Print

ကျန်းမာသန်စွမ်းတဲ့ သားသားမီးမီးလေးတွေ ရရှိစေဖို့ ကိုယ်ဝန်ဆောင်စဉ် လုပ်...

  28-Feb-2017
Preview Image

အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်နေရတဲ့အချိန်မှာ မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ သေချာဂရုစိုက်ရပါမယ်။ အခုဖော်ပြပေးမယ့် လမ်းညွှန်ချက်လေးတွေအတိုင်း လိုက်လုပ်နိုင်မယ်ဆိုရင် ပြဿနာနည်းတဲ့ ကိုယ်ဝန်ဆောင်ကာလနဲ့ ကျန်းမာတဲ့ ဘေဘီလေးတွေ ရရှိနိုင်ပါသည်။ 

 

(၁) ဆရာဝန် နဲ့ အမြန်ဆုံးပြသတိုင်ပင်ပါ။
ကိုယ်ဝန်ရှိနေတာကို သိတာနဲ့ နီးစပ်ရာအထွေထွေရောဂါကု ဆရာဝန် ဆီမှာ ကိုယ်ဝန်အပ်ရပါမယ်။ သားဖွားမီးယပ်ဆရာဝန်နှင့် တိုက်ရိုက်ပြသလို့လည်း ရပါတယ်။ ကိုယ်ဝန်စောစောအပ်နိုင်လေ ကျန်းမာတဲ့ကိုယ်ဝန်ဆောင်ကာလကိုရဖို့ သေချာလေပါပဲ။ အဲဒီလိုပြသထားမှ လိုအပ်တဲ့စမ်းသပ်မှုတွေ၊ ကလေးအနေအထား၊ မိခင်ကျန်းမာရေး အခြေအနေ တွေကို စောင့်ကြည့်လို့ ရမှာပါ။ Ultrasound ရိုက်ဖို့လိုတဲ့အချိန်မှာ ရိုက်ပြီး မိမိရဲ့ကိုယ်ဝန်ဆောင် အခြေအနေကို သိရှိနိုင်ဖို့ လိုပါတယ်။ 

 

(၂) အစားကောင်းကောင်းစားပါ
သန့်ရှင်းပြီး အာဟာရဓာတ်ပြည့်စုံတဲ့ အစာမှန်သမျှ စားရန်လိုအပ်ပါသည်။ အသီးအနှံတွေနှင့် ဟင်းသီးဟင်းရွက်ကို တစ်နေ့မှာ ၅ ကြိမ်လောက် နေ့တိုင်းစားပေး ပါ။ ပေါင်မုန့်၊ ထမင်းစားတဲ့ ကာဗိုဟိုက်ဒြိတ်တွေကိုလည်း များများစားပါ။ အမျှင်ဓာတ်များများရအောင် ဖွေးနေအောင် ဖွပ်ထားတဲ့ ဆန်၊ ဂျုံအနုစားနဲ့ လုပ်ထားတဲ့ ပေါင်မုန့်တွေထက် သဘာဝပုံစံ အစာကိုစားပါ။ နေ့တိုင်းစားရမယ့် ပရိုတင်းဓာတ်တွေအနေနဲ့ ငါး၊ အဆီမပါတဲ့ အသား၊ ဥအမျိုးမျိုး၊ အခွံမာသစ်စေ့၊နို့နဲ့နို့ထွက် အစားအစာတွေ စားဖို့လိုပါတယ်။

 

အဲဒီအထဲမှာမှ တစ်ပတ်ကို အနည်းဆုံး ငါးဟင်း (သို့) ငါးကြော်ကို နှစ်ကြိမ်ပါအောင် စားဖို့လိုပါတယ်။ အရိုးပါစားလို့ရတဲ့ ငါးလည်းစားပါ။ ငါးကရတဲ့ အိုမီဂါ ၃ အဆီက ကလေးရဲ့ အာရုံစနစ်ကိုကောင်းကောင်းဖွံ့ဖြိုးစေပါတယ်။ ကိုယ်ဝန်ရှိရှိချင်းမှာ နှစ်ယောက်စာစားဖို့ မလိုသေးပါဘူး။ ကိုယ်ဝန်ဆောင်ကာလ ပထမ ၆ ပတ်မှာ ကယ်လိုရီ အပိုမလိုသေးတာကြောင့်ပါ။ နောက်ပိုင်း ၃ လမှာတော့ တစ်နေ့ကို ကယ်လိုရီအပို ၂၀၀ လိုအပ်လာပါပြီ။

 

(၃) ဖြည့်စွက်အားဆေးလိုပါပြီ
ဖောလစ်အက်ဆစ်လို ဖြည့်စွက်ဓာတ်ကို ကိုယ်ဝန်ဆောင်တော့မယ်လို့ အစီအစဉ်ကြိုလုပ်ထားသူတွေ အနေနဲ့ ကိုယ်ဝန်မရှိခင်ကတည်းက ကြိုပြီးသောက်ထားရင် ပိုပြီး အကျိုးရှိပါတယ်။ ပုံမှန်သောက်ရမယ့် ဖြည့်စွက်အားဆေး ကိုတော့ ကိုယ်ဝန် ၃ လလောက်မှာစပြီး သောက်နိုင်ပါတယ်။ အစားစားပေမဲ့လို့ စားတဲ့အစာတွေကတော့ အာဟာရဓာတ်ပြည့်ဖို့ လိုနေဦးမှာပါ။ အခန့်မသင့်လို့ မစားနိုင်တဲ့အချိန်မှာ ကိုယ်ဝန်ဆောင်ဖြည့်စွက် အားဆေးက တစ်ဖက်တစ်လမ်းက အထောက်အပ့ံပေးနိုင်ပါတယ်။ ငါးမစားနိုင်သူတွေက Mega 3 (EPA + DHA) ပါတဲ့ ကိုယ်ဝန်ဆောင် အားဆေးတွေကို သောက်ဖို့လိုပါတယ်။

 

(၄) အစာသန့်ရှင်းဖို့ ဂရုစိုက်ပါ
ကိုယ်ဝန်ရှိနေချိန်မှာ အခုဖော်ပြတဲ့ အစားအစာတွေကို ရှောင်ရန်လိုအပ်ပါတယ်။ 
• ဖိကြိတ်ထားသော ရယ်ဒီမိတ်အသားပြားများ
• ဖိအားပေးကျိုချက်မထားသောနို့
• မကျက်တကျက်လုပ်ထားသော အသင့်စားအစာများ၊ 
• ချိစ်အပျော့နှင့် အရည်များ၊
• မှိုဖောက်ထားသော ချိ်စ်အမျိုးအစားများ

 

Salmonella ဆိုတဲ့ ဗက်တီးရီးယားပိုးဟာ သေချာမချက်ပြုတ်ထားတဲ့ ကြက်၊ ငှက်၊ ဘဲစတဲ့ အသားတွေမှာ ပါနိုင်လို့သေချာကျက်အောင်ချက်ပြီးမှ စားပါ။ ကြက်ဥ၊ ငုံးဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးစာရင်လည်း အနှစ်ရော၊ အကာပါ၊ ကျက်နေအောင် လုပ်ပြီးမှ စားပါ။

 

(၅) လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ
မိခင်ဖြစ်တော့မယ့် သူတွေအတွက် လေ့ကျင့်ခန်းမှန်မှန်လုပ်တာ အကျိုးထူးပါတယ်။ ခနွာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပြီး ကိုယ်အလေးချိန်လိုတာထက် ပိုမတက်စေဖို့ အထောက်အပ့ံဖြစ် ပါတယ်။ ကလေးမွေးချိန်မှာလည်း မွေးဖွားရခက်ခဲတာမျိုးဖြစ်ဖို့ နည်းပါတယ်။ စိတ်ဓာတ်ကျခြင်းကို လည်း ကာကွယ်နိုင်ပါတယ်။

 

ကိုယ်ဝန်ဆောင်တွေ လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေကတော့ 
• လမ်းကို ခပ်သွက်သွက်လေးလျှောက်ခြင်း
• ယောဂကျင့်ခြင်း စတာတွေဖြစ်ပါတယ်။

 

ပုံမှန်လုပ်နေကျ အားကစားတစ်ခုခုရှိရင်လည်း ကိုယ်ဝန်နဲ့ သက်သောင့်သက်သာလုပ်ရတဲ့ အချိ််န်ထိ ဆက်လုပ်နိုင်ပါတယ်။ ပြုတ်ကျလဲကျနို်င်တဲ့ ကစားနည်းတော့ မဖြစ်ရပါဘူး။ 

 

(၆) မွေးလမ်းကြောင်းကြွက်သားလေ့ကျင့်ခန်းလုပ်ပါ။
ဆီးအိမ်၊ မွေးလမ်းကြောင့်နှင့် အညစ်အကြေးစွန့် လမ်းကြောင်းက ကြွက်သားတွေ သန်မာစေတဲ့ လေ့ကျင့််ခန်းဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အဲဒီကြွက်သားတွေ လျော့ရဲသွားလို့ရယ်၊ သားအိမ်ထဲက ကလေးရဲ့ ဖိအားကြောင့်ရယ်ကြောင့် ဖြစ်တာပါ။ လုပ်ရမယ့် လေ့ကျင့်ခန်းပုံစံကတော့ ဝမ်းသွားချင်ရင် စအိုကိုရှုံ့သွင်းပြီး အောင့်ထားသလိုမျိုး လုပ်ပေးရမှာ ဖြစ်ပါတယ်။ တစ်ကြိမ်မှာ ၈ ခါညှစ်ပြီး တစ်နေ့ကို ၃ ကြိမ်လုပ်ရမှာ ဖြစ်ပါတယ်။ မိန်းမကိုယ် သန့်ရှင်းရေးအတွက် အမျိုးသမီးသန့်စင်ရည်ကို အသုံးပြုဆေးကြောသန့်စင်ခြင်းဖြင့်လည်း ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်သော အဖြူဆင်းခြင်းကို ကာကွယ်နိုင်ပါတယ်။ 

 

(၇) အရင်က အရက်၊ ဘီယာသောက်တဲ့သူဆိုရင် ဆက်မသောက်သင့်တော့ပါ။

(၈) ကဖင်းပါတဲ့ အစာ၊ ဖျော်ရည်တွေကိုလည်း မသောက်သင့်ပါ။

(၉) ဆေးလိပ်ဖြတ်ပါ။

(၁၀) ပြည့်ပြည့်ဝ၀ အနားယူပါ

 

မိခင်လောင်းတို့ ချမ်းသာစိတ်ရွှင်လန်းပြီး မိမိအတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာ ရရှိစေဖို့ ဆုတောင်းပါသည်။

 

Credit:
ဒေါက်တာရှင်းသန့်ဖြူ
Ziwaka magazine, Octoember 2014, Pg. 69


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18