရင် အရိုးပျော့ရောဂါ (Rickets) နဲ့ ပုပုညှက်ညှက်ကလေးတွေကို မွေးဖွားလာနိုင်ပါတယ်။ ဗီတာမင်ဒီကို မိခင်လောင်းတွေအနေနဲ့ တစ်နေ့တာအတွက် ၄၀၀ အင်တာနေရှင်နယ်ယူနစ် (400 IU) ရရှိဖို့ လိုပါတယ်။

 

ဗီတာမင်စီ (Vitamin C) 
ဗီတာမင်စီဟာ ပရိုတင်းတစ်မျိုးဖြစ်တဲ့ ကော်လဂျင်တွေကို ဖွံ့ဖြိုးစေတယ်။ ကလေးငယ်ရဲ့ အရိုးနု၊ တွယ်ဆက်တစ်သျှူးတွေနဲ့ အရိုးအဆစ်တွေအပြင် ရင်သွေးငယ်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာနိုင်တဲ့ ရောဂါပိုးမွှားတွေကို ဟန့်တားပေးပြီး အောက်ဆီဂျင် ဓာတ်တိုးဆန့်ကျင်မှုကြောင့် ပျက်စီးခြင်းတွေကနေလည်း ကာကွယ်ပေးပါတယ်။ ဗီတာမင်စီ တစ်နေ့တာ လိုအပ်ချက်က မိခင်လောင်းတို့အတွက် ၇၀-၁၀၀ မီလီဂရမ် (70- 100 mg) ပါ။

 

သိုင်ရာမင်း (B1) ဓာတ်
ဗီတာမင်ဘီဝမ်းကို မိခင်လောင်းတို့ ကိုယ်ဝန်ဆောင်ကာလမှာ မှီဝဲဖို့ ချန်ထားလို့မရပါဘူး။ ဗီတာမင် ဘီဝမ်းချို့တဲ့ရင် ဘယ်ရီဘယ်ရီ (Beri Beri ) လို့ခေါ်တဲ့ နှလုံးအားနည်းရောဂါကြောင့် ကလေးတွေမှာ အသက်ဆုံးရှုံးရတတ်ပါတယ်။ ဘီဝမ်းရဲ့ တစ်နေ့တာ လိုအပ်တဲ့ ပမာဏ ၁.၅ မီလီဂရမ် (1.5 mg) ရရှိဖို့လိုအပ်ပါတယ်။

 

ရိုင်ဘိုဖလေဗင် (B2)
ဗီတာမင်ဘီချို့တဲ့ တဲ့အခါ ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှု နှောင့်နှေးစေပြီး မိခင်လောင်းမှာလည်း ခြေလက်တောင့်တင်းခြင်းနဲ့ ကြွက်တက်ခြင်းဝေဒနာကို ခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် တစ်နေ့ကို ဘီတူး ၁.၅ - ၁.၇ မီလီဂရမ် (1.5 - 1.7mg) ရရှိဖို့ လိုအပ်ပါတယ်။ 

 

ဗီတာမင် B12 
ကလေးငယ်တွေမှာ ဦးနှောက်အာရုံကြော ပြဿနာတွေကင်းဝေးဖို့နဲ့ မိခင်လောင်းတွေမှာ လမစေ့မွေးဖွားမှု၊ ကလေးအနေအထားမမှန်မှုနဲ့ သန္ဓေသားမအောင်မှုတွေ ကာကွယ်ဖို့ ဘီ ၁၂ ကို လိုအပ်ပါတယ်။ ဘီ ၁၂ တစ်နေ့တာ လိုအပ်ချက်ကတော့ ၄၆ မိုက်ခရိုဂရမ် (46 mg) ပါ။

 

သွပ် (Zinc) ဓာတ်
သွပ်ဓာတ်က ပေါင်မပြည့်ကလေးငယ်တွေ မွေးဖွားမှုကနေ ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်ရဲ့ တစ်နေ့တာ သွပ်ဓာတ်လိုအပ်ချက်က ၁၅ မီလီဂရမ် (15mg) ပါ။

 

မှီဝဲရာဝယ်
ကိုယ်ဝန်ဆောင်ကာလမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို မိခင်လောင်းတို့ သိသွားပြီဆိုတော့ ဒီအာဟာရတွေ ပါဝင်နေတဲ့ ကိုယ်ဝန်ဆောင်အားဆေးဟာ မိခင်လောင်းတို့အတွက် အသင့်တော်ဆုံးဆိုတာကို သိသွားကြပြီလို့ ထင်ပါတယ်။ မှီဝဲသောက်သုံးတဲ့အခါမှာတော့ ကိုယ်ဝန်ဆောင်အားဆေးကို တစ်နေ့တစ်လုံးသောက်ရင် လုံလောက်ပါတယ်။ ညဘက် သောက်ပါ။ ရိုးရိုးရေနဲ့ သောက်ပေးပါ။ ဆေးဝါးနှင့်ပတ်သက်တဲ့ နောက်ဆက်တွဲပြဿ နာတွေ လျော့နည်းစေဖို့ ဆရာဝန် (သို့) ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ မှီဝဲသောက််သုံးပါလို့ အကြံပြု ချင်ပါတယ်။


Credit:
Sheri (U.O.N.Ygn)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18