Print

အမျိုးသမီးများသိကောင်းစရာ

  28-Feb-2017
Preview Image

ရာသီမလာခင်နာကျင်ခြင်း 
PMS က အခြေအနေဆိုးပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရုံသာမကပဲ အစားအသောက်ပျက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ သူရဲ့ လက္ခဏာတွေကတော့ ဆုပ်ဆွဲထားသလို ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားနာခြင်း၊ ဝက်ခြံပေါက်ခြင်းတို့ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုများခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းနှင့် အချို့သော ဗီတာမင်ချို့ယွင်းခြင်းတွေကလည်း ဒီလက္ခဏာတွေကို ပိုပြီးဆိုးသွားစေပါတယ်။ အကယ်၍ PMS ဟာ ကိုယ်နေ့စဉ်လုပ်ဆောင်မှုကို ထိခိုက်စေလာပြီဆိုရင်တော့ ဆရာဝန်နှင့်တိုင်ပင်ကုသပါ။ ဆေးဝါးကုသမှု ခံယူပါ။

 

ရာသီလာစဉ် နာကျင်ခြင်း
လတိုင်းလတိုင်းမှာ သားအိမ်ကနေပြီး တစ်သျှူး Lining တွေကို တည်ဆောက်ပါတယ်။ အဲဒါကို သားအိမ်အတွင်းသား Endometrium လို့ ခေါ်ပါတယ်။ အကယ်၍ သင့်မှာ ကိုယ်ဝန်မရှိသေးဘူးဆိုရင် အဲဒီ Lining တွေက ကွာကျလာပြီး ရာသီသွေးအဖြစ် သားအိမ်ထဲကနေ အပြင်ကို ရောက်ပါတယ်။ ရာသီလာစဉ် သားအိမ်ကိုက်တယ်ဆိုတာ သားအိမ်ကနေ အဲဒီသွေးတွေကို အပြင်ရောက်အောင် ညှစ်ထုတ်တဲ့အချိန်မှာ ဖြစ်တာပါ။ အဲဒီလိုကိုက်ခဲ နာကျင်ခြင်းမျိုးကို ဝမ်းဗိုက်အောက်ပိုင်း၊ အနောက်ဘက် စသည်တို့မှာ ခံစားရနိုင်ပြီး တစ်ခါတစ်ရံသုံးရက်လောက်ထိ ကြာတတ်ပါတယ်။ ဆေးဝါးတွေ သောက်သုံးပြီး နာကျင်မှုသက်သာအောင် ပြုလုပ်လို့ရပါတယ်။


Credit:
သက်တန့်ချို



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18